Thursday, January 03, 2013

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA အကြား ဖြစ်ပွားနေသောစစ်ပွဲများ အမြန်ဆုံးရပ်စဲရေး နယ်ပယ်အသီးသီးမှ ထင်ရှားသူများ တောင်းဆို

Photo: ကချင်ပြည်နယ်တွင် တပ်မတော်နှင့် KIA အကြား ဖြစ်ပွားနေသောစစ်ပွဲများ အမြန်ဆုံးရပ်စဲရေး နယ်ပယ်အသီးသီးမှ ထင်ရှားသူများ တောင်းဆို

Thursday, January 03, 2013
၂၀၁၁ ခုနှစ် ဇွန်လမှစတင်ကာ ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA အကြား တစ်ကျော့ပြန် ဖြစ်ပွားလျက်ရှိသော စစ်ပွဲ များသည် ၂၀၁၂ ခုနှစ် အတွင်း ပိုမိုပြင်း ထန်ခဲ့ပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင် ရခြင်း၊ လူမှုရေး၊ စီးပွား ရေးထိခိုက်မှုများအပြင် စစ်ပွဲကြောင့် သေဆုံးမှုများပါ ရှိလာသောကြောင့် စစ်ပွဲများ အမြန်ဆုံးရပ်စဲရေးကို နယ်ပယ်အသီးသီးမှ ထင်ရှားသူများက တောင်းဆိုခဲ့ကြပါသည်။ ''တိုက်ပွဲတွေကြောင့် နှစ်ဖက် အသေအပျောက် တော်တော်များနေပြီ။ ပြည်သူတွေလည်း စစ်ဘေး ဒဏ်ကို တော်တော်လေး ခံစား ရပြီးပါပြီ။ ၂၀၁၃ ခုနှစ်မှာတော့ နှစ်ဖက်
ခံယူချက်တွေ၊ ခံစားချက်တွေကို မေ့ပစ်ပြီး ခွင့်လွှတ်သင်ခန်းစာယူကာ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ လိုနေပါပြီ။ အစိုးရအနေနဲ့လည်း တပ်တွေ မရှိတော့ရင် KIA က ပြည်နယ် အစိုးရကို သိမ်းနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို လျော့ချသင့်ပါတယ်။

KIA ကလည်း တပ်မတော်က ကျူးကျော်လာတယ်။ ငါတို့တိုက်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကို လျော့ချ သင့်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက်တိုက်ပွဲတွေ အရင်လျော့ချပြီးငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ပေးဖို့ နိုင်ငံတော်သမ္မတကြီးကို တောင်းဆိုချင်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေး ရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီအတွင်းရေးမှူး ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဒွဲဘူက ပြောကြားခဲ့ပါသည်။ ထို့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''ပြည်ထောင်စုထဲမှာ ဘယ်ဒေသ၊ ဘယ် အစိတ်အပိုင်းမှာပဲဖြစ်ဖြစ် ပြည်တွင်း စစ်မီး တောက် လောင်နေခြင်းဟာ အဲဒီသက်ဆိုင်ရာ ဒေသမှာရှိတဲ့ တိုင်းရင်းသားအားလုံး အတွက်
ရော၊ ပြည်ထောင်စုထဲမှာ နေထိုင်တဲ့ တိုင်းရင်းသားအားလုံး အတွက်ရော အနုတ်လက္ခဏာဆောင်တဲ့ ကိစ္စတွေ ဖြစ်တယ်။

ငြိမ်းချမ်းရေးကတော့ အပေါင်း လက္ခဏာဆောင်တယ်။ အဲဒီတော့ ငြိမ်းချမ်း
ရေးရဖို့ဆိုရင် ဘက်အသီးသီးမှာ ပါဝင်တဲ့သူအားလုံးက ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွား၊ ဒေသခံ ပြည်သူတွေနဲ့ တိုင်းရင်းသားများရဲ့ အကျိုးစီးပွား အဲဒါကို အလေးထားပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့ ဆောင်ရွက် မှုများကို စတင်
ခြင်းဖြင့်သာ စစ်မီးလျံတွေကို ငြှိမ်းသတ်နိုင်မှာဖြစ်ပါတယ်။ စစ်မှန် သမျှက ပြည်ထောင်စုအတွက် အကျိုးရှိတာမှမဟုတ်ဘဲ။ အဲဒီတာ့ ပြည် တွင်းစစ်ဟူသည် အနုတ်လက္ခဏာ၊ ငြိမ်းချမ်းရေးသည် အပေါင်း လက္ခဏာ။ အပေါင်းလက္ခဏာကို လိုလားတဲ့သူတိုင်းကတော့ ငြိမ်းချမ်းရေးကို လိုလား ကြတာပေါ့''ဟု ပြောကြားပါသည်။

