Thursday, January 03, 2013

နိုင်ငံတကာ ပျံသန်းနေသည့်MAI လေကြောင်းလိုင်းမှ ပြည်တွင်း ခရီးစဉ်များတွင် ပျံသန်းရန်စီစဉ်

Photo: နိုင်ငံတကာ ပျံသန်းနေသည့်MAI လေကြောင်းလိုင်းမှ ပြည်တွင်း
ခရီးစဉ်များတွင် ပျံသန်းရန်စီစဉ်
Wednesday, 02 January 2013

နိုင်ငံတကာ ခရီးစဉ်များသာ ပျံသန်းနေသည့် Myanmar Airways International(MAI) လေကြောင်းလိုင်းသည် ပြည်တွင်းခရီးစဉ်များတွင် ပထမဆုံးအကြိမ် စတင်ပျံသန်းရန် စီစဉ်လျက်ရှိကြောင်း ယင်းလေကြောင်း
လိုင်းမှ Marketing Manager မအေးမရသာ၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းခရီးစဉ်တွေ ပျံသန်းခွင့်ရဖို့အတွက် သက်ဆိုင်ရာကို ခွင့်ပြုမိန့် တောင်းခံထားပါတယ်။ ခွင့်ပြုမိန့်တော့ မကျသေးပါဘူး။ ခွင့်ပြုမိန့်ရပြီးတာနဲ့ ပြည်တွင်းခရီးစဉ်တွေကို ပြေးဆွဲသွားမှာပါ” ဟု မအေးမရသာက ပြောကြားခဲ့သည်။

MAI လေကြောင်းလိုင်းသည် လက်ရှိတွင် ခရီးသည် ၁၀၀ ကျော်ဆံ့ AirBus လေယာဉ်များဖြင့် နိုင်ငံတကာခရီးစဉ်များကို ပျံသန်းလျက်ရှိပြီး အဆိုပါ AirBus လေယာဉ်များသာ ဆင်းသက်နိုင်သည့် ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-နေပြည်တော် ခရီးစဉ်များကို စတင်ပျံသန်း ပြေးဆွဲသွားမည်ဟု သိရသည်။

“လက်ရှိမှာ AirBus လေယာဉ်တွေပဲ ရှိတဲ့အတွက် ဒီလေယာဉ်တွေ ဆင်းနိုင်တဲ့ မြို့တွေကိုပဲ စတင်ပြေးဆွဲသွားမှာပါ။ နောက်ပိုင်းမှာ ပြည်တွင်းက တခြားမြို့တွေကို ခရီးစဉ်တွေ ပြေးဆွဲနိုင်ဖို့ ATR အမျိုးအစား လေယာဉ်တွေ ထပ်မံဝယ်ယူသွားဖို့ ရှိပါတယ်” ဟု မအေးမရသာက ပြောကြားခဲ့သည်။

MAI လေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်များ ပျံသန်းလျက်
ရှိသည့် လေကြောင်းလိုင်း ဖြစ်သည့်အတွက် safety ပိုင်းကိုနိုင်ငံတကာ
သတ်မှတ်စံနှုန်းများအတိုင်း လိုက်နာလုပ်ဆောင်လျက်ရှိသည်။ ယခု ပြည်တွင်းခရီးစဉ်များ ပျံသန်းရန် စီစဉ်ရာတွင်လည်း ယင်းသို့
နိုင်ငံတကာ စံသတ်မှတ်ချက်များအတိုင်း လိုက်နာ၍ ခရီးစဉ်များကို
ပြေးဆွဲသွားမည်ဟု သိရသည်။

MAI လေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်မှ တိုက်ရိုက် ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဆီယမ်ရိ၊ ဂယာ၊ ကွမ်ကျိုး၊ ဘန်ကောက်-စင်ကာပူ-ဘန်ကောက်၊ မန္တလေး-ဂါယာ-မန္တလေး ခရီးစဉ်များကို ပျံသန်းလျက်
ရှိသည့်အပြင် မန္တလေးမှ ဘန်ကောက်၊ စင်ကာပူ၊ ကူမင်းမြို့များသို့
ပြေးဆွဲရန် စီစဉ်လျက်ရှိပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းတွင် ရန်ကုန်မှ ဟောင်ကောင်သို့ တိုက်ရိုက်ခရီးစဉ် ပျံသန်းသွားမည်ဖြစ်သည်။

