Thursday, January 03, 2013

Sea Gameအမှီ အဝယ်လိုက်နေတဲ့ မန်းအိမ်ခြံမြေဈေးကွက်

Photo: Sea Gameအမှီ အဝယ်လိုက်နေတဲ့ မန်းအိမ်ခြံမြေဈေးကွက်
Wednesday, 02 January 2013

နှစ်သစ်ကူးကာလအတွင်း မန္တလေးမြို့ထဲဘက်တွင် အိမ်ခြံမြေအရောင်း အ၀ယ် သွက်လာပြီး ထောင်ကြီးပိုင်းအထိ ဈေးရှိလာကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင် အသိုင်းအ၀ိုင်းမှသိရှိရသည်။

မြို့ထဲလူစည်ကားသည့် ၇၁ကနေ ၈၁ အကြားအိမ်ခြံမြေများ အရောင်း အ၀ယ် သွက်နေပြီး သိန်းထောင်ဂဏန်းနဲ့ အရောင်းအ၀ယ် ဖြစ်ကြကြောင်း၊ အဓိက ၀ယ်လက်များသည် (Sea Game)အမှီ ကုမ္ပဏီများ ဖွင့်ဖို့အတွက်
ဖြစ်ကြောင်း၊ ရန်ကုန်မြို့မှ အ၀ယ်တွေ ဆင်းလာကြသလို ၀ယ်ရောင်းတွေ လည်း အဝယ်များလာကြောင်း ၀ါရင့်အိမ်ခြံမြေပွဲစားတစ်ဦးက ဆိုသည်။

“ဝယ်ရောင်း အများစုကလာမယ့် အရှေတောင်အာရှ(Sea Game) ပြိုင်ပွဲ ကာလမှာ အိမ်ခြံမြေ အ၀ယ်လိုက်လာမယ်လို့ ခန့်မှန်းပြီး ၀ယ်ကြတာ။
နေရာကောင်းတွေကို အဓိကထား ဝယ်နေကြတယ်။ ပိုင်ဆိုင်မှု ခိုင်မာ လာ
လေလေ ရရှိထားတဲ့နေရာတွေ တဖြည်းဖြည်း ဈေးပိုကောင်း လာလေလေ ပဲ”ဟု အိမ်ခြံမြေပွဲစား ကိုပိုင်လင်းအောင်က ပြောကြားသည်။

(၂၀၁၂)တွင် မန္တလေးမြို့ရှိ အိမ်ခြံမြေအရောင်းအ၀ယ်များ သိသိသာသာ
အေးခဲ့သော်လည်း ၂၀၁၃ နှစ်စပိုင်းလောက်တွင် အိမ်ခြံမြေ အရောင်းအ၀ယ် များ တစ်ဖြေးဖြေးသွက်လာသည်နှင့်အညီ နှစ်သစ်ကူးပြီးလျှင်လည်း ယခု ထက် ပိုမိုသွက်လာနိုင်ကြောင်း (SeaGame) ပြိုင်ပွဲပြီးလျှင်လည်း ဈေးနှုန်း အပြောင်းအလဲ ရှိလာနိုင်င်ကြောင်း ဝါရင့်ပွဲစားများက ခန့်မှန်းကြကြောင်း သိရသည်။

မြို့သစ်မှ ဧကကွက်များတွင် ရောင်းအ၀ယ်နည်းနေသော်လည်း လိုက်လံ စုံစမ်းသူများ ရှိနေပြီး အရောင်းအ၀ယ် နည်းပါးနေသည်ဟု သိရသည်။

မောင်ထိန်လင်း
The Myanma Age
နှစ်သစ်ကူးကာလအတွင်း မန္တလေးမြို့ထဲဘက်တွင် အိမ်ခြံမြေအရောင်း အ၀ယ် သွက်လာ ပြီး ထောင်ကြီး ပိုင်းအထိ ဈေးရှိလာကြောင်း မန္တလေးမြို့ရှိ အိမ်ခြံမြေအကျိုးဆောင် အသိုင်းအ၀ိုင်းမှသိရှိရသည်။

မြို့ထဲလူစည်ကားသည့် ၇၁ကနေ ၈၁ အကြားအိမ်ခြံမြေများ အရောင်း အ၀ယ် သွက်နေပြီး သိန်းထောင်ဂဏန်းနဲ့ အရောင်းအ၀ယ် ဖြစ်ကြကြောင်း၊ အဓိက ၀ယ်လက်များသည် (Sea Game)အမှီ ကုမ္ပဏီများ ဖွင့်ဖို့အတွက်ဖြစ်ကြောင်း၊ ရန်ကုန်မြို့မှ အ၀ယ်တွေ ဆင်းလာကြသလို ၀ယ်ရောင်းတွေ လည်း အဝယ်များလာကြောင်း ၀ါရင့်အိမ်ခြံမြေပွဲစားတစ်ဦးက ဆိုသည်။
“ဝယ်ရောင်း အများစုကလာမယ့် အရှေတောင်အာရှ(Sea Game) ပြိုင်ပွဲ ကာလမှာ အိမ်ခြံမြေ အ၀ယ်လိုက်လာမယ်လို့ ခန့်မှန်းပြီး ၀ယ်ကြတာ။နေရာကောင်းတွေကို အဓိကထား ဝယ်နေကြတယ်။ ပိုင်ဆိုင်မှု ခိုင်မာ လာလေလေ ရရှိထားတဲ့နေရာတွေ တဖြည်းဖြည်း ဈေးပိုကောင်း လာလေလေ ပဲ”ဟု အိမ်ခြံမြေပွဲစား ကိုပိုင်လင်းအောင်က ပြောကြားသည်။

(၂၀၁၂)တွင် မန္တလေးမြို့ရှိ အိမ်ခြံမြေအရောင်းအ၀ယ်များ သိသိသာသာအေးခဲ့သော်လည်း ၂၀၁၃ နှစ်စပိုင်းလောက်တွင် အိမ်ခြံမြေ အရောင်းအ၀ယ် များ တစ်ဖြေးဖြေးသွက်လာ သည်နှင့် အညီ နှစ်သစ်ကူးပြီးလျှင်လည်း ယခု ထက် ပိုမိုသွက်လာနိုင်ကြောင်း (SeaGame) ပြိုင်ပွဲပြီးလျှင် လည်း ဈေးနှုန်း အပြောင်းအလဲ ရှိလာနိုင်င်ကြောင်း ဝါရင့်ပွဲစားများက ခန့်မှန်းကြကြောင်း သိရသည်။

မြို့သစ်မှ ဧကကွက်များတွင် ရောင်းအ၀ယ်နည်းနေသော်လည်း လိုက်လံ စုံစမ်းသူများ ရှိနေပြီး အရောင်းအ၀ယ် နည်းပါးနေသည်ဟု သိရသည်။

The Myanma Age

No comments:

Post a Comment

My Blog List