ကချင်စစ်ပွဲများ ရပ်စဲရန် ၂၀၁၂ ခုနှစ် ကာလအတွင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယ အပတ် တွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်မှ ၁၀ ရက်အထိနှင့် အောက်
တိုဘာလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌လည်းကောင်း
ပြုလုပ်ခဲ့သော်လည်း စစ်ပွဲများမှာ ရပ်ဆိုင်းသွားခြင်း မရှိခဲ့ပေ။ တိုက်ပွဲဖြစ်ပွား
မှုသည် မိုးမောက်၊ ဗန်းမော်၊ မန်စီ၊ ၀ိုင်းမော်၊ မြစ်ကြီးနားမြို့နယ်များအထိ သက်ရောက်မှု ရှိလာခဲ့သည့်အတွက် ၂၀၁၁ ခုနှစ် ဇွန်၊ ဇူလိုင်လများမှ စတင်
ကာ ဒေသခံများသည် နေထိုင်ရာ ကျေးရွာများကို စွန့်ခွာမှုများ ရှိလာ
ခဲ့သည်။ ဒုက္ခသည်များမှာ မြန်မာနိုင်ငံ အတွင်းသာ မကဘဲ တရုတ်နိုင်ငံ အတွင်းသို့ပါ ထွက်ပြေးတိမ်းရှောင်နေရပြီး တရုတ်အစိုးရက လက်ခံရန် ငြင်း ဆန်သဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လကုန်ပိုင်း၌ မြန်မာနိုင်ငံအတွင်း သို့ ပြန် လည်ရွှေ့ပြောင်းရမှုများ ရှိခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ စစ်ပွဲများ
ကြောင့် မြစ်ကြီးနားနှင့် အခြားမြို့နယ်များတွင် မှီခိုနေသည့် ဒုက္ခသည် အရေအတွက်မှာ တစ်သိန်းဝန်းကျင်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ တိုက် ပွဲပေါင်း ၂၄၀၀ ၀န်းကျင် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ လက်ရှိ ကချင်
ပြည်နယ်အတွင်း၌ စစ်ပွဲများမှာ ပိုမိုပြင်းထန်လာပြီး ကချင်စစ်ဒုက္ခ သည်အ
ရေအတွက်လည်း ပိုမိုများပြားလာခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အကုန် ပိုင်းအထိ ဒုက္ခသည်စခန်းများ၌ စစ်ပြေးဒုက္ခသည် ၁၆၀၀၀၀ ကျော် ရောက်ရှိ
နေကြောင်းလည်း သိရသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က နိုင်ငံ
တော်သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်ထံ ကချင်ပြည် နယ်ရှိ ကေအိုင်အေတပ်စခန်းများအား တပ်မတော်မှ ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ဝေဖန်မှုများလည်း ရှိနေခဲ့ပါသည်။
ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွား၊ ဒေသခံပြည်သူတွေနဲ့ တိုင်းရင်း သားများရဲ့ အကျိုးစီးပွား၊ အဲဒါကိုအလေး ထားပြီးတော့ ဖြစ်နိုင်ခြေ ရှိတဲ့ ဆောင်ရွက်မှုများကို စတင်ခြင်းဖြင့်သာ စစ်မီးလျံတွေကို ငြှိမ်းသတ်နိုင်မှာ ဖြစ်ပါတယ်။ စစ်မှန်သမျှက ပြည်ထောင်စုအတွက် အကျိုးရှိတာမှမဟုတ်ဘဲ။ အဲဒီတော့ ပြည်တွင်းစစ်ဟူသည် အနုတ်လက္ခဏာ၊ ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ . . .

Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေး မှူး ဒေါက်တာစစ်နိုင်က ''အခုလို စစ်ပွဲ ဖြစ်ပွားလိုက်တဲ့အတွက်
ကြောင့် ဒေသခံတွေရဲ့ အခြေမြဲနေတဲ့အရာတွေအားလုံး ပျောက်ဆုံး သွား တယ်။ ဒီလို ပျက်စီးပျောက်ဆုံးကုန်တဲ့အတွက် လိုအပ်ချက်ရှိနေတဲ့ အရာတွေက ပိုပြီးတော့ကို ထိခိုက်မှုတွေ ဖြစ်နိုင် တယ်။ အထူးသဖြင့် နိမ့်ပါးပြီး လိုအပ်ချက် ရှိနေတဲ့သူတွေမှာ ပိုပြီးတော့ဖြစ်တာ တွေ့ရတယ်။ အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းတဲ့သူတွေနဲ့ ကလေးငယ်တွေ ပါပါတယ်။ သူတို့တွေအတွက် အန္တရာယ်တွေ ပိုရှိလာမယ်။ အဓိကကတော့ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ လိုအပ်နေတဲ့ ၀န်ဆောင်မှုတွေကို ရနိုင်တဲ့နည်းတွေနဲ့ အမြန်ဆုံး ဖြည့် တင်းပေးဖို့ပါ။

အခုဒေသခံတွေမှာလည်း ဒုက္ခတွေ အရမ်းရောက်နေကြပြီဆိုတော့ ဒီလိုဖြစ်နေတဲ့ စစ်ပွဲကိုလည်း အမြန်ဆုံး ရပ်တန့်စေ ချင်ပါတယ်'' ဟု ပြောပြ ခဲ့ပါသည်။ ''စစ်ပွဲတွေ ရပ်ပေးတာ အကောင်းဆုံးပါပဲ။ အခုလို စစ်ဖြစ်တဲ့ အတွက် တကယ်ထိခိုက်နစ်နာရတာ ကိုယ့်တိုင်းရင်းသားတွေပါပဲ။ ဒါကြောင့် နှစ်ဦး နှစ်ဖက်လုံး စစ်မ ဖြစ်ကြဖို့၊ စစ်ပွဲကို ရပ်ပေးကြဖို့ တောင်း ဆိုချင်ပါတယ်'' ဟု ပန်းချီမင်းဝေအောင်က ဆိုပါသည်။ ''ရွေးကောက် ပွဲဝင်တဲ့ ရည်ရွယ်ချက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ပါ။ ပြည်တွင်း ငြိမ်းချမ်းရေးဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန် တော့်အသက် ၆၈ နှစ်ရှိ ပါပြီ။ ပြည်တွင်းစစ် သေနတ်သံ၊ ဗုံးသံတွေကြားမှာ မွေးလာ။ အခုထိလည်း ကြားနေရဆဲပါပဲ။ ကချင်ဒေသအပါအ၀င် တစ်နိုင်ငံလုံး သေနတ်သံတွေ အားလုံး တိတ်ပြီးတော့ တိုင်းပြည်ငြိမ်းချမ်းရေး အမြန်ရချင်ပါတယ်။ အခုလည်း တိုင်းရင်းသား အချင်းချင်းကြားမှာ ဖြစ်ပေါ်နေတဲ့ ကွဲလွဲ ချက်တွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းပါလို့ပဲ တောင်းဆိုချင်ပါတယ်''ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောကြားခဲ့ပါသည်။


