Wednesday, January 02, 2013

လျှော့ချပေးသည့်နှုန်းထားအလိုက် အရစ်ကျဖုန်းကဒ် ၀ယ်ယူ ထားသူများပါ ခံစားခွင့်ရရှိမည်

Photo: လျှော့ချပေးသည့်နှုန်းထားအလိုက် အရစ်ကျဖုန်းကဒ် ၀ယ်ယူ
ထားသူများပါ ခံစားခွင့်ရရှိမည်
Tuesday, 1 January 2013

ယခုလဆန်းပိုင်းအတွင်း ဈေးနှုန်းလျှော့ရောင်းချပေးမည့် GSM မိုဘိုင်းဖုန်းကဒ်များအား လျှော့ချပေးသည့် ဈေးနှုန်းအတိုင်း ယခင်က အရစ်ကျစနစ်ဖြင့်ဝယ်ယူခဲ့သော မိုဘိုင်းဖုန်းကဒ်ဝယ်ယူသူများပါ ခံစားရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။

ကျေးလက်နေပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းများကို အရစ်ကျစနစ်ဖြင့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက စတင်ပြီး တပ်ဆင်ပေးရာတွင် အိမ်ခြေပေါင်း ၂ သန်းကျော်ခန့်နှင့် လူဦးရေပေါင်း ၁၁ သန်းကျော် အထိလွှမ်းခြုံကာ ဒီဇင်ဘာလဆန်း အထိ ကျေးရွာပေါင်း ၅၀၀၀ ကျော်မှ ပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းပေါင်း လေးသိန်း ငါးသောင်းခန့်ကို တပ်ဆင်ပေး ခဲ့ပြီးဖြစ်သည်။

လက်ရှိတွင် အဆိုပါလျှော့ချပေးသည့်နှုန်းထားအလိုက်ခံစားခွင့်အား
မြန်မာ့ဆက်သွယ်ရေးနှင့်ချိတ် ဆက်ရောင်းချထား သည့် Elite ရတနာပုံ အစရှိသည့် ကုမ္ပဏီကြီးအချို့မှ အရစ်ကျဖုန်းကဒ် ၀ယ်ယူထားသူ များပါ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး ကျန် ပြင်ပဆိုင်များမှ ၀ယ်ယူထားသူများ အတွက်မူ အာမမခံနိုင်ကြောင်း ရတနာပုံCall Center မှ သိရသည်။

“ဆက်သွယ်ရေးက ဖုန်းတွေကို ဈေးလျှော့ပေးလိုက်ရင် အရစ်ကျနဲ့ ဝယ်ထားတဲ့သူတွေလည်း အဲဒီနှုန်းအတိုင်းပဲသွင်းဖို့ လိုပါတယ်။ နှစ်သိန်း အတိဖြစ်အောင် သွင်းစရာမလိုပါဘူး"ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းကဒ်များကို ဇန်န၀ါရီလ (၈)ရက်နေ့၌ ဈေးနှုန်းလျှော့ချပေးမည် ဟု ပြောကြားထားပြီး ယင်းသို့
လျှော့ချလိုက်သည့် ဈေးနှုန်းအတိုင်း လက်ရှိတွင် ကျပ်နှစ်သိန်းတန်မိုဘိုင်း
ဖုန်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူထားသူများပါ ခံစားခွင့်ရရှိမည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများကို ပြီးခဲ့သည့်နှစ်
အောက်တိုဘာလအတွင်းက အရစ်ကျစနစ်ဖြင့် မိုဘိုင်းဖုန်းကဒ်များကို
ကျေးလက်ဒေသနှင့် မြို့ပြများ၌ ရောင်းချပေးရာတွင် အဆိုပါ မိုဘိုင်းဖုန်းရောင်းရငွေ၏ ၂ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်သည်ဟု ပြောကြားထားသည်။

