Wednesday, January 02, 2013

ရန်ကုန်မြို့ လူနေရပ်ကွက်များ အတွင်းရှိ လမ်းအချို့ပေါ်တွင် ကန်ထရိုက် ဆောက်လုပ်သူများ၏ ဆောက်လုပ်ရေးသုံး ပစ္စည်းများ စုပုံထားမှုကြောင့် လမ်းနှင့် ရေမြောင်းပိတ်ဆို့မှုများ ရှိနေ၍ ယင်းအပေါ် သက်ဆိုင်ရာမှ အခကြေးငွေ ကောက်ခံရန်စီစဉ်

Photo: ရန်ကုန်မြို့ လူနေရပ်ကွက်များ အတွင်းရှိ လမ်းအချို့ပေါ်တွင် ကန်ထရိုက် ဆောက်လုပ်သူများ၏ ဆောက်လုပ်ရေးသုံး ပစ္စည်းများ စုပုံထားမှုကြောင့် လမ်းနှင့် ရေမြောင်းပိတ်ဆို့မှုများ ရှိနေ၍ ယင်းအပေါ် သက်ဆိုင်ရာမှ အခကြေးငွေ ကောက်ခံရန်စီစဉ်  
Tuesday, 01 January 2013 

ရန်ကုန်မြို့ လူနေရပ်ကွက်များအတွင်း ကန်ထရိုက်တိုက်များ ဆောက်လုပ်မှု များပြားလာပြီး လမ်းအချို့ပေါ်တွင် ၎င်းတို့၏ ဆောက်လုပ်ရေးပစ္စည်းများ စုပုံထားခြင်းကြောင့် လမ်းနှင့်ရေမြောင်း ပိတ်ဆို့မှုများ ရှိနေ၍ ယင်းပစ္စည်းများ စုပုံနေခြင်းအပေါ် အခကြေးငွေ ကောက်ခံရန် စီစဉ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ပစ္စည်းများ စုပုံခွင့်အတွက် အခကြေးငွေ ကောက်ခံရာတွင် မြေနေရာ အနေအထားပေါ်  မူတည်၍ သတ်မှတ်ကောက်ခံသွားမည်ဟု သိရသည်။

လူနေရပ်ကွက်များ အတွင်းရှိ လမ်းအချို့ပေါ်တွင် ကန်ထရိုက်တိုက်
ဆောက်လုပ်သူများမှ ပစ္စည်းများ စည်းကမ်းမဲ့ စုပုံထားခြင်းကြောင့် မူလလမ်းမှာ ကျဉ်းမြောင်းသွားသည့်အပြင် ရေမြောင်း ပိတ်ဆို့ခြင်းများ လက်ရှိဖြစ်ပေါ်လျက် ရှိသည်။

“အရင် ကန်ထရိုက်တိုက်တွေ လမ်းပေါ်မှာ ပစ္စည်းစုပုံရင် အခ ကြေးငွေ
ကောက်တာမျိုး ပြုလုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ပြန်ဖျက်သိမ်းခဲ့တယ်။ အခု ပစ္စည်းစုပုံတာကို စည်းကမ်းရှိစေဖို့အတွက် အဲဒီစနစ်ကို ပြန်လုပ်ဖို့ စီစဉ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကန်ထရိုက်တွေက လမ်းတွေပေါ်မှာ ပစ္စည်းတွေ စုပုံထားတာဟာ စည်ပင်သာယာပိုင် လမ်းပေါ်မှာ လုပ်တာဖြစ်တဲ့အတွက် အခကြေးငွေ ကောက်တာပါ။ အဲဒီလိုပစ္စည်းတွေ စည်းကမ်းမဲ့ စုပုံထားတာကြောင့် ရပ်ကွက်လမ်းတွေအပြင်ရေမြောင်း
ပိတ်တာတွေလည်း ရှိနေလို့ပါ။ ကန်ထရိုက်တွေက ဥပမာ-၁၀ ပေ ပတ်လည်မှာ ပစ္စည်းစုပုံတာကို ခွင့်ပြုရင် သူတို့က ပေ ၂၀ လောက် စုပုံချင်ကြတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က ပြောသည်။

၎င်းနှင့်ပတ်သက်၍ သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်နေသူ တစ်ဦးက “ကန်ထရိုက် ဆောက်လုပ်မှုတွေက ကျွန်တော်တို့ လမ်းမြေပေါ်ကို ကျူးကျော်ပြီး ကျောက်စရစ်တွေ၊ သဲတွေပုံတယ်။ အဲဒီလိုစုပုံတာတွေကြောင့် လမ်းကျဉ်းပြီး ကား၊ ဆိုက်ကား တွေသွားဖို့ အခက်အခဲ ဖြစ်တယ်။ ပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကားတွေကြောင့် မူလကတ္တရာ
လမ်းက ပျက်စီးလာတယ်။ ပြီးခဲ့တဲ့မိုးတွင်း တုန်းကဆို မြောင်းတွေပိတ်ပြီး လမ်းပေါ်ကို ရေတွေတက်လာတယ်။ အဲဒါကို ထိန်းသိမ်းပေးဖို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သွားပြောတော့ သူနဲ့မဆိုင်ဘူး။ စည်ပင်နဲ့ပဲ ဆိုင်တယ်လို့
ပြောတယ်။ အမှန်ဆိုရင် အဲဒါတွေကို ထိန်းသိမ်းပေးရမှာ” ဟု ပြောသည်။