''အစိုးရကကျတော့ ငြိမ်းချမ်းရေးယူတယ်။ သူ့အောက်က တပ်ကျတော့ ပြန် ချတယ်ဆိုတော့ ကျွန်တော်တို့ ဘယ်လိုနားလည်ရမလဲ။ ဒီလို ဖြစ်လာ
လေလေ တိုင်းရင်းသားတွေက သူတို့လက်နက်ကို ကျစ်ကျစ် ပါအောင် ကိုင်ထားတော့မှာ။ ဒီကိစ္စတွေ အားလုံးကပြီးသင့်ပါပြီ။ နှစ်ပေါင်း ငါးဆယ် အတွင်းမှာ တစ်ယောက်ကတိုက်လိုက်၊ တစ်ယောက်က လာချော့ လိုက်နဲ့။ ဗမာလည်း ပြည်ထောင်စုသားပဲဗျာ။ အဲဒီတော့ ကျွန်တော်တို့ တိုင်းရင်း သားတွေအချင်းချင်း ဒီလိုပဲ ပြီးကြတော့မှာလား။ ပြီးသွားမယ့် ကိစ္စတွေကို မစဉ်းစားကြတော့ဘူးလား။ နောက်လာဦးမယ်။ ကော်မရှင်ဖွဲ့တာတွေ။ ကော်မရှင်နဲ့ပဲ ပြီးသွားမယ့် သဘောဖြစ် နေတယ်။ အစိုးရက တားထားတဲ့ကိစ္စကို တပ်ကဖျက်တာကို လွှတ်တော်ကရော လက်ပိုက်ကြည့် နေကြတော့မှာလား။ စစ်ပွဲတွေက မဖြစ်သင့်တော့ဘူး။ သိပ်လည်း အရုပ်ဆိုးတယ်''ဟု ဦးခွန် ထွန်းဦး (ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ)က ပြောကြားခဲ့ သည်။

၈၈ မျိုးဆက် ကျောင်းသားများကလည်း အချက်ခြောက် ချက်ပါ ကြေညာ ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ယခုစစ်ပွဲများကြောင့် အစိုးရတပ်မှဖြစ်စေ၊ KIA ဘက်မှ ဖြစ်စေ ထိခိုက်ကျဆုံးရသော ရဲဘော်များအပါအ၀င် ဆုံးရှုံးမှု များသည် ပြည်ထောင်စုတစ်ရပ်လုံး၏ ဆုံးရှုံးမှုများပင်ဖြစ်ကြောင်း၊ ယခုကဲ့ သို့ တိုက်ပွဲအရှိန် မြင့်တက်နေမှုများသည် တိုင်းရင်း သားအဖွဲ့ အစည်း များနှင့် ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေမည့်အပြင် အဓိ ပ္ပာယ် ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ထွန်းရေးအတွက် အဟန့် အတား ဖြစ်လာနိုင်ကြောင်း၊ ကျွန်ုပ်တို့ ၈၈ မျိုးဆက် ကျောင်းသားများအေ နဖြင့် လည်း အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခု ဖြစ်ပွားနေသော နှစ်ဖက်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်ဆိုင်း ၍ ဆွေးနွေး
ညှိနှိုင်း ဖြေရှင်းကြပါရန် အလေးအနက် တိုက်တွန်းလိုက် ရပါကြောင်း စသည်ဖြင့် ပါဝင်သည်။

စစ်ပွဲရပ်ဆိုင်းရန် တောင်းဆိုမှုအချို့'စစ်ပွဲဆိုတာ လူ့အဖွဲ့အစည်းတစ်ခု၊ လူ့ယဉ်ကျေးမှုတစ်ခုရဲ့ အနိမ့်ကျဆုံး၊ အဆိုးရွားဆုံးဖြစ်ရပ်ပါပဲ။ နှစ်ဖက် စလုံးမှာ ရပ်တည်ချက်ကိုယ်စီ အကြောင်းပြချက် ကိုယ်စီရှိကြပေမယ့် စစ်ပွဲကိုမရပ်တန့်နိုင်ဘူးဆိုတာ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ ဉာဏ်ပညာနိမ့်ကျမှုနဲ့ အတ္တတရား ကြီးထွားနေမှုကို ဖော်ပြနေတာပါပဲ။ နိုင်ငံရဲ့ တခြား ကဏ္ဍတွေမှာ ဘယ်လောက်ပဲ တိုးတက်နေပါစေ။ စစ်ပွဲတွေရှိနေသေး မယ်ဆိုရင် လူသားတွေရဲ့ တိုင်းပြည်လို့ တောင် မသတ်မှတ်နိုင်ပါဘူး။ သားရဲတွေရဲ့ တောအုပ်တစ်ခုလို့ပဲ သတ်မှတ်လို့ ရနိုင်ပါလိမ့်မယ်'
♦ တေးရေး မြင့်မိုးအောင်

