Wednesday, January 02, 2013

ရေထွက်ပေါက်လျော့နည်းလားခြင်းအတွက် စိတ်ပူနေကြသည့် ပုပ္ပါးဒေသခံများ

Photo: ရေထွက်ပေါက်လျော့နည်းလားခြင်းအတွက် စိတ်ပူနေကြသည့် ပုပ္ပါးဒေသခံများ
Monday, 31 December 2012

ပုပ္ပါးတောင်ဒေသတွင်း သဘာဝအလျှောက်ထွက်ရှိသော
ရေထွက်ပေါက်များ လျော့နည်း လာခြင်း ကြောင့်  ဒေသတွင်း
သောက်သုံးရေနှင့် စိုက်ပျိုးရေအခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း ပုပ္ပါးတောင်ချစ်သူများအသင်းက သုံးသပ်ပြောဆိုသည်။

“ပုပ္ပါးမှာအရင်က ရေထွက်ပေါက်(၁)ရာကျော်ရှိတာပါ၊ အခုမှာတော့ ရေထွက်ပေါက်(၃၇)ခုသာရှိ တော့ပါတယ်၊ အခုအခါမှာ
ရေထွက်တွေခန်းခြောက်တော့ ကြာလာရင် ရေသုံးစွဲဖို့အတွက်ရော၊ လယ်သမားတွေအတွက်ပါ ဒုက္ခရောက်နိုင်ပါတယ်”ဟု ပုပ္ပါးတောင်ချစ်သူများအသင်းမှ ကို အောင်သန်းက ပြောသည်။

အဆိုပါဒေသတွင်း သဘာဝအလျှောက် စီးဆင်းသော ရေထွက်ပေါက် (၁၁၁) ခုရှိခဲ့ပြီး ၁၉၇၃ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ရေထွက်ပေါက်
များလျှော့နည်းလာခဲ့ပြီး လက်ရှိတွင် ရေထွက်ပေါက် ၃၀ ကျော်သာရှိတော့ကြောင်း ၄င်းရေထွက် သုံးဆယ်ကျော်သည်
လည်း နွေ၊မိုး၊ဆောင်းသုံးရာသီအတွက် လုံလောက်မှုမရှိတော့ကြောင်း
ဒေသခံများက ဆိုသည်။

"ပတ်ဝန်းကျင်ထိခိုက်လာတော့ ရေထွက်ပေါက်တွေလည်း ပိတ်ကုန်တယ်။ တောတွေရှင်း သစ်ပင်တွေ ခုတ်လာကြတော့ ပတ်ဝန်းကျင်ထိခိုက်လာတယ်။ နောက်ပိုင်းဆို အခုလို ဆောင်းတွင်း
မျိုးတောင် သောက်သုံးရေရှားလာနိုင်တယ်။ နွေဆို ဒီထက်ပိုဆိုးလာနိုင်တယ်"ဟု ပုပ္ပါးမြို့ ဆယ်ပေါက်ကျေးရွာမှ
ဒေသခံတစ်ဦးက ပြောသည်။

ရေထွက်ပေါက်များ လျော့နည်းလာခြင်းမှာ ၁၉၉၃ ခုနှစ်တွင်း ငှက်ပျောပင်
စိုက်ပျိုးခြင်းများအစား ယူကလစ်ပင်များ အစားထိုးစိုက်ပျိုးခြင်းကြောင့် အခြားသစ်ပင်များစိုက်ပျိုးနိုင်ရန် ခက်ခဲပြီး ပတ်ဝန်း ကျင် ထိခိုက်ကာ ဒေသတွင်းခြောက်သွေ့ လာခြင်းတို့ကြောင့် ဖြစ်ကြောင်း
ဒေသခံများမှ ၄င်းတို့အမြင် ကို ပြောဆိုကြသည်။

၁၉၉၃ခုနှစ် ဗိုလ်ချုပ်ခင်ညွှန့်လက်ထပ်တွင် ပုပ္ပါးတောင်ခြေမှ
ပုပ္ပါးတောင်မကြီးအပေါ်ထိပ်အထိ ကားလမ်းဖောက်လုပ်ရန်အတွက် ထင်းရှူးပင်များနှင့်ချယ်ရီပင်များကိုလည်း ခုတ်ထွင်ရှင်းလင်း ခဲ့ကြောင်းကိုလည်း ပုပ္ပါးတောင်ချစ်သူများအသင်းထံက သိရသည်။

“ပုပ္ပါးမှာသုံးလေးနှစ်လောက်ရှိပြီ ဆောင်းတွင်းဆိုရင်မြူတွေစိုင်းနေတာကို မမြင်ရတော့ဘူး၊အရင်က ဆောင်းတွင်းဆို ရင်မြူတွေစိုင်းနေပြီး အရမ်းချမ်းတယ်၊ အခုအဲလို မဟုတ်တော့ဘူး”ဟု ပုပ္ပါးမြို့ ဒေသ ခံ မဇာဇာထွန်းက ပြောသည်။

ပုပ္ပါးတောင်မှ ထွက်ရှိသော ရေများသည် ရေများသည်မြေအောက်ရေ
သီးသန့်မဟုတ်ပဲ သဘာဝ အလျောက် မိုးရာသီတွင်ရရှိသည့် ရေများကို
ပေ(၂)ထောင်နက်သည့် မီးတောင်တွင်းကြီးထဲတွင် သိုလှောင်
ထားသည့်မိုးရေများ သာဖြစ်ပြီးယခုကဲ့သို့ စိုက်ခင်းများကြောင့်
တောဖြုန်းတီးပြီးရေများ အငွေ့ပြန်မှုပိုများလာကာ သိုလှောင်
ထားနိုင်စွမ်းနည်းလာကြောင်းကိုလည်း သိရှိရသည်။