ရန်ကုန်မြို့တွင် လက်ရှိ ကန်ထရိုက်တိုက်ဆောက်လုပ်မှုများကို သင်္ကန်းကျွန်း၊ လှိုင်၊ မရမ်းကုန်း မြို့နယ်များတွင် အများအပြား
တွေ့ရှိနေရသည်။

Eleven Media Group
ရန်ကုန်မြို့ လူနေရပ်ကွက်များအတွင်း ကန်ထရိုက်တိုက်များ ဆောက်လုပ်မှု များပြားလာပြီး လမ်းအချို့ပေါ်တွင် ၎င်းတို့၏ ဆောက်လုပ်ရေးပစ္စည်းများ စုပုံထားခြင်းကြောင့် လမ်းနှင့်ရေမြောင်း ပိတ်ဆို့မှုများ ရှိနေ၍ ယင်းပစ္စည်းများ စုပုံနေခြင်းအပေါ် အခကြေးငွေ ကောက်ခံရန် စီစဉ်လျက်ရှိသည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့ ပစ္စည်းများ စုပုံခွင့်အတွက် အခကြေးငွေ ကောက်ခံရာတွင် မြေနေရာ အနေအထားပေါ် မူတည်၍ သတ်မှတ်ကောက်ခံသွားမည်ဟု သိရသည်။ လူနေရပ်ကွက်များ အတွင်းရှိ လမ်းအချို့ပေါ်တွင် ကန်ထရိုက်တိုက်
ဆောက်လုပ်သူများမှ ပစ္စည်းများ စည်းကမ်းမဲ့ စုပုံထားခြင်းကြောင့် မူလလမ်းမှာ ကျဉ်းမြောင်းသွားသည့် အပြင် ရေမြောင်း ပိတ်ဆို့ခြင်းများ လက်ရှိဖြစ်ပေါ်လျက် ရှိသည်။
“အရင် ကန်ထရိုက်တိုက်တွေ လမ်းပေါ်မှာ ပစ္စည်းစုပုံရင် အခ ကြေးငွေကောက်တာမျိုး ပြုလုပ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ပြန်ဖျက်သိမ်းခဲ့တယ်။ အခု ပစ္စည်းစုပုံတာကို စည်းကမ်းရှိစေဖို့အတွက် အဲဒီစနစ်ကို ပြန်လုပ်ဖို့ စီစဉ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကန်ထရိုက်တွေက လမ်းတွေပေါ်မှာ ပစ္စည်းတွေ စုပုံထားတာဟာ စည်ပင်သာယာပိုင် လမ်းပေါ်မှာ လုပ်တာဖြစ်တဲ့အတွက် အခကြေးငွေ ကောက်တာပါ။ အဲဒီလိုပစ္စည်းတွေ စည်းကမ်းမဲ့ စုပုံထားတာကြောင့် ရပ်ကွက်လမ်းတွေအပြင်ရေမြောင်းပိတ်တာတွေလည်း ရှိနေလို့ပါ။ ကန်ထရိုက်တွေက ဥပမာ-၁၀ ပေ ပတ်လည်မှာ ပစ္စည်းစုပုံတာကို ခွင့်ပြုရင် သူတို့က ပေ ၂၀ လောက် စုပုံချင်ကြတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က ပြောသည်။

၎င်းနှင့်ပတ်သက်၍ သင်္ကန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်နေသူ တစ်ဦးက “ကန်ထရိုက် ဆောက်လုပ် မှုတွေက ကျွန်တော်တို့ လမ်းမြေပေါ်ကို ကျူးကျော်ပြီး ကျောက်စရစ်တွေ၊ သဲတွေပုံတယ်။ အဲဒီလိုစုပုံတာတွေကြောင့် လမ်းကျဉ်းပြီး ကား၊ ဆိုက်ကား တွေသွားဖို့ အခက်အခဲ ဖြစ်တယ်။ ပြီးတော့ ဆောက်လုပ်ရေး လုပ်ငန်းသုံး ကားတွေကြောင့် မူလကတ္တရာလမ်းက ပျက်စီးလာတယ်။ ပြီးခဲ့တဲ့မိုးတွင်း တုန်းကဆို မြောင်းတွေပိတ်ပြီး လမ်းပေါ်ကို ရေတွေတက်လာတယ်။ အဲဒါကို ထိန်းသိမ်းပေးဖို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို သွားပြောတော့ သူနဲ့မဆိုင်ဘူး။ စည်ပင်နဲ့ပဲ ဆိုင်တယ်လို့ပြောတယ်။ အမှန်ဆိုရင် အဲဒါတွေကို ထိန်းသိမ်းပေးရမှာ” ဟု ပြောသည်။ ရန်ကုန်မြို့တွင် လက်ရှိ ကန်ထရိုက်တိုက်ဆောက်လုပ်မှုများကို သင်္ကန်းကျွန်း၊ လှိုင်၊ မရမ်းကုန်း မြို့နယ်များတွင် အများအပြားတွေ့ရှိနေရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List