MAI လေကြောင်းလိုင်းသည် လက်ရှိတွင် AirBus အမျိုးအစား လေယာဉ်
ရှစ်စင်းဖြင့် ခရီးစဉ်များ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Eleven Media Group
နိုင်ငံတကာ ခရီးစဉ်များသာ ပျံသန်းနေသည့် Myanmar Airways International(MAI) လေကြောင်းလိုင်း သည် ပြည်တွင်းခရီးစဉ်များတွင် ပထမဆုံးအကြိမ် စတင်ပျံသန်းရန် စီစဉ်လျက်ရှိကြောင်း ယင်းလေကြောင်းလိုင်းမှ Marketing Manager မအေးမရသာ၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းခရီးစဉ်တွေ ပျံသန်းခွင့်ရဖို့အတွက် သက်ဆိုင်ရာကို ခွင့်ပြုမိန့် တောင်းခံထားပါတယ်။ ခွင့်ပြုမိန့်တော့ မကျသေးပါဘူး။ ခွင့်ပြုမိန့်ရပြီးတာနဲ့ ပြည်တွင်းခရီးစဉ်တွေကို ပြေးဆွဲသွားမှာပါ” ဟု မအေးမရသာက ပြောကြားခဲ့သည်။ MAI လေကြောင်းလိုင်းသည် လက်ရှိတွင် ခရီးသည် ၁၀၀ ကျော်ဆံ့ AirBus လေယာဉ်များဖြင့် နိုင်ငံတကာခရီးစဉ်များကို ပျံသန်းလျက်ရှိပြီး အဆိုပါ AirBus လေယာဉ်များသာ ဆင်းသက်နိုင်သည့် ရန်ကုန်-မန္တလေးနှင့် ရန်ကုန်-နေပြည်တော် ခရီးစဉ်များကို စတင်ပျံသန်း ပြေးဆွဲသွား မည်ဟု သိရသည်။
“လက်ရှိမှာ AirBus လေယာဉ်တွေပဲ ရှိတဲ့အတွက် ဒီလေယာဉ်တွေ ဆင်းနိုင်တဲ့ မြို့တွေကိုပဲ စတင်ပြေး ဆွဲသွားမှာပါ။ နောက်ပိုင်းမှာ ပြည်တွင်းက တခြားမြို့တွေကို ခရီးစဉ်တွေ ပြေးဆွဲနိုင်ဖို့ ATR အမျိုး အစား လေယာဉ်တွေ ထပ်မံဝယ်ယူသွားဖို့ ရှိပါတယ်” ဟု မအေးမရသာက ပြောကြားခဲ့သည်။

MAI လေကြောင်းလိုင်းသည် နိုင်ငံတကာခရီးစဉ်များ ပျံသန်းလျက်ရှိ သည့် လေကြောင်း လိုင်း ဖြစ်သည့်အတွက် safety ပိုင်းကိုနိုင်ငံတကာသတ်မှတ်စံနှုန်းများအတိုင်း လိုက်နာလုပ်ဆောင်လျက် ရှိသည်။ ယခု ပြည်တွင်းခရီးစဉ်များ ပျံသန်းရန် စီစဉ်ရာတွင်လည်း ယင်းသို့နိုင်ငံတကာ စံသတ်မှတ် ချက်များ အတိုင်း လိုက်နာ၍ ခရီးစဉ်များကိုပြေးဆွဲသွားမည်ဟု သိရသည်။

MAI လေကြောင်းလိုင်းသည် လက်ရှိတွင် ရန်ကုန်မှ တိုက်ရိုက် ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဆီယမ်ရိ၊ ဂယာ၊ ကွမ်ကျိုး၊ ဘန်ကောက်-စင်ကာပူ-ဘန်ကောက်၊ မန္တလေး-ဂါယာ-မန္တလေး ခရီးစဉ်များကို ပျံသန်းလျက်ရှိသည့်အပြင် မန္တလေးမှ ဘန်ကောက်၊ စင်ကာပူ၊ ကူမင်းမြို့များသို့ပြေးဆွဲရန် စီစဉ်လျက်ရှိပြီး ၂၀၁၃ ခုနှစ် ဇန်န၀ါရီ လဆန်းပိုင်းတွင် ရန်ကုန်မှ ဟောင်ကောင်သို့ တိုက်ရိုက်ခရီးစဉ် ပျံသန်းသွား မည်ဖြစ်သည်။ MAI လေကြောင်းလိုင်းသည် လက်ရှိတွင် AirBus အမျိုးအစား လေယာဉ်