Monday, December 31, 2012

ကေအိုင်အေ ခေါင်းဆောင်များတရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ဒေသခံများကို လိုင်ဇာမှ ထွက်ခွါခွင့်မပြု

Photo: ကေအိုင်အေ ခေါင်းဆောင်များတရုတ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ဒေသခံများကို လိုင်ဇာမှ ထွက်ခွါခွင့်မပြု
Saturday, 29 December 2012

၂၈.၁၂.၁၂ရက်နေ့က ဗမာစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကေအိုင်အေခေါင်းဆောင်များက တရုတ်နိုင်ငံအတွင်းသို့ ၀င်ရောက်တိမ်းရှောင်ပြီး ၄င်းတို့ပိုင် ဟိုတယ်များမှနေပြီး စစ်ဆင်ရေးအားကွပ်ကဲလျက်ရှိ ကြောင်း သိရှိရသည်။ ကေအိုင်အေ ခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံသို့ တိမ်းရှောင်သွားခဲ့သော်လည်း လိုင်ဇာတွင်ရှိနေသည့် တရုတ်နိုင်ငံသားများမှအပ ကျန်တိုင်းရင်းသားများကို တရုတ်နိုင်ငံသို့ သွားလာခွင့်ပိတ် ထားကြောင်းသိရှိရသည်။

ကေအိုင်အေဗဟိုဌာနချုပ်ရှိရာ လိုင်ဇာတွင်လေကြောင်းမှတဆင့် တိုက်ခိုက်လာပါက ဗုံးခိုကျင်းတူးခြင်း ရေထွက်ပေါက်များအတွင်း ၀င်ရောက် ခိုလှုံခြင်းတို့ပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက် လျက်ရှိသည်။ ဒီဇင်ဘာ၂၈ရက်နေ့မနက်ပိုင်းက ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမြို့ပေါ်သို့ အစိုးရတပ်၏ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ ပျံသန်းခဲ့ပြီးနောက် ဒီနေ့ ဒီဇင်ဘာ ၂၉ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း အစိုးရတပ်၏ လေယာဉ်တစ်စီးပျံသန်းသွားခဲ့သည်။ ဒီနေ့တွင် လိုင်ဇာဌာနချုပ်နဲ့ ၈မိုင် အကွာတွင်ရှိသော လဂျားယန်တွင် အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး၊ လက်နက်ကြီးပစ်ခတ်သံများ လိုင်ဇာမြို့ပေါ်မှ ကြားနေရသည်။
အစိုးရတပ်၏ လက်နက်ကြီးများနှင့် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကေအိုင်အေတပ်ဖွဲ့ဝင်များ အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရမှုများစွာ ရှိပြီး လိုင်ဇာဆေးရုံတွင်လည်း ထိခိုက်ဒဏ်ရာ ရရှိသူ ကေအိုင်အေ တွေ ပြည့်နှက်နေကြကြောင်း လိုင်ဇာမြို့သို့ရောက်ရှိနေသော သတင်းထောက်တစ်ဦးက ဆိုပါသည်။ ယခုတိုက်ပွဲဖြစ်နေသော လဂျားယန်စခန်းသည် လိုင်ဇာဌာနချုပ်အား အပေါ်စီးမှစိုးမိုးနေပြီး ၄င်းတပ်စခန်း အစိုးရစစ်တပ် လက်အောက်သို့ ရောက်ရှိသွားပါက လိုင်ဇာမြို့သည် အလွယ်တကူကျဆုံး သွားနိုင်ကြောင်း ကေအိုင်အေ အရာရှိတစ်ဦးမှပြောကြားခဲ့သည်။

Kachin Daily News
၂၈.၁၂.၁၂ရက်နေ့က ဗမာစစ်တပ်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကေအိုင်အေခေါင်းဆောင်များက တရုတ်နိုင်ငံအတွင်းသို့ ၀င်ရောက်တိမ်းရှောင်ပြီး ၄င်းတို့ပိုင် ဟိုတယ်များမှနေပြီး စစ်ဆင်ရေးအား ကွပ်ကဲ လျက်ရှိ ကြောင်း သိရှိရသည်။ ကေအိုင်အေ ခေါင်းဆောင်များအနေဖြင့် တရုတ်နိုင်ငံသို့ တိမ်းရှောင် သွားခဲ့သော်လည်း လိုင်ဇာတွင်ရှိနေသည့် တရုတ်နိုင်ငံသားများမှအပ ကျန်တိုင်းရင်းသားများကို တရုတ်နိုင်ငံသို့ သွားလာခွင့်ပိတ် ထားကြောင်းသိရှိရသည်။
ကေအိုင်အေဗဟိုဌာနချုပ်ရှိရာ လိုင်ဇာတွင်လေကြောင်းမှတဆင့် တိုက်ခိုက်လာပါက ဗုံးခိုကျင်း တူးခြင်း ရေထွက်ပေါက်များအတွင်း ၀င်ရောက် ခိုလှုံခြင်းတို့ပြုလုပ်နိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက် လျက်ရှိသည်။ ဒီဇင်ဘာ၂၈ရက်နေ့မနက်ပိုင်းက ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာမြို့ ပေါ်သို့ အစိုးရတပ်၏ တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များ ပျံသန်းခဲ့ပြီးနောက် ဒီနေ့ ဒီဇင်ဘာ ၂၉ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း အစိုးရတပ်၏ လေယာဉ်တစ်စီးပျံသန်းသွားခဲ့သည်။ ဒီနေ့တွင် လိုင်ဇာ ဌာနချုပ်နဲ့ ၈မိုင် အကွာတွင်ရှိသော လဂျားယန်တွင် အစိုးရတပ်နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲတွေဖြစ် ပွားနေပြီး၊ လက်နက်ကြီးပစ်ခတ်သံများ လိုင်ဇာမြို့ပေါ်မှ ကြားနေရသည်။
အစိုးရတပ်၏ လက်နက်ကြီးများနှင့် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကေအိုင်အေတပ်ဖွဲ့ဝင်များ အကျ အဆုံးနှင့်ထိခိုက်ဒဏ်ရာရမှုများစွာရှိပြီးလိုင်ဇာဆေးရုံတွင်လည်းထိခိုက်ဒဏ်ရာရရှိသူ ကေအိုင်အေ တွေ ပြည့်နှက်နေကြကြောင်း လိုင်ဇာမြို့သို့ရောက်ရှိနေသော သတင်းထောက် တစ်ဦးက ဆိုပါသည်။ ယခုတိုက်ပွဲဖြစ်နေသော လဂျားယန်စခန်းသည် လိုင်ဇာဌာနချုပ်အား အပေါ်စီးမှစိုးမိုးနေပြီး ၄င်းတပ်စခန်း အစိုးရစစ်တပ် လက်အောက်သို့ ရောက်ရှိသွားပါက လိုင်ဇာမြို့သည် အလွယ်တကူကျဆုံး သွားနိုင်ကြောင်း ကေအိုင်အေ အရာရှိတစ်ဦးမှပြောကြားခဲ့သည်။

No comments:

Post a Comment

My Blog List