Wednesday, January 02, 2013

ကြံခင်း မသနောစက်ရုံရှိ ဆီသိုလှောင်ခန်းအတွင်း ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ရှိ ကြံခင်း မသနောစက်ရုံ၏ ပေ ၄၀ ခန့် ပတ်လည် ဆီသိုလှောင်ခန်းအတွင်းဒီဇင်ဘာလ ၃၁ ရက်နေ့ နေ့လည် ၁ နာရီ ၁၀ မိနစ်ခန့် အချိန်က မီးလောင်မှုဖြစ် ပွားခဲ့ကြောင်း သိရပါသည်။ "စက်ရုံမှာရှိတဲ့ သီးသန့်ဆီသိုလှောင်ထားတဲ့ တိုက်ခန်းမှာ မီးလောင်တာပါ။နေ့လည် ၁ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ မီးစလောင်ပါတယ်။ ဆီလှောင်ခန်းက ပေ ၄၀ ပတ်လည်လောက်ရှိပါတယ်။ အသက် ၄၀ ကျော်အရွယ် အမျိုးသားဝန်ထမ်းတစ်ယောက် မီးလောင်ဒဏ်ရာနည်းနည်းရလို့ ဆိပ်သာ တိုက်နယ်ဆေးရုံကို မီးလောင်ပြီး နာရီဝက်လောက်အကြာမှာ ပို့ထားရပါတယ်။ တခြားထိခိုက်တာတော့မရှိပါဘူး။
 မီးစလောင်တဲ့အချိန်မှာ မီးခိုးလုံးကြီးတွေက ထန်းပင်တဖျားလောက်ရှိ ပါတယ်။ ၁ နာရီခွဲလောက်မှာတော့ မီးသတ်တွေ ရောက်လာပါတယ်။ ၂ နာရီခွဲကျော်ကျော်လောက်မှာ မီးလုံးဝငြိမ်းသွားပါတယ်" ဟု ကြံခင်းမသနောစက်ရုံအနီးရှိ ဆိပ်သာကျေးရွာမှဒေသခံတစ်ဦးကပြောပြပါတယ်။ "ကျွန်တော်တို.မီးသတ်က မီးလောင်တာကို ၁ နာရီ ၁၅ မိနစ်မှာ သိရပါတယ်။ ကြံခင်းမီးသတ်က မီးသတ်ကား ၂ စီးက ၁ နာရီခွဲလောက်ကို အရောက်သွားခဲ့ပါတယ်။ ၁ နာရီကျော်လောက် မီးသတ်ပြီးတဲ့ အခါမှာတော့ မီးလုံးဝငြိမ်းသွားခဲ့ပါတယ်။ မီးများမှာစိုးတဲ့အတွက် မြန်အောင်က မီးသတ်ကိုအကူ အညီတောင်းခဲ့ပေမယ့် ကြံခင်းက မီးသတ်ကား ၂ စီးနဲ့တင် မီးငြိမ်းနိုင်ခဲ့တဲ့ အတွက် မြန်အောင်က လာကူညီတဲ့ မီးသတ်ကား ၂ စီးက ကြံခင်းမြို.ထဲအရောက်မှာပဲ ပြန်သွားခဲ့ကြပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပါဘူး။ ဆီလှောင်ထားတဲ့ဂိုဒေါင်ကို မီးလောင်ခဲ့တာပါ။
ဘေးပတ်ဝန်းကျင်ကို ထိခိုက်ခဲ့မှုလည်း မရှိပါဘူး။တာဝန်ရှိတဲ့သူတွေကတော့ ဆက်လက်စစ်ဆေးမှုတွေကို လုပ်နေပါတယ်" ဟု ကြံခင်းမီးသတ်ဌာနမှ ၀န်ထမ်းတစ်ဦး၏ ပြောကြားချက်အရသိရပါသည်။ ကြံခင်း မသနောစက်ရုံသည် လွန်ခဲ့သော ၁၅ နှစ်ခန့်က လည်ပတ်မှုရပ်နားထားသော စက်ရုံတစ်ရုံဖြစ်ကြောင်း၊ အဆိုပါစက်ရုံရပ်နားခဲ့ခြင်းမှာပြည်တောင်တန်းရေနံမြေမှ ဓာတ်ငွေ.များကို ဧရာဝတီမြစ်ကိုဖြတ်ပြီး သွယ်တန်းအသုံးပြုခဲ့သော်လည်း နောက်ပိုင်းတွင် သဘာဝဓာတ်ငွေ့လုံလောက်စွာ ရရှိမှုမရှိခြင်းကြောင့် ရပ်နားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့၏ပြောကြားချက်အရသိရပါသည်။

No comments:

Post a Comment

My Blog List