Wednesday, January 02, 2013

ဘောလုံးသမားများ အခွန်ငွေ ပေးဆောင်ခြင်း မရှိသေး

Photo: ဘောလုံးသမားများ အခွန်ငွေ ပေးဆောင်ခြင်း မရှိသေး
Monday, 31 December 2012

မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းများသို့ အခွန်ငွေပေးဆောင်ရန် တရားဝင်အကြောင်းကြားထားမှု မရှိသေးကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောကြားသည်။

“ကျွန်တော်တို့ဘောလုံးသမားတွေရော၊ နည်းပြတွေရောကို အခွန် ၃ နှစ် ကင်းလွတ်ခွင့် ရထားပါတယ်။ တိတိကျကျပြောရရင်တော့ ၂၀၀၉ ခုနှစ်
မေလကစပြီး ပေးခဲ့တာပါ။ ပြန်တွက်ရင် ၃ နှစ်ကျော်လာပါပြီ။ ကျွန်တော် တို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ကစားသမားတွေကို ဖေးဖေးမမရှိပါတယ်။ ဥက္ကဋ္ဌက ဒီကိစ္စအတွက် တစ်ခုခုတော့ ကြံဆောင်ကြိုးစားနေတယ်လို့ မျှော် လင့်ပါတယ်” ဟု ၎င်းက ပြောကြား သည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီလမှ စတင်ပြီး ဦးစီးအရာရှိ အဆင့်မှစတင်ကာ အမှုထမ်းများ အားလုံးကို ၀င်ငွေခွန်ကောက်ခံခဲ့ သည်။

ကျပ် ငါးသိန်းအောက်မှ ကျပ်သိန်း နှစ်ရာ နှင့်အထက် အထိ အဆင့်ဆင့်ရှိပြီး ၁ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ အဆင့်ဆင့် ပေးဆောင် ရမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးသမားများ၏ လစာနှုန်းထားများ ကန့်သတ် ရန်အတွက်လည်း အဖွဲ့ချုပ်တာဝန်ရှိသူများနှင့် ဘောလုံး အသင်း တာဝန်ရှိ သူများ ဆွေးနွေးပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“မူအားဖြင့် သဘောတူညီထားတဲ့ အချက်တွေရှိပါတယ်။ အားလုံး သဘော တူညီမှုတွေ ချမှတ်ပြီးသွားရင်တော့ ကျွန်တော်တို့ တရားဝင် အကြောင်း ကြားပေးသွားမှာပါ။ အသင်းတွေကိုရော၊ မီဒီယာကိုရော တရားဝင်ချပြသွား မှာပါ” ဟု ၎င်းက ဆက်က်ပြောကြားသည်။

လက်ရှိအချိန်တွင် တစ်သင်းလျှင် လစာငွေ ကျပ် သိန်း ၂၀ထက် ကျော်လွန် သည့် ကစားသမား ငါးဦးသာ စာချုပ်ချုပ်ဆိုရန် အကျမ်းမျဉ်း သဘောတူ ထားကြောင်း သိရသည်။

ဟိန်းသူ
The Myanma Age
မြန်မာနေရှင်နယ်လိဂ် ဘောလုံးအသင်းများသို့ အခွန်ငွေပေးဆောင်ရန် တရားဝင်အကြောင်းကြားထားမှု မရှိသေးကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောကြားသည်။

“ကျွန်တော်တို့ဘောလုံးသမားတွေရော၊ နည်းပြတွေရောကို အခွန် ၃ နှစ် ကင်းလွတ်ခွင့် ရထားပါတယ်။ တိတိကျကျပြောရရင်တော့ ၂၀၀၉ ခုနှစ်မေလကစပြီး ပေးခဲ့တာပါ။ ပြန်တွက်ရင် ၃ နှစ်ကျော်လာပါပြီ။ ကျွန်တော် တို့ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ကစားသမားတွေကို ဖေးဖေးမမရှိပါတယ်။ ဥက္ကဋ္ဌက ဒီကိစ္စအတွက် တစ်ခုခုတော့ ကြံဆောင်ကြိုးစားနေတယ်လို့ မျှော် လင့်ပါတယ်” ဟု ၎င်းက ပြောကြား သည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီလမှ စတင်ပြီး ဦးစီးအရာရှိ အဆင့်မှစတင်ကာ အမှုထမ်းများ အားလုံးကို ၀င်ငွေခွန်ကောက်ခံခဲ့ သည်။ ကျပ် ငါးသိန်းအောက်မှ ကျပ်သိန်း နှစ်ရာ နှင့်အထက် အထိ အဆင့်ဆင့်ရှိပြီး ၁ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ အဆင့်ဆင့် ပေးဆောင် ရမည်ဖြစ်ကြောင်း
မြန်မာနိုင်ငံ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးသမားများ၏ လစာနှုန်းထားများ ကန့်သတ် ရန်အတွက်လည်း အဖွဲ့ချုပ်တာဝန်ရှိသူများနှင့်ဘောလုံးအသင်းတာဝန်ရှိသူများ ဆွေးနွေးပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“မူအားဖြင့် သဘောတူညီထားတဲ့ အချက်တွေရှိပါတယ်။ အားလုံး သဘော တူညီမှုတွေ ချမှတ်ပြီးသွား ရင်တော့ ကျွန်တော်တို့ တရားဝင် အကြောင်း ကြားပေးသွားမှာပါ။ အသင်းတွေကိုရော၊ မီဒီယာကိုရော တရားဝင်ချပြသွား မှာပါ” ဟု ၎င်းက ဆက်က်ပြောကြားသည်။ လက်ရှိအချိန်တွင် တစ်သင်းလျှင် လစာငွေ ကျပ် သိန်း ၂၀ထက် ကျော်လွန် သည့် ကစားသမား ငါးဦးသာ စာချုပ်ချုပ်ဆိုရန် အကျမ်းမျဉ်း သဘောတူ ထားကြောင်း သိရသည်။

ဟိန်းသူ
The Myanma Age

No comments:

Post a Comment

My Blog List