Monday, December 31, 2012

Who's who 2012- ဦးသိမ်းဝေ (ခ) Mr. Serge Pun


Photo: Who's who 2012- ဦးသိမ်းဝေ (ခ) Mr. Serge Pun
===========================


မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနက် ဦးသန့်ရှင်း (Mr.Clean) ဟု ပြည်ပက အသိအမှတ် ပြုခံရသော ဦးသိမ်းဝေသည် မြန်မာနိုင်ငံ၌ စီးပွား ရေးလုပ်ငန်း များစွာကို ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိသော SPA (Myanmar) Ltd. နှင့် First Myanmar Investment Co.,Ltd. (FMI) အများပိုင် ကုမ္ပဏီတို့၏ အကြီးအကဲနှင့် ဥက္ကဋ္ဌဖြစ်သည်။

FMI ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းတည် ထောင်ခဲ့ပြီး ယခုအခါ ဘဏ္ဍာရေး ဝန်ဆောင်မှု ကဏ္ဍ၊ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍ၊ အိမ်ရာဖော်ထုတ် တည်ဆောက်ရေး ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍဟူသည့် လုပ်ငန်းကဏ္ဍကြီး ငါးခုခွဲ၍ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁၉ ခုကို ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။

ဦးသိမ်းဝေသည် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်းက ပြည်တွင်းစီးပွားရေး ကျဆင်းမှုနှင့် FMI ကုမ္ပဏီပိုင် လုပ်ငန်းအများစု အပေါ် ကန့်သတ် ချုပ်ချယ်မှု အမျိုးမျိုးတို့ ရင်ဆိုင်ကြုံတွေ့ ခဲ့ရချိန် က ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ရဲဝံ့စွာရင်ဆိုင် ဖြတ်သန်းနိုင်ခဲ့သူ အဖြစ် နာမည် ကျော်ကြားခဲ့ပြီး ယခု ၂၀၁၂ ခုနှစ် အတွင်းတွင်လည်း လုပ်ငန်း စီမံကိန်းသစ်များကို တိုးချဲ့ရင်းနှီး
မြှုပ်နှံခဲ့သဖြင့် ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍ၌ ထင်ရှားသူ တစ်ဦးအဖြစ် The Voice Weekly က ရွေးချယ်လိုက်ရခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်း ကုမ္ပဏီက ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိသော ထင်ရှားသည့် လုပ်ငန်း မှာ သန်လျင်မြို့နယ်ရှိ ကြယ်စင်အိမ်ရာ စီမံကိန်း၊ နာမည်ကျော် Parkson Department Store လာ ရောက်ဖွင့်လှစ်မည့် FMI Centre၊ ဘုရင့်နောင်ရှိ နှစ်ထပ် ခုံးကျော်တံတားနှင့် သြဂုတ်လက ပြန် လည်ဖွင့်လှစ် လုပ်ကိုင်ခွင့် ရရှိသည့် ရိုးမဘဏ်တို့ ဖြစ်ကြပြီး လာမည့် ၂၀၁၂-၂၁၃ ဘဏ္ဍာရေးနှစ် အတွင်း ထပ်မံတိုးချဲ့ ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများမှာ ရန်ကုန်မြို့လယ်ရှိ FMI စင်တာ၊ Grand Meeyahta Executive Residences၊ မီးရထားရုံးချုပ် အဆောက်အအုံဟောင်း
နေရာတို့တွင် ဟိုတယ်များ၊ Shopping Mall များ၊ Service Apartment များ၊ ရုံးခန်းများနှင့် အိမ်ခန်းများ ပါဝင်သော ၁၀ ဧကခန့် ကျယ်ဝန်းမည့် အထပ်မြင့် မြို့ပြ စီမံကိန်းသစ်၊ လေယာဉ်စင်းလုံး ငှားရမ်းမှုနှင့် ပြည်တွင်း ၌ ပျံသန်းပြေးဆွဲမည့် လေကြောင်းလိုင်းသစ်၊ ဂျပန်နိုင်ငံမှ ဟီးနိုးအမှတ် တံဆိပ် မော်တော်ယာဉ် များ တင်သွင်း ရောင်းချခြင်းနှင့် Service Centre ဖွင့်လှစ်မည့် Hino Service Station တို့ဖြစ်သည်။

ယခုအခါ ကုမ္ပဏီ၌ အစုရှယ်ယာရှင် စုစုပေါင်း ၄၇၀၀ ဦးရှိပြီး အခက်အခဲ အကျပ်အတည်းများနှင့် ကြုံခဲ့ ရသော်လည်း ရှယ်ယာရှင် များကို
 နှစ်စဉ်မပျက် မကွက် အမြတ်ငွေများ ခွဲဝေ ပေးနိုင်ခဲ့သည်။

SPA (Myanmar)Ltd. ကို ၁၉၉၁ ခုနှစ် တွင် ဟောင်ကောင်မှ မြန်မာနိုင်ငံသို့
ပြောင်းရွှေ့ တည်ထောင်ခဲ့ပြီး ယခုအခါ FMI ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ Yoma Strategic Holding Ltd. တို့နှင့် လုပ်ငန်းများ ပူးပေါင်းရင်းနှီး
မြှုပ်နှံ ဆောင် ရွက်လျက် ရှိသည်။