“အခုဆိုရင် ဖုန်းကဒ် စရရချင်းကို လေးသောင်းနဲ့ နောက်လမှာ ကျပ်တစ်သောင်းနဲ့ (၃)လ သွင်းပြီဖြစ်တဲ့အတွက် အခုဆိုရင် ဆက်သွယ်ရေးက သတ်မှတ်ပေးတဲ့ ကျပ်တစ်သိန်းခွဲအောက်ဆိုရင် အရင်ကလောက် ထပ်သွင်းစရာ မလိုတော့ဘူးပေါ့”ဟု ပဲခူးတိုင်းဒေသကြီးမှ အရစ်ကျစနစ်ဖြင့်GSM ဖုန်းကိုင်ဆောင်နေသူ လယ်သမား ဦးဋ္ဌေးဝင်းက ပြောသည်။

မြန်မာနိုင်ငံအနှံကျေးလက်ဒေသအများစု၌ အရစ်ကျစနစ်အား ပြီးခဲ့သည့်နှစ်အောက်တိုဘာလကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီး
နောက်လများ၌ တစ်ခလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းသို့ ပေးသွင်းနေ ရကြောင်းကို လည်း ပြည်သူများထံမှ သိရသည်။

ကျေးလက်ဒေသများတွင် မိုဘိုင်းဖုန်းများတွင် မိုဘိုင်းဖုန်းများကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ အာမခံနိုင်သည့်
ကျေးရွာနေ ပုဂ္ဂိုလ်များအား ရောင်းချပေးခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများသို့ ခရိုင်အုပ်ချုပ်ရေးမှူးများ၏ ကြီးကြပ်မှုဖြင့် ခွဲဝေပေးခဲ့ပြီးဖြစ်ကြောင်းကိုလည်း သိရသည်။

ယခုလဆန်းပိုင်းအတွင်း ဈေးနှုန်းလျှော့ရောင်းချပေးမည့် မိုဘိုင်းဖုန်းများကို ရန်ကုန်၊မန္တလေး၊နေပြည်တော်နှင့် မြို့ကြီးအချို့ ၌ မြန်မာ့ဆက်သွယ်ရေး
လုပ်ငန်းက အရောင်းစင်တာများနှင့် ဆားဗစ်စင်တာများပါ ဖွင့်လှစ်၍ ကျပ်တစ်သိန်းခွဲ အောက်နှုန်း ထားများဖြင့် GSM Mobile Sim Card များအား ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။

ဉာဏ်ဉာဏ် (မြစ်မခ)
Myit Makha Mediagroup
ယခုလဆန်းပိုင်းအတွင်း ဈေးနှုန်းလျှော့ရောင်းချပေးမည့် GSM မိုဘိုင်းဖုန်းကဒ်များအား လျှော့ချပေး သည့် ဈေးနှုန်းအတိုင်း ယခင်က အရစ်ကျစနစ်ဖြင့်ဝယ်ယူခဲ့သော မိုဘိုင်းဖုန်းကဒ်ဝယ်ယူသူများပါ ခံစားရမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သိရှိရသည်။

ကျေးလက်နေပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းများကို အရစ်ကျစနစ်ဖြင့် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ က စတင်ပြီး တပ်ဆင်ပေးရာတွင် အိမ်ခြေပေါင်း ၂ သန်းကျော်ခန့်နှင့် လူဦးရေပေါင်း ၁၁ သန်းကျော် အထိလွှမ်းခြုံကာ ဒီဇင်ဘာလဆန်း အထိ ကျေးရွာပေါင်း ၅၀၀၀ ကျော်မှ ပြည်သူများအတွက် မိုဘိုင်းတယ်လီဖုန်းပေါင်း လေးသိန်း ငါးသောင်းခန့်ကို တပ်ဆင်ပေး ခဲ့ပြီးဖြစ်သည်။
လက်ရှိတွင် အဆိုပါလျှော့ချပေးသည့်နှုန်းထားအလိုက်ခံစားခွင့်အားမြန်မာ့ဆက်သွယ်ရေးနှင့်ချိတ် ဆက်ရောင်းချထား သည့် Elite ရတနာပုံ အစရှိသည့် ကုမ္ပဏီကြီးအချို့မှ အရစ်ကျဖုန်းကဒ် ၀ယ်ယူထားသူ များပါ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး ကျန် ပြင်ပဆိုင်များမှ ၀ယ်ယူထားသူများ အတွက်မူ အာမမခံနိုင်ကြောင်း ရတနာပုံCall Center မှ သိရသည်။