ငြိမ်းချမ်း (မြစ်မခ)
Myit Makha Mediagroup
ပုပ္ပါးတောင်ဒေသတွင်း သဘာဝအလျှောက်ထွက်ရှိသော ရေထွက်ပေါက်များ လျော့နည်း လာခြင်း ကြောင့်  ဒေသတွင်း သောက်သုံးရေနှင့် စိုက်ပျိုးရေအခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း ပုပ္ပါးတောင်ချစ်သူများ အသင်းက သုံးသပ်ပြောဆိုသည်။

“ပုပ္ပါးမှာအရင်ကရထွက်ပေါက်(၁)ရာကျော်ရှိတာပါ၊အခုမှာတော့ ရေထွက်ပေါက်(၃၇)ခုသာရှိ တော့ပါတယ်၊ အခုအခါမှာရေထွက်တွေခန်းခြောက်တော့ ကြာလာရင် ရေသုံးစွဲဖို့အတွက်ရော၊ လယ်သမားတွေအတွက်ပါ ဒုက္ခရောက်နိုင်ပါတယ်”ဟု ပုပ္ပါးတောင်ချစ်သူများအသင်းမှ ကို အောင်သန်းက ပြောသည်။
အဆိုပါဒေသတွင်း သဘာဝအလျှောက် စီးဆင်းသော ရေထွက်ပေါက် (၁၁၁) ခုရှိခဲ့ပြီး ၁၉၇၃ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ရေထွက်ပေါက်များလျှော့နည်းလာခဲ့ပြီး လက်ရှိတွင် ရေထွက်ပေါက် ၃၀ ကျော်သာရှိတော့ကြောင်း ၄င်းရေထွက် သုံးဆယ်ကျော်သည်လည်း နွေ၊မိုး၊ဆောင်းသုံးရာသီအတွက် လုံလောက်မှုမရှိတော့ကြောင်းဒေသခံများက ဆိုသည်။

"ပတ်ဝန်းကျင်ထိခိုက်လာတော့ ရေထွက်ပေါက်တွေလည်း ပိတ်ကုန်တယ်။ တောတွေရှင်း သစ်ပင်တွေ ခုတ်လာကြတော့ ပတ်ဝန်းကျင်ထိခိုက်လာတယ်။ နောက်ပိုင်းဆို အခုလို ဆောင်းတွင်း မျိုးတောင် သောက်သုံးရေရှားလာနိုင်တယ်။ နွေဆို ဒီထက်ပိုဆိုးလာနိုင်တယ်"ဟု ပုပ္ပါးမြို့ ဆယ်ပေါက်ကျေးရွာမှဒေသခံတစ်ဦးက ပြောသည်။

ရေထွက်ပေါက်များ လျော့နည်းလာခြင်းမှာ ၁၉၉၃ ခုနှစ်တွင်း ငှက်ပျောပင်စိုက်ပျိုးခြင်းများအစား ယူကလစ်ပင်များ အစားထိုးစိုက်ပျိုးခြင်းကြောင့် အခြားသစ်ပင်များစိုက်ပျိုးနိုင်ရန် ခက်ခဲပြီး ပတ်ဝန်း ကျင် ထိခိုက်ကာ ဒေသတွင်းခြောက်သွေ့ လာခြင်းတို့ကြောင့် ဖြစ်ကြောင်းဒေသခံများမှ ၄င်းတို့အမြင် ကို ပြောဆိုကြသည်။

၁၉၉၃ခုနှစ် ဗိုလ်ချုပ်ခင်ညွှန့်လက်ထပ်တွင် ပုပ္ပါးတောင်ခြေမှပုပ္ပါးတောင်မကြီးအပေါ်ထိပ်အထိ ကားလမ်းဖောက်လုပ်ရန်အတွက် ထင်းရှူးပင်များနှင့်ချယ်ရီပင်များကိုလည်း ခုတ်ထွင်ရှင်းလင်း ခဲ့ကြောင်း ကိုလည်း ပုပ္ပါးတောင်ချစ်သူများအသင်းထံက သိရသည်။ “ပုပ္ပါးမှာသုံးလေး နှစ်လောက်ရှိပြီ ဆောင်းတွင်း ဆိုရင်မြူတွေစိုင်းနေတာကို မမြင်ရတော့ဘူး၊ အရင်က ဆောင်းတွင်းဆို ရင်မြူတွေစိုင်းနေပြီး အရမ်းချမ်း တယ်၊ အခုအဲလို မဟုတ်တော့ဘူး”ဟု ပုပ္ပါးမြို့ ဒေသ ခံ မဇာဇာထွန်းက ပြောသည်။

ပုပ္ပါးတောင်မှ ထွက်ရှိသော ရေများသည် ရေများသည်မြေအောက်ရေသီးသန့်မဟုတ်ပဲ သဘာဝ အလျောက် မိုးရာသီတွင်ရရှိသည့် ရေများကိုပေ(၂)ထောင်နက်သည့် မီးတောင်တွင်းကြီးထဲတွင် သိုလှောင်ထား သည့်မိုးရေများ သာဖြစ်ပြီးယခုကဲ့သို့ စိုက်ခင်းများကြောင့်တောဖြုန်းတီးပြီးရေများ အငွေ့ပြန်မှုပိုများလာကာ သိုလှောင်ထားနိုင်စွမ်းနည်းလာကြောင်းကိုလည်း သိရှိရသည်။

Myit Makha Mediagroup

No comments:

Post a Comment

My Blog List