Monday, December 31, 2012

လိုင်ဇာမြို့အနီး တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ်ကျရောက် PDF Print

KIO/KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့အနီး တရုတ်-မြန်မာနယ်စပ်ရှိ တရုတ်ကျေးရွာ အင်ခွန်ယန်သို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ၁၀၅ မမ လက်နက်ကြီးကျည်ဆံ နှစ်ကြိမ် အချိန် ၁၀ မိနစ်ခြား၍ ကျရောက်ခဲ့ကြောင်း သိရပါသည်။ 
 
အဆိုပါ လက်နက်ကြီးကျည်ဆံသည် ဒေါ့ဖုန်းယန်ဘက်မှ လဂျားယန်ဘက်သို့ ပစ်ခတ်ခဲ့သည့် ကျည်ဆံများဖြစ်ပြီး လိုင်ဇာမြို့အနီး တရုတ်နယ်စပ်အတွင်းရှိ ကျေးရွာသို့ ကျရောက်ခဲ့ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု KIO/KIA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါသည်။
“လိုင်ဇာနားတစ်ဝိုက် တရုတ်ပိုင်နက်ထဲကို လက်နက်ကြီးကျည်ဆံကျတာ ဒါပထမဆုံးပါပဲ။ ပန်ဝါဘက် မှာတော့ မကြာခဏ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ အဲဒီဘက်မှာ လူနေတဲ့ ရွာတွေမရှိတော့ ထိခိုက်တာ မရှိခဲ့ ပါဘူး” ဟု ဦးလနန်က ပြောပါသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် လဂျားယန်ဒေသတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ပြီး ရှမ်းပြည်နယ် နားလုံဘက်မှ ကချင်ပြည်နယ် နားလုံဘက်သို့ စစ်ကြောင်းဆင်းလာသော အစိုးရတပ်များနှင့် KIA တပ်များအကြား ပြင်းထန်သော မြေပြင်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရပါသည်။ ထို့အပြင် ပန်ဝါဒေသ ဘက်တွင်လည်း တစ်နေကုန်နီးပါး တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း သိရပါသည်။

လဂျားယန်ဒေသဘက်သို့ အစိုးရတပ်များ၏ လေကြောင်းကူ ပစ်ခတ်မှုများ ရှိခဲ့ပြီး တိုက်လေယာဉ် သုံးစင်း အသုံးပြု၍ လေကြောင်း စစ်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ထို့အတူလက်နက်ကြီး အပြန်အလှန် ပစ်ခတ်မှုများမှာ ဒီဇင်ဘာလ ၃၀ ရက်နေ့ တစ်ရက်တည်းတွင် အကြိမ် ၆၀ ကျော် ခန့်ရှိခဲ့ပါသည်။

လိုင်ဇာမြို့မှ ၇ မိုင်ခန့်အကွာတွင် ရှိနေသော လဂျားယန်ဒေသ တိုက်ပွဲကာလအတွင်း ၁၀၅ မမ၊ ၁၂၀ လက်နက်ကြီး ပစ်ခတ်မှုများမှာ ဒီဇင်ဘာလအတွင်း အကြိမ်ရေ ၁၀၀၀ ကျော်ခန့်ရှိကြောင်း သိရပြီး ဒီဇင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့ကာလအတွင်း အကြိမ်ရေ ၄၀၀ ကျော်ခန့် ရှိခဲ့ပါ သည်။ နှစ်ဖက်တပ်များအကြား အပြန်အလှန် လက်နက်ကြီးပစ်ခတ်မှုများ ရှိခဲ့သော် လည်း ဒေါ့ဖုန်းယမ် ဘက်မှ လဂျားယန်ဘက်သို့ လက်နက်ကြီးပစ်ခတ်မှုမှာ အကြိမ်ရေပိုများကြောင်း သိရပါသည်။

“လဂျားယန်ဘက်ကို ပစ်တဲ့ လက်နက်ကြီးတွေကတော့ ၁၀၅ မမ တွေ ပိုများပါတယ်။ ၁၀၅ မမ အတွက် ကျည်ဆံတစ်တောင့်တန်ဖိုးက ၀ယ်မယ်ဆိုရင် သိန်း ၂၀ လောက်ရှိပါတယ်” ဟု ဦးလနန်က ပြောပါသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင်လည်း လိုင်ဇာမြို့နှင့် အနီးတ၀ိုက်ကို အရေးပေါ်အခြေအနေတစ်ရပ်အဖြစ် KIA မှ တပ်လှန့်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ရှိလာပါက ပြည်သူများရှောင်တိမ်းနိုင်ရန် လိုက်နာ ရမည့် အချက်များကိုလည်း လိုင်ဇာရုပ်သံမှတစ်ဆင့်ထုတ် ပြန်ကြေညာမှုများ ရှိခဲ့ပါသည်။

No comments:

Post a Comment

My Blog List