Monday, December 31, 2012

၂ဝ၁၄ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်

Photo: ၂ဝ၁၄ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်နိုင်
Saturday, December 29, 2012 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ၂ဝ၁၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်နိုင်ခြေ ရှိတယ်လို့ မြန်မာနိုင်ငံက နာမည်ကြီး နက္ခတ ဗေဒင်ဆရာတစ်ဦးဖြစ်သူ ဆရာ စံဇာဏီဘို က ဟောကိန်း ထုတ်လိုက်ပါတယ်။

"Maybe after July 7, 2014, onwards Aung San Suu Kyi will become president. Before the next election, she will be the president. … There might be a coalition government or something like that and then she can get the post of president. Then in the 2015 election she will be elected as president again. " ဆရာ စံဇာဏီဘိုရဲ့ ဟောကိန်းဖြစ်ပါတယ်။

၂ဝ၁၂ နှစ်ကုန်လို့ ၂ဝ၁၃ ခုနှစ်အတွက် ဗေဒင်၊ နက္ခတ်နည်းတွေနဲ့ ဘယ်လို ခန့်မှန်းသုံးသတ်မလဲ ဆိုတာ ဧရာဝတီနဲ့ ဆရာ စံဇာဏီဘိုတို့ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့ကြရာမှာ အခုလို ခန့်မှန်း ဟောကိန်း ထုတ်လိုက်တာဖြစ်ပါတယ်။

၂ဝ၁၃ ခုနှစ် အစောပိုင်းမှာ ဝန်ကြီးဌာန အကြီးအကဲတွေ အပြောင်းအလဲဖြစ်နိုင်တယ်လို့ ဆိုပြီး လက်ရှိ လွှတ်တော်အမတ် တစ်ဦးထက်ပိုပြီး လုပ်ပိုင်ခွင့် အာဏာတွေ ပိုရလာနိုင်ပြီး သမ္မတ မဟုတ်သော်လည်း ဒုတိယ သမ္မတလိုမျိုး ဖြစ်လာဖို့ ရှိတယ် လို့ ဆရာ စံဇာဏီဘိုက ဆိုပါတယ်။

လာမယ့် ၂ဝ၁၃ ခုနှစ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ရပ်တွေ တွေ့ရနိုင်ဖွယ်ရှိပြီး တကယ့် အပြောင်း အလဲကြီးတွေ ဟာ ၂ဝ၁၄ လောက်မှာ ဖြစ်နိုင်တယ်လို့ ဟောကိန်းထုတ်ပြီး ၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့နောက်ပိုင်း မြန်မာနိုင်ငံဟာ အရာရာ အကောင်းဘက်ကို ရောက်လာမှာဖြစ်ပြီး ၁၉၈၈ ခုနှစ်က အိပ်မက် တွေလည်း လက်တွေ့အကောင်အထည်ပေါ် လာနိုင်ဖွယ်ရှိတယ်လို့ ဆရာ စံဇာဏီဘိုက ဆိုပါတယ်။

စစ်တပ်က အာဏာ ပြန်သိမ်းမယ့် အဖြစ်မျိုး ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့လည်း ဆရာ စံဇာဏီဘိုက ခန့်မှန်း တွက်ချက်ထားပါတယ်။ ဆရာ စံဇာဏီဘိုဟာ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး လည်းဖြစ် တာမို့ အခု အင်တာဗျူးမှာ သူ့ရဲ့ ထောင်တွင်း အတွေ့အကြုံ တစိပ်တပိုင်းကို လည်း ပြော ထားပါတယ်။

အသေးစိပ်ကို ဧရာဝတီ အင်္ဂလိပ်ပိုင်းက PAUL VRIEZE ရေးသားတဲ့ Suu Kyi President in 2014? Just Ask the Stars…

အိမ့်သံစဉ် ၊ ဧရာဝတီ
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ၂ဝ၁၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်နိုင်ခြေ ရှိတယ်လို့ မြန်မာနိုင်ငံက နာမည်ကြီး နက္ခတ ဗေဒင်ဆရာတစ်ဦးဖြစ်သူ ဆရာ စံဇာဏီဘို က ဟောကိန်း ထုတ်လိုက်ပါတယ်။
"Maybe after July 7, 2014, onwards Aung San Suu Kyi will become president. Before the next election, she will be the president. … There might be a coalition government or something like that and then she can get the post of president. Then in the 2015 election she will be elected as president again. " ဆရာ စံဇာဏီဘိုရဲ့ ဟောကိန်းဖြစ်ပါတယ်။

၂ဝ၁၂ နှစ်ကုန်လို့ ၂ဝ၁၃ ခုနှစ်အတွက် ဗေဒင်၊ နက္ခတ်နည်းတွေနဲ့ ဘယ်လို ခန့်မှန်းသုံးသတ်မလဲ ဆိုတာ ဧရာဝတီနဲ့ ဆရာ စံဇာဏီဘိုတို့ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့ကြရာမှာ အခုလို ခန့်မှန်း ဟောကိန်း ထုတ်လိုက်တာဖြစ်ပါတယ်။ ၂ဝ၁၃ ခုနှစ် အစောပိုင်းမှာ ဝန်ကြီးဌာန အကြီးအကဲတွေ အပြောင်းအလဲဖြစ်နိုင်တယ်လို့ ဆိုပြီး လက်ရှိ လွှတ်တော်အမတ် တစ်ဦးထက်ပိုပြီး လုပ်ပိုင်ခွင့် အာဏာတွေ ပိုရလာနိုင်ပြီး သမ္မတ မဟုတ်သော်လည်း ဒုတိယ သမ္မတလိုမျိုး ဖြစ်လာဖို့ ရှိတယ် လို့ ဆရာ စံဇာဏီဘိုက ဆိုပါတယ်။

လာမယ့် ၂ဝ၁၃ ခုနှစ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ရပ်တွေ တွေ့ရနိုင်ဖွယ်ရှိပြီး တကယ့် အပြောင်း အလဲကြီးတွေ ဟာ ၂ဝ၁၄ လောက်မှာ ဖြစ်နိုင်တယ်လို့ ဟောကိန်းထုတ်ပြီး ၂ဝ၁၄ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့နောက်ပိုင်း မြန်မာနိုင်ငံဟာ အရာရာ အကောင်းဘက်ကို ရောက်လာမှာဖြစ်ပြီး ၁၉၈၈ ခုနှစ်က အိပ်မက် တွေလည်း လက်တွေ့အကောင်အထည်ပေါ် လာနိုင်ဖွယ်ရှိတယ်လို့ ဆရာ စံဇာဏီဘိုက ဆိုပါ တယ်။

စစ်တပ်က အာဏာ ပြန်သိမ်းမယ့် အဖြစ်မျိုး ဖြစ်လာနိုင်ဖွယ် မရှိဘူးလို့လည်း ဆရာ စံဇာဏီဘိုက ခန့်မှန်း တွက်ချက်ထားပါတယ်။ ဆရာ စံဇာဏီဘိုဟာ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး လည်းဖြစ် တာမို့ အခု အင်တာဗျူးမှာ သူ့ရဲ့ ထောင်တွင်း အတွေ့အကြုံ တစိပ်တပိုင်းကို လည်း ပြော ထားပါတယ်။

အသေးစိပ်ကို ဧရာဝတီ အင်္ဂလိပ်ပိုင်းက PAUL VRIEZE ရေးသားတဲ့ Suu Kyi President in 2014? Just Ask the Stars…

No comments:

Post a Comment

My Blog List