'စစ်ဖြစ်တယ်ဆိုတာ ဘယ်စစ်မဆိုလူတွေကို ကောင်းကျိုးမပေးပါဘူး။ လူတွေကို ဆိုးကျိုးပဲပေးတာပါ။ အခုလို နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှုတွေ လုပ်ဆောင်နေတဲ့အချိန်မှာ ဒီလိုပြင်းထန်တဲ့ စစ်ပွဲတွေ ထပ်ပြီး
တော့ ဖြစ်နေတယ်။ တစ်ဖက်က ပွင့်လင်းမြင်သာတဲ့ လူ့အဖွဲ့အစည်းကို သွားနေတယ်။ တစ်ဖက်က ပြင်းထန်တဲ့ စစ်ပွဲတွေ ဖြစ်နေတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ အခြေအနေလို့ ကျွန်တော်မြင်ပါတယ်။ လုံးဝမဖြစ်သင့် မဖြစ်ထိုက်တဲ့ အခြေအနေမျိုးမှာ အခုလိုပြင်းထန်တဲ့ အခြေအနေ
တွေ ဖြစ်ပေါ်နေတယ်ဆိုတာ ကြီးမှားတဲ့ မှားယွင်းမှုတွေ ရှိနေတယ်လို့ မြင် ပါတယ်။ အဲဒီကြီးမားတဲ့ အမှားယွင်းတွေက ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာ အမြန်ဆုံး အဖြေရှာပြီး အမြန်ဆုံးပြေလည်သွားဖို့ အထူးလို အပ်နေပါပြီ။ ဒီစစ်ကို လုံးဝမလိုလားဘူး။ ဒီစစ်ကို မထောက်ခံပါဘူး။ ဒီစစ်ပွဲမြန်မြန်ပြီးမှ ဖြစ်မှာပါ။ အဲဒီဒေသမှာရှိတဲ့ ကလေးငယ်တွေ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ ပြည်သူတွေအားလုံး အေးချမ်းပြီး လွတ်လပ်ရေးရဲ့ အရသာကို ခံစားရမှာပါ။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အမြန်ဆုံးရပ်စဲပေးပါလို့ ကျွန်တော့်အနေနဲ့ တောင်းဆိုပါတယ်'
♦ ဦးဝင်းကြိုင် (အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်)

'တိုက်ပွဲတွေလည်း တော်တော်ဖြစ်ပြီးပြီ။ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းမှာ တိုက်ပွဲ
တွေလည်း အတော် ပြင်းထန်လာတယ်။ တိုင်းရင်းသား ညီအစ်ကို အချင်း ချင်း အပြတ်တိုက်တာတော့ မလိုလားဘူး။ အရင်နှစ် ပေါင်းများစွာကလည်း အတူနေလာတယ်။ နောင်လည်း အတူတူနေမှာပဲ။ နိုင်နိုင်ရှုံးရှုံး အပြတ် တိုက်မယ်ဆိုတဲ့ မူဝါဒမျိုးကိုတော့ မဆုံးဖြတ်စေ ချင်ဘူး။ ပြေလည်
အောင်ညှိနှိုင်းဖို့ လမ်းစဉ်ကိုပဲ လိုလားပါတယ်'
♦ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်

'ကျွန်တော်တို့စစ်သားတွေဟာ သာမန်လူတွေထက် ငြိမ်းချမ်းရေးကို ပိုလိုချင်ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ် ပြီဆိုရင် ပထမဆုံးစစ်ပွဲကို ရင်ဆိုင်ရတာ ကျွန်တော်တို့စစ်သားတွေပါ။ ပြည်သူတွေမဟုတ်သေးသလို နိုင်ငံရေး သမား တွေလည်း မဟုတ်ပါဘူး။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုရင် ပြည်သူတွေကနေ စစ်ပွဲကိုရပ်တန့်ဖို့ ဆန္ဒပြကြတာ ရှိပါတယ်။ ဒါ့အပြင် နိုင်ငံရေး သမားတချို့ ကလည်း တစ်ဖက်တစ်လမ်းကနေ လှုံ့ဆော်နေတာတွေ ရှိကြပါတယ်။ သူတို့တွေဟာ တကယ့်စစ်ပွဲရဲ့ ကန့်လန့်ကာနောက်ကသူတွေပါ။ စစ်ပွဲရဲ့ အနိဋ္ဌာရုံကို အမှန်တကယ်ခံစားရတာ စစ်သားတွေပါ။ ကျွန်တော်ပြော ချင်တာက စစ်သားတွေဟာ နိုင်ငံရေး အခြေအနေအမျိုးမျိုးကြောင့် တိုင်းပြည် အတွက် စစ်တိုက်နေရပေမယ့် ဘယ်စစ်သားကမှ စစ်မတိုက် ချင်ကြဘူး'

