Monday, December 31, 2012

KIO ခေါင်းဆောင်များ၏ ဆွေမျိုးများ တရုတ်နိုင်ငံဘက်သို့ ပြောင်းရွှေ့ခိုလှုံ



KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ၂၉ ရက်နေ့မှစ၍ မငြိမ်မသက်မှုများရှိနေကြောင်း သိရပါသည်။ ဈေးဆိုင်အများစုမှာ ပိတ်ထားပြီး တရုတ်လူမျိုးအများစုမှာ တရုတ်နိုင်ငံသို့ ပြန်သွားပြီး လိုင်ဇာမြို့မှာ ခြောက် ကပ်နေကြောင်း၊ လဂျားယန်တွင် စစ်ပွဲစတင်ဖြစ်ပွားကတည်းက KIA အဖွဲ့ မှ ခေါင်းဆောင်များနှင့် မိသားစုဝင် များမှာ တရုတ်နိုင်ငံသို့ ရှောင်တိမ်းသွားပြီး ဒေသခံပြည်သူများနှင့် ဒုက္ခသည်များအား တရုတ်နယ်စပ်ဖြတ် သန်းခွင့်ကို KIA မှပိတ်ထားသဖြင့် လိုင်ဇာတွင်ကျန်ရစ် သူ ဒေသခံ များမှာ စိတ်သောက ရောက်နေကြသည်။ အခုဆိုရင် KIA ဌာနချုပ်ကိုလည်း လိုင်စင်စခန်း ကို ရွှေ့နေ ပါတယ်။ KIA ခေါင်းဆောင်တွေရော၊ မိသားစု ၀င်တွေရော၊ သူဌေးတွေရော တစ်ယောက်မှ လိုင်ဇာမှာ မရှိတော့ပါဘူး။ အကုန်လုံးတရုတ်ဖက်ကိုကူးကုန်ပါပြီ။ “ကျွန်မတို့ကတော့ ဒီမှာကျန်ခဲ့ပြီး တရုတ်ဘက်ကို လည်း KIA က ကူးခွင့်မပေးတော့ အချုပ်ကျသလို ဖြစ်နေပါ တယ်” ဟု ကချင်အမျိုးသမီး ဒုက္ခသည် တစ်ဦးကဆိုသည်။

ယခုအခါလိုင်ဇာမြို့တွင် ခြောက်ကပ်နေပြီး KIA စစ်သားများပင် သိပ်မတွေ့ရတော့ကြောင်း၊ KIA စစ်သားအားလုံးကို ရှေ့တန်းသို့ ပို့ထားကြောင်း သိရသည်။ လိုင်ဇာအား သဘာဝတံတိုင်းကြီးသဖွယ် ကာရံ ထားသော လဂျားယန်တောင်ကြောမှာ အစိုးရတပ်များက ၃၀-၁၂-၂၀၁၂ ရက်နေ့တွင် သိမ်းပိုက် ခဲ့သောကြောင့် လိုင်ဇာမြို့ရှိဒေသခံများမှာ လုံခြုံမှုမရှိဟု ခံစားလာရသည်။ လဂျားယန်မှ အစိုးရတပ်များ လိုင်ဇာမြို့သို့ ချီတက် သိမ်းပိုက်မည်ဆိုပါက တစ်နာရီအတွင်းရောက်ရှိလာနိုင်ကြောင်း သိရသည်။ သို့သော် အစိုးရတာဝန်ရှိသူများက လိုင်ဇာမြို့အား သိမ်းပိုက်မည်မဟုတ်ကြောင်း ကြေငြာထားခဲ့သည်။

No comments:

Post a Comment

My Blog List