Monday, December 31, 2012

လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြု

Photo: လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များ ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြု
Saturday, December 29, 2012 

ကချင်ပြည်နယ်၊ လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များနှင့် ဥပဒေနှင့်အညီ တူးဖေါ်နေသည့် ကျောက်စိမ်း ကျောက်မျက်လုပ်ကွက်များ
အနက်မှ သက်တမ်းကုန်ဆုံးမည့် သတ်မှတ်လုပ်ကွက်များ၊ ဖော်ထုတ် လုပ်ကွက်များအား နိုင်ငံသား ပုဂ္ဂလိက ကုမ္ပဏီနှင့် အသင်းများကို
ဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

“အဆိုပြုလွှာ တင်သွင်းချင်ရင် ဒီဇင်ဘာ ၃၁ ရက်က စတင်ပြီး မြန်မာ့
ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (ရုံးချုပ်)၊ မြန်မာ့
ကျေက်မျက်ရတနာ ပြတိုက် (နေပြည်တော်) မှာ ကျောက်မျက်ရတနာ ဥပဒေနဲ့အညီ မှတ်ပုံတင်ကြေးပေးသွင်းကာ မှတ်ပုံတင်ပြီးအဆိုပြုလွှာတွေ
ထုတ်ယူတာနဲ့ လုပ်ကွက်မြေပုံတွေ လေ့လာတာတွေကို ဆောင်ရွက်နိုင်
ပါတယ်” ဟု ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူတဦးက
ပြောသည်။

ထို့အပြင် သတ်မှတ် လုပ်ကွက်များအတွက် သတ်မှတ် အဆိုပြုလွှာ မကလ ၂ နှင့် ပုံစံ သမ ၁၊ ဖော်ထုတ် လုပ်ကွက်များအတွက် ဖော်ထုတ်လုပ်ကွက်
အဆိုပြုလွှာ မကလ ၅ နှင့် ပူးတွဲပုံစံ ဖထ ၁ တို့တွင် လိုအပ်သည်များကို
ပြည့်စုံစွာရေးသွင်းရမည် ဖြစ်သည်။

“အဆိုပြုလွှာ လျှောက်ထားတဲ့ ကုမ္ပဏီဟာ အဆိုပြုလွှာနဲ့အတူ ငွေရေး
ကြေးရေး အထောက်အထားတွေ ခိုင်မာမှုရှိကြောင်း မြန်မာစီးပွားရေး
ဘဏ် သို့မဟုတ် အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိကဘဏ် တခုခုမှ Bank Statement ကို ပူးတွဲတင်ပြ လျှောက်ထားရမှာပါ” ဟု လျှောက်ထား
ရန် ပြင်ဆင်နေသူ ဦးမင်းသူ က ပြောသည်။

အမည်မည်းစာရင်း အသွင်းခံရသူ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကိုမူ
လျှောက်ထား လုပ်ကိုင်ခွင့် မပြုကြောင်း သိရသည်။

ခင်မျိုးသွယ်
မဇ္ဈိမ
ကချင်ပြည်နယ်၊ လုံးခင်း၊ ဖားကန့် ရတနာမြေ လုပ်ကွက်သစ်များနှင့် ဥပဒေနှင့်အညီ တူးဖေါ်နေ သည့် ကျောက်စိမ်း ကျောက်မျက်လုပ်ကွက်များ အနက်မှ သက်တမ်းကုန်ဆုံးမည့် သတ်မှတ်လုပ်ကွက် များ၊ ဖော်ထုတ် လုပ်ကွက်များအား နိုင်ငံသား ပုဂ္ဂလိက ကုမ္ပဏီနှင့် အသင်းများကိုဈေးပြိုင်စနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သတ္တုတွင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။
“အဆိုပြုလွှာ တင်သွင်းချင်ရင် ဒီဇင်ဘာ ၃၁ ရက်က စတင်ပြီး မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်း (ရုံးချုပ်)၊ မြန်မာ့ကျေက်မျက်ရတနာ ပြတိုက် (နေပြည်တော်) မှာ ကျောက်မျက်ရတနာ ဥပဒေနဲ့ အညီမှတ်ပုံတင်ကြေးပေးသွင်းကာမှတ်ပုံတင်ပြီးအဆိုပြုလွှာတွေထုတ်ယူတာနဲ့လုပ်ကွက်မြေပုံတွေ လေ့လာတာတွေကို ဆောင်ရွက်နိုင်ပါတယ်” ဟု ကျောက်မျက်ရတနာ လုပ်ကွက်များ ခွင့်ပြုမိန့် ချထားပေးရေး၊ စစ်ဆေးရေးနှင့် ကြီးကြပ်ရေး လုပ်ငန်းကော်မတီမှ တာဝန်ရှိသူတဦးကပြောသည်။

ထို့အပြင် သတ်မှတ် လုပ်ကွက်များအတွက် သတ်မှတ် အဆိုပြုလွှာ မကလ ၂ နှင့် ပုံစံ သမ ၁၊ ဖော်ထုတ် လုပ်ကွက်များအတွက် ဖော်ထုတ်လုပ်ကွက်အဆိုပြုလွှာ မကလ ၅ နှင့် ပူးတွဲပုံစံ ဖထ ၁ တို့တွင် လိုအပ်သည်များကိုပြည့်စုံစွာရေးသွင်းရမည် ဖြစ်သည်။

“အဆိုပြုလွှာ လျှောက်ထားတဲ့ ကုမ္ပဏီဟာ အဆိုပြုလွှာနဲ့အတူ ငွေရေးကြေးရေး အထောက်အထားတွေ ခိုင်မာမှုရှိကြောင်း မြန်မာစီးပွားရေးဘဏ် သို့မဟုတ် အစိုးရ အသိအမှတ်ပြု ပုဂ္ဂလိကဘဏ် တခုခုမှ Bank Statement ကို ပူးတွဲတင်ပြ လျှောက်ထားရမှာပါ” ဟု လျှောက်ထားရန် ပြင်ဆင်နေသူ ဦးမင်းသူ က ပြောသည်။ အမည်မည်းစာရင်း အသွင်းခံရသူ လူပုဂ္ဂိုလ်နှင့် ကုမ္ပဏီများကိုမူလျှောက်ထား လုပ်ကိုင်ခွင့် မပြုကြောင်း သိရသည်။

No comments:

Post a Comment

My Blog List