♦ တပ်မတော်မှ အမည်မဖော်လိုသူ အရာရှိငယ်တစ်ဦး

ရွှေမီဒီယာ
၂၀၁၁ ခုနှစ် ဇွန်လမှစတင်ကာ ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA အကြား တစ်ကျော့ပြန် ဖြစ်ပွား လျက်ရှိသော စစ်ပွဲ များသည် ၂၀၁၂ ခုနှစ် အတွင်း ပိုမိုပြင်း ထန်ခဲ့ပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင် ရခြင်း၊ လူမှုရေး၊ စီးပွား ရေးထိခိုက်မှုများအပြင် စစ်ပွဲကြောင့် သေဆုံးမှုများပါ ရှိလာသောကြောင့် စစ်ပွဲများ အမြန်ဆုံးရပ်စဲရေးကို နယ်ပယ်အသီးသီးမှ ထင်ရှားသူများက တောင်းဆိုခဲ့ကြပါသည်။ ''တိုက်ပွဲတွေကြောင့် နှစ်ဖက် အသေအပျောက် တော်တော်များနေပြီ။ ပြည်သူတွေလည်း စစ်ဘေး ဒဏ်ကို တော်တော်လေး ခံစား ရပြီးပါပြီ။ ၂၀၁၃ ခုနှစ်မှာတော့ နှစ်ဖက်ခံယူချက်တွေ၊ ခံစားချက်တွေကို မေ့ပစ်ပြီး ခွင့်လွှတ်သင်ခန်းစာယူကာ အမြန်ဆုံး အပစ်အခတ်ရပ်စဲဖို့ လိုနေပါပြီ။ အစိုးရအနေနဲ့လည်း တပ်တွေ မရှိတော့ရင် KIA က ပြည်နယ် အစိုးရကို သိမ်းနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကို လျော့ချသင့်ပါတယ်။

KIA ကလည်း တပ်မတော်က ကျူးကျော်လာတယ်။ ငါတို့တိုက်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကို လျော့ချ သင့်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက်တိုက်ပွဲတွေ အရင်လျော့ချပြီး ငြိမ်းချမ်းရေး ဆွေးနွေး ပွဲတွေ ပြုလုပ်ပေးဖို့ နိုင်ငံတော်သမ္မတကြီးကို တောင်းဆိုချင်ပါတယ်'' ဟု ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေး ရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီအတွင်းရေးမှူး ကချင်ပြည်နယ် အင်ဂျန်းယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဒေါ်ဒွဲဘူက ပြောကြားခဲ့ပါသည်။ ထို့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''ပြည်ထောင်စုထဲမှာ ဘယ်ဒေသ၊ ဘယ် အစိတ်အပိုင်းမှာပဲဖြစ်ဖြစ် ပြည်တွင်း စစ်မီး တောက် လောင်နေခြင်းဟာ အဲဒီသက်ဆိုင်ရာ ဒေသမှာရှိတဲ့ တိုင်းရင်းသားအားလုံး အတွက်
ရော၊ ပြည်ထောင်စုထဲမှာ နေထိုင်တဲ့ တိုင်းရင်းသားအားလုံး အတွက်ရော အနုတ်လက္ခဏာဆောင်တဲ့ ကိစ္စတွေ ဖြစ်တယ်။

ငြိမ်းချမ်းရေးကတော့ အပေါင်း လက္ခဏာဆောင်တယ်။ အဲဒီတော့ ငြိမ်းချမ်း
ရေးရဖို့ဆိုရင် ဘက်အသီးသီးမှာ ပါဝင်တဲ့သူအားလုံးက ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွား၊ ဒေသခံ ပြည်သူတွေနဲ့ တိုင်းရင်းသားများရဲ့ အကျိုးစီးပွား အဲဒါကို အလေးထားပြီးတော့ ဖြစ်နိုင်ခြေရှိတဲ့ ဆောင်ရွက် မှုများကို စတင်
ခြင်းဖြင့်သာ စစ်မီးလျံတွေကို ငြှိမ်းသတ်နိုင်မှာဖြစ်ပါတယ်။ စစ်မှန် သမျှက ပြည်ထောင်စုအတွက် အကျိုးရှိတာမှမဟုတ်ဘဲ။ အဲဒီတာ့ ပြည် တွင်းစစ်ဟူသည် အနုတ်လက္ခဏာ၊ ငြိမ်းချမ်းရေးသည် အပေါင်း လက္ခဏာ။ အပေါင်းလက္ခဏာကို လိုလားတဲ့သူတိုင်းကတော့ ငြိမ်းချမ်းရေးကို လိုလား ကြတာပေါ့''ဟု ပြောကြားပါသည်။