“ဆက်သွယ်ရေးက ဖုန်းတွေကို ဈေးလျှော့ပေးလိုက်ရင် အရစ်ကျနဲ့ ဝယ်ထားတဲ့သူတွေလည်း အဲဒီနှုန်းအတိုင်းပဲသွင်းဖို့ လိုပါတယ်။ နှစ်သိန်း အတိဖြစ်အောင် သွင်းစရာမလိုပါဘူး"ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မိုဘိုင်းဖုန်းကဒ်များကို ဇန်န၀ါရီလ (၈)ရက်နေ့၌ ဈေးနှုန်းလျှော့ ချပေးမည် ဟု ပြောကြားထားပြီး ယင်းသို့လျှော့ချလိုက်သည့် ဈေးနှုန်းအတိုင်း လက်ရှိတွင် ကျပ်နှစ်သိန်း တန်မိုဘိုင်းဖုန်းများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူထားသူများပါ ခံစားခွင့်ရရှိမည်ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းများကို ပြီးခဲ့သည့်နှစ်အောက်တိုဘာလအတွင်းက အရစ်ကျစနစ်ဖြင့် မိုဘိုင်းဖုန်းကဒ်များကိုကျေးလက်ဒေသနှင့် မြို့ပြများ၌ ရောင်းချပေးရာတွင် အဆိုပါ မိုဘိုင်းဖုန်းရောင်းရငွေ၏ ၂ ရာခိုင်နှုန်းကို ဒေသဖွံ့ဖြိုးရေးအတွက် အသုံးပြုဆောင်ရွက်သွား မည်ဖြစ်သည် ဟု ပြောကြားထားသည်။

“အခုဆိုရင် ဖုန်းကဒ် စရရချင်းကို လေးသောင်းနဲ့ နောက်လမှာ ကျပ်တစ်သောင်းနဲ့ (၃)လ သွင်းပြီဖြစ်တဲ့အတွက် အခုဆိုရင် ဆက်သွယ်ရေးက သတ်မှတ်ပေးတဲ့ ကျပ်တစ်သိန်းခွဲအောက်ဆိုရင် အရင်ကလောက် ထပ်သွင်းစရာ မလိုတော့ဘူးပေါ့”ဟု ပဲခူးတိုင်းဒေသကြီးမှ အရစ်ကျစနစ်ဖြင့်GSM ဖုန်းကိုင်ဆောင်နေသူ လယ်သမား ဦးဋ္ဌေးဝင်းက ပြောသည်။

မြန်မာနိုင်ငံအနှံကျေးလက်ဒေသအများစု၌ အရစ်ကျစနစ်အား ပြီးခဲ့သည့်နှစ်အောက်တိုဘာလကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီးနောက်လများ၌ တစ်ခလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း သို့ ပေးသွင်းနေ ရကြောင်းကို လည်း ပြည်သူများထံမှ သိရသည်။

ကျေးလက်ဒေသများတွင် မိုဘိုင်းဖုန်းများတွင် မိုဘိုင်းဖုန်းများကို အရစ်ကျ စနစ်ဖြင့် ရောင်းချပေးရာ တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ အာမခံနိုင်သည့်ကျေးရွာနေ ပုဂ္ဂိုလ်များအား ရောင်းချပေးခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် လည်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူးများသို့ ခရိုင်အုပ်ချုပ်ရေးမှူးများ၏ ကြီးကြပ်မှုဖြင့် ခွဲဝေပေးခဲ့ပြီးဖြစ်ကြောင်းကိုလည်း သိရသည်။

ယခုလဆန်းပိုင်းအတွင်း ဈေးနှုန်းလျှော့ရောင်းချပေးမည့် မိုဘိုင်းဖုန်းများကို ရန်ကုန်၊မန္တလေး ၊နေပြည်တော်နှင့် မြို့ကြီးအချို့ ၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက အရောင်းစင်တာများနှင့် ဆားဗစ်စင်တာများပါ ဖွင့်လှစ်၍ ကျပ်တစ်သိန်းခွဲ အောက်နှုန်း ထားများဖြင့် GSM Mobile Sim Card များအား ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။

ဉာဏ်ဉာဏ် (မြစ်မခ)
Myit Makha Mediagroup

No comments:

Post a Comment

My Blog List