The Voice Weekly
မြန်မာ့စီးပွားရေး လုပ်ငန်းရှင်ကြီးများ အနက် ဦးသန့်ရှင်း (Mr.Clean) ဟု ပြည်ပက အသိအမှတ် ပြုခံ ရသော ဦးသိမ်းဝေသည် မြန်မာနိုင်ငံ၌ စီးပွား ရေးလုပ်ငန်း များစွာကို ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိသော SPA (Myanmar) Ltd. နှင့် First Myanmar Investment Co.,Ltd. (FMI) အများပိုင် ကုမ္ပဏီတို့၏ အကြီးအကဲနှင့် ဥက္ကဋ္ဌဖြစ်သည်။

FMI ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းတည် ထောင်ခဲ့ပြီး ယခုအခါ ဘဏ္ဍာရေး ဝန်ဆောင်မှု ကဏ္ဍ၊ မော်တော်ယာဉ် လုပ်ငန်းကဏ္ဍ၊ အိမ်ရာဖော်ထုတ် တည်ဆောက်ရေး ကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍနှင့် ဝန်ဆောင်မှု ကဏ္ဍဟူသည့် လုပ်ငန်းကဏ္ဍကြီး ငါးခုခွဲ၍ ကုမ္ပဏီနှင့် စီးပွားရေးလုပ်ငန်း စုစုပေါင်း ၁၉ ခုကို ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသည်။
ဦးသိမ်းဝေသည် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်းက ပြည်တွင်းစီးပွားရေး ကျဆင်းမှုနှင့် FMI ကုမ္ပဏီပိုင် လုပ်ငန်းအများစု အပေါ် ကန့်သတ် ချုပ်ချယ်မှု အမျိုးမျိုးတို့ ရင်ဆိုင်ကြုံတွေ့ ခဲ့ရချိန် က ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် ရဲဝံ့စွာရင်ဆိုင် ဖြတ်သန်းနိုင်ခဲ့သူ အဖြစ် နာမည် ကျော်ကြားခဲ့ပြီး ယခု ၂၀၁၂ ခုနှစ် အတွင်းတွင်လည်း လုပ်ငန်း စီမံကိန်းသစ်များကို တိုးချဲ့ရင်းနှီးမြှုပ်နှံခဲ့သဖြင့် ၂၀၁၂ ခုနှစ် မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍ၌ ထင်ရှားသူ တစ်ဦးအဖြစ် The Voice Weekly က ရွေးချယ်လိုက်ရခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ်အတွင်း ကုမ္ပဏီက ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက် ရှိသော ထင်ရှားသည့် လုပ်ငန်း မှာ သန်လျင်မြို့နယ်ရှိ ကြယ်စင်အိမ်ရာ စီမံကိန်း၊ နာမည်ကျော် Parkson Department Store လာ ရောက်ဖွင့်လှစ်မည့် FMI Centre၊ ဘုရင့်နောင်ရှိ နှစ်ထပ် ခုံးကျော်တံတားနှင့် သြဂုတ်လက ပြန် လည်ဖွင့်လှစ် လုပ်ကိုင်ခွင့် ရရှိသည့် ရိုးမဘဏ်တို့ ဖြစ်ကြပြီး လာမည့် ၂၀၁၂-၂၁၃ ဘဏ္ဍာရေးနှစ် အတွင်း ထပ်မံတိုးချဲ့ ဆောင်ရွက်မည့် လုပ်ငန်း စီမံကိန်းများမှာ ရန်ကုန်မြို့လယ်ရှိ FMI စင်တာ၊ Grand Meeyahta Executive Residences၊ မီးရထားရုံးချုပ် အဆောက်အအုံဟောင်းနေရာတို့တွင် ဟိုတယ်များ၊ Shopping Mall များ၊ Service Apartment များ၊ ရုံးခန်းများနှင့် အိမ်ခန်းများ ပါဝင်သော ၁၀ ဧကခန့် ကျယ်ဝန်းမည့် အထပ်မြင့် မြို့ပြ စီမံကိန်းသစ်၊ လေယာဉ်စင်းလုံး ငှားရမ်းမှုနှင့် ပြည်တွင်း၌ ပျံသန်းပြေးဆွဲ မည့် လေကြောင်းလိုင်းသစ်၊ ဂျပန်နိုင်ငံမှ ဟီးနိုးအမှတ် တံဆိပ် မော်တော်ယာဉ် များ တင်သွင်း ရောင်းချခြင်းနှင့် Service Centre ဖွင့်လှစ်မည့် Hino Service Station တို့ဖြစ်သည်။

ယခုအခါ ကုမ္ပဏီ၌ အစုရှယ်ယာရှင် စုစုပေါင်း ၄၇၀၀ ဦးရှိပြီး အခက်အခဲ အကျပ်အတည်းများနှင့် ကြုံခဲ့ ရသော်လည်း ရှယ်ယာရှင် များကိုနှစ်စဉ်မပျက် မကွက် အမြတ်ငွေများ ခွဲဝေ ပေးနိုင်ခဲ့သည်။ SPA (Myanmar)Ltd. ကို ၁၉၉၁ ခုနှစ် တွင် ဟောင်ကောင်မှ မြန်မာနိုင်ငံသို့ပြောင်းရွှေ့ တည်ထောင်ခဲ့ပြီး ယခုအခါ FMI ကုမ္ပဏီနှင့် စင်ကာပူနိုင်ငံမှ Yoma Strategic Holding Ltd. တို့နှင့် လုပ်ငန်းများ ပူးပေါင်းရင်းနှီးမြှုပ်နှံ ဆောင် ရွက်လျက် ရှိသည်။
The Voice Weekly

No comments:

Post a Comment

My Blog List