ကချင်စစ်ပွဲများ ရပ်စဲရန် ၂၀၁၂ ခုနှစ် ကာလအတွင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေး ပွဲများကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တတိယ အပတ် တွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်မှ ၁၀ ရက်အထိနှင့် အောက်
တိုဘာလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌လည်းကောင်း
ပြုလုပ်ခဲ့သော်လည်း စစ်ပွဲများမှာ ရပ်ဆိုင်းသွားခြင်း မရှိခဲ့ပေ။ တိုက်ပွဲဖြစ်ပွား
မှုသည် မိုးမောက်၊ ဗန်းမော်၊ မန်စီ၊ ၀ိုင်းမော်၊ မြစ်ကြီးနားမြို့နယ်များအထိ သက်ရောက်မှု ရှိလာခဲ့သည့်အတွက် ၂၀၁၁ ခုနှစ် ဇွန်၊ ဇူလိုင်လများမှ စတင်
ကာ ဒေသခံများသည် နေထိုင်ရာ ကျေးရွာများကို စွန့်ခွာမှုများ ရှိလာ
ခဲ့သည်။ ဒုက္ခသည်များမှာ မြန်မာနိုင်ငံ အတွင်းသာ မကဘဲ တရုတ်နိုင်ငံ အတွင်းသို့ပါ ထွက်ပြေးတိမ်းရှောင်နေရပြီး တရုတ်အစိုးရက လက်ခံရန် ငြင်း ဆန်သဖြင့် ၂၀၁၂ ခုနှစ် သြဂုတ်လကုန်ပိုင်း၌ မြန်မာနိုင်ငံအတွင်း သို့ ပြန် လည်ရွှေ့ပြောင်းရမှုများ ရှိခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ စစ်ပွဲများ
ကြောင့် မြစ်ကြီးနားနှင့် အခြားမြို့နယ်များတွင် မှီခိုနေသည့် ဒုက္ခသည် အရေအတွက်မှာ တစ်သိန်းဝန်းကျင်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် တို့အကြား ၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအထိ တိုက် ပွဲပေါင်း ၂၄၀၀ ၀န်းကျင် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။ လက်ရှိ ကချင်
ပြည်နယ်အတွင်း၌ စစ်ပွဲများမှာ ပိုမိုပြင်းထန်လာပြီး ကချင်စစ်ဒုက္ခ သည်အ
ရေအတွက်လည်း ပိုမိုများပြားလာခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အကုန် ပိုင်းအထိ ဒုက္ခသည်စခန်းများ၌ စစ်ပြေးဒုက္ခသည် ၁၆၀၀၀၀ ကျော် ရောက်ရှိ
နေကြောင်းလည်း သိရသည်။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က နိုင်ငံ
တော်သမ္မတ ဦးသိန်းစိန်က ကာကွယ်ရေးဦးစီးချုပ်ထံ ကချင်ပြည် နယ်ရှိ ကေအိုင်အေတပ်စခန်းများအား တပ်မတော်မှ ချီတက်ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေခြင်းကြောင့် ဝေဖန်မှုများလည်း ရှိနေခဲ့ပါသည်။
ပြည်ထောင်စုကြီးရဲ့ အကျိုးစီးပွား၊ ဒေသခံပြည်သူတွေနဲ့ တိုင်းရင်း သားများရဲ့ အကျိုးစီးပွား၊ အဲဒါကိုအလေး ထားပြီးတော့ ဖြစ်နိုင်ခြေ ရှိတဲ့ ဆောင်ရွက်မှုများကို စတင်ခြင်းဖြင့်သာ စစ်မီးလျံတွေကို ငြှိမ်းသတ်နိုင်မှာ ဖြစ်ပါတယ်။ စစ်မှန်သမျှက ပြည်ထောင်စုအတွက် အကျိုးရှိတာမှမဟုတ်ဘဲ။ အဲဒီတော့ ပြည်တွင်းစစ်ဟူသည် အနုတ်လက္ခဏာ၊ ငြိမ်းချမ်းရေးသည် အပေါင်းလက္ခဏာ . . .

Marie Stopes International မှ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေး မှူး ဒေါက်တာစစ်နိုင်က ''အခုလို စစ်ပွဲ ဖြစ်ပွားလိုက်တဲ့အတွက်
ကြောင့် ဒေသခံတွေရဲ့ အခြေမြဲနေတဲ့အရာတွေအားလုံး ပျောက်ဆုံး သွား တယ်။ ဒီလို ပျက်စီးပျောက်ဆုံးကုန်တဲ့အတွက် လိုအပ်ချက်ရှိနေတဲ့ အရာတွေက ပိုပြီးတော့ကို ထိခိုက်မှုတွေ ဖြစ်နိုင် တယ်။ အထူးသဖြင့် နိမ့်ပါးပြီး လိုအပ်ချက် ရှိနေတဲ့သူတွေမှာ ပိုပြီးတော့ဖြစ်တာ တွေ့ရတယ်။ အဲဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းတဲ့သူတွေနဲ့ ကလေးငယ်တွေ ပါပါတယ်။ သူတို့တွေအတွက် အန္တရာယ်တွေ ပိုရှိလာမယ်။ အဓိကကတော့ စစ်ဖြစ်နေတဲ့ ဒေသတွေမှာ လိုအပ်နေတဲ့ ၀န်ဆောင်မှုတွေကို ရနိုင်တဲ့နည်းတွေနဲ့ အမြန်ဆုံး ဖြည့် တင်းပေးဖို့ပါ။

အခုဒေသခံတွေမှာလည်း ဒုက္ခတွေ အရမ်းရောက်နေကြပြီဆိုတော့ ဒီလိုဖြစ်နေတဲ့ စစ်ပွဲကိုလည်း အမြန်ဆုံး ရပ်တန့်စေ ချင်ပါတယ်'' ဟု ပြောပြ ခဲ့ပါသည်။ ''စစ်ပွဲတွေ ရပ်ပေးတာ အကောင်းဆုံးပါပဲ။ အခုလို စစ်ဖြစ်တဲ့ အတွက် တကယ်ထိခိုက်နစ်နာရတာ ကိုယ့်တိုင်းရင်းသားတွေပါပဲ။ ဒါကြောင့် နှစ်ဦး နှစ်ဖက်လုံး စစ်မ ဖြစ်ကြဖို့၊ စစ်ပွဲကို ရပ်ပေးကြဖို့ တောင်း ဆိုချင်ပါတယ်'' ဟု ပန်းချီမင်းဝေအောင်က ဆိုပါသည်။ ''ရွေးကောက် ပွဲဝင်တဲ့ ရည်ရွယ်ချက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ပါ။ ပြည်တွင်း ငြိမ်းချမ်းရေးဟာ မရှိမဖြစ် လိုအပ်ပါတယ်။ ကျွန် တော့်အသက် ၆၈ နှစ်ရှိ ပါပြီ။ ပြည်တွင်းစစ် သေနတ်သံ၊ ဗုံးသံတွေကြားမှာ မွေးလာ။ အခုထိလည်း ကြားနေရဆဲပါပဲ။ ကချင်ဒေသအပါအ၀င် တစ်နိုင်ငံလုံး သေနတ်သံတွေ အားလုံး တိတ်ပြီးတော့ တိုင်းပြည်ငြိမ်းချမ်းရေး အမြန်ရချင်ပါတယ်။ အခုလည်း တိုင်းရင်းသား အချင်းချင်းကြားမှာ ဖြစ်ပေါ်နေတဲ့ ကွဲလွဲ ချက်တွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းပါလို့ပဲ တောင်းဆိုချင်ပါတယ်''ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောကြားခဲ့ပါသည်။


''အစိုးရကကျတော့ ငြိမ်းချမ်းရေးယူတယ်။ သူ့အောက်က တပ်ကျတော့ ပြန် ချတယ်ဆိုတော့ ကျွန်တော်တို့ ဘယ်လိုနားလည်ရမလဲ။ ဒီလို ဖြစ်လာ
လေလေ တိုင်းရင်းသားတွေက သူတို့လက်နက်ကို ကျစ်ကျစ် ပါအောင် ကိုင်ထားတော့မှာ။ ဒီကိစ္စတွေ အားလုံးကပြီးသင့်ပါပြီ။ နှစ်ပေါင်း ငါးဆယ် အတွင်းမှာ တစ်ယောက်ကတိုက်လိုက်၊ တစ်ယောက်က လာချော့ လိုက်နဲ့။ ဗမာလည်း ပြည်ထောင်စုသားပဲဗျာ။ အဲဒီတော့ ကျွန်တော်တို့ တိုင်းရင်း သားတွေအချင်းချင်း ဒီလိုပဲ ပြီးကြတော့မှာလား။ ပြီးသွားမယ့် ကိစ္စတွေကို မစဉ်းစားကြတော့ဘူးလား။ နောက်လာဦးမယ်။ ကော်မရှင်ဖွဲ့တာတွေ။ ကော်မရှင်နဲ့ပဲ ပြီးသွားမယ့် သဘောဖြစ် နေတယ်။ အစိုးရက တားထားတဲ့ကိစ္စကို တပ်ကဖျက်တာကို လွှတ်တော်ကရော လက်ပိုက်ကြည့် နေကြတော့မှာလား။ စစ်ပွဲတွေက မဖြစ်သင့်တော့ဘူး။ သိပ်လည်း အရုပ်ဆိုးတယ်''ဟု ဦးခွန် ထွန်းဦး (ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ)က ပြောကြားခဲ့ သည်။

၈၈ မျိုးဆက် ကျောင်းသားများကလည်း အချက်ခြောက် ချက်ပါ ကြေညာ ချက်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ ယခုစစ်ပွဲများကြောင့် အစိုးရတပ်မှဖြစ်စေ၊ KIA ဘက်မှ ဖြစ်စေ ထိခိုက်ကျဆုံးရသော ရဲဘော်များအပါအ၀င် ဆုံးရှုံးမှု များသည် ပြည်ထောင်စုတစ်ရပ်လုံး၏ ဆုံးရှုံးမှုများပင်ဖြစ်ကြောင်း၊ ယခုကဲ့ သို့ တိုက်ပွဲအရှိန် မြင့်တက်နေမှုများသည် တိုင်းရင်း သားအဖွဲ့ အစည်း များနှင့် ယုံကြည်မှု တည်ဆောက်ရေးကို ထိခိုက်စေမည့်အပြင် အဓိ ပ္ပာယ် ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးပွဲများ ပေါ်ထွန်းရေးအတွက် အဟန့် အတား ဖြစ်လာနိုင်ကြောင်း၊ ကျွန်ုပ်တို့ ၈၈ မျိုးဆက် ကျောင်းသားများအေ နဖြင့် လည်း အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေး ဖြစ်စဉ်များအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခု ဖြစ်ပွားနေသော နှစ်ဖက်တိုက်ခိုက်မှုများ အမြန်ဆုံးရပ်ဆိုင်း ၍ ဆွေးနွေး
ညှိနှိုင်း ဖြေရှင်းကြပါရန် အလေးအနက် တိုက်တွန်းလိုက် ရပါကြောင်း စသည်ဖြင့် ပါဝင်သည်။

စစ်ပွဲရပ်ဆိုင်းရန် တောင်းဆိုမှုအချို့'စစ်ပွဲဆိုတာ လူ့အဖွဲ့အစည်းတစ်ခု၊ လူ့ယဉ်ကျေးမှုတစ်ခုရဲ့ အနိမ့်ကျဆုံး၊ အဆိုးရွားဆုံးဖြစ်ရပ်ပါပဲ။ နှစ်ဖက် စလုံးမှာ ရပ်တည်ချက်ကိုယ်စီ အကြောင်းပြချက် ကိုယ်စီရှိကြပေမယ့် စစ်ပွဲကိုမရပ်တန့်နိုင်ဘူးဆိုတာ စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ ဉာဏ်ပညာနိမ့်ကျမှုနဲ့ အတ္တတရား ကြီးထွားနေမှုကို ဖော်ပြနေတာပါပဲ။ နိုင်ငံရဲ့ တခြား ကဏ္ဍတွေမှာ ဘယ်လောက်ပဲ တိုးတက်နေပါစေ။ စစ်ပွဲတွေရှိနေသေး မယ်ဆိုရင် လူသားတွေရဲ့ တိုင်းပြည်လို့ တောင် မသတ်မှတ်နိုင်ပါဘူး။ သားရဲတွေရဲ့ တောအုပ်တစ်ခုလို့ပဲ သတ်မှတ်လို့ ရနိုင်ပါလိမ့်မယ်'
♦ တေးရေး မြင့်မိုးအောင်

'စစ်ဖြစ်တယ်ဆိုတာ ဘယ်စစ်မဆိုလူတွေကို ကောင်းကျိုးမပေးပါဘူး။ လူတွေကို ဆိုးကျိုးပဲပေးတာပါ။ အခုလို နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်း လဲမှုတွေ လုပ်ဆောင်နေတဲ့အချိန်မှာ ဒီလိုပြင်းထန်တဲ့ စစ်ပွဲတွေ ထပ်ပြီး
တော့ ဖြစ်နေတယ်။ တစ်ဖက်က ပွင့်လင်းမြင်သာတဲ့ လူ့အဖွဲ့အစည်းကို သွားနေတယ်။ တစ်ဖက်က ပြင်းထန်တဲ့ စစ်ပွဲတွေ ဖြစ်နေတယ်ဆိုတာ လုံးဝမဖြစ်သင့်တဲ့ အခြေအနေလို့ ကျွန်တော်မြင်ပါတယ်။ လုံးဝမဖြစ်သင့် မဖြစ်ထိုက်တဲ့ အခြေအနေမျိုးမှာ အခုလိုပြင်းထန်တဲ့ အခြေအနေ
တွေ ဖြစ်ပေါ်နေတယ်ဆိုတာ ကြီးမှားတဲ့ မှားယွင်းမှုတွေ ရှိနေတယ်လို့ မြင် ပါတယ်။ အဲဒီကြီးမားတဲ့ အမှားယွင်းတွေက ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာ အမြန်ဆုံး အဖြေရှာပြီး အမြန်ဆုံးပြေလည်သွားဖို့ အထူးလို အပ်နေပါပြီ။ ဒီစစ်ကို လုံးဝမလိုလားဘူး။ ဒီစစ်ကို မထောက်ခံပါဘူး။ ဒီစစ်ပွဲမြန်မြန်ပြီးမှ ဖြစ်မှာပါ။ အဲဒီဒေသမှာရှိတဲ့ ကလေးငယ်တွေ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ ပြည်သူတွေအားလုံး အေးချမ်းပြီး လွတ်လပ်ရေးရဲ့ အရသာကို ခံစားရမှာပါ။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ အမြန်ဆုံးရပ်စဲပေးပါလို့ ကျွန်တော့်အနေနဲ့ တောင်းဆိုပါတယ်'
♦ ဦးဝင်းကြိုင် (အထွေထွေအတွင်းရေးမှူး မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်)

'တိုက်ပွဲတွေလည်း တော်တော်ဖြစ်ပြီးပြီ။ ၂၀၁၂ခုနှစ် နှစ်ကုန်ပိုင်းမှာ တိုက်ပွဲ
တွေလည်း အတော် ပြင်းထန်လာတယ်။ တိုင်းရင်းသား ညီအစ်ကို အချင်း ချင်း အပြတ်တိုက်တာတော့ မလိုလားဘူး။ အရင်နှစ် ပေါင်းများစွာကလည်း အတူနေလာတယ်။ နောင်လည်း အတူတူနေမှာပဲ။ နိုင်နိုင်ရှုံးရှုံး အပြတ် တိုက်မယ်ဆိုတဲ့ မူဝါဒမျိုးကိုတော့ မဆုံးဖြတ်စေ ချင်ဘူး။ ပြေလည်
အောင်ညှိနှိုင်းဖို့ လမ်းစဉ်ကိုပဲ လိုလားပါတယ်'
♦ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန်

'ကျွန်တော်တို့စစ်သားတွေဟာ သာမန်လူတွေထက် ငြိမ်းချမ်းရေးကို ပိုလိုချင်ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ် ပြီဆိုရင် ပထမဆုံးစစ်ပွဲကို ရင်ဆိုင်ရတာ ကျွန်တော်တို့စစ်သားတွေပါ။ ပြည်သူတွေမဟုတ်သေးသလို နိုင်ငံရေး သမား တွေလည်း မဟုတ်ပါဘူး။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုရင် ပြည်သူတွေကနေ စစ်ပွဲကိုရပ်တန့်ဖို့ ဆန္ဒပြကြတာ ရှိပါတယ်။ ဒါ့အပြင် နိုင်ငံရေး သမားတချို့ ကလည်း တစ်ဖက်တစ်လမ်းကနေ လှုံ့ဆော်နေတာတွေ ရှိကြပါတယ်။ သူတို့တွေဟာ တကယ့်စစ်ပွဲရဲ့ ကန့်လန့်ကာနောက်ကသူတွေပါ။ စစ်ပွဲရဲ့ အနိဋ္ဌာရုံကို အမှန်တကယ်ခံစားရတာ စစ်သားတွေပါ။ ကျွန်တော်ပြော ချင်တာက စစ်သားတွေဟာ နိုင်ငံရေး အခြေအနေအမျိုးမျိုးကြောင့် တိုင်းပြည် အတွက် စစ်တိုက်နေရပေမယ့် ဘယ်စစ်သားကမှ စစ်မတိုက် ချင်ကြဘူး'

♦ တပ်မတော်မှ အမည်မဖော်လိုသူ အရာရှိငယ်တစ်ဦး

No comments:

Post a Comment

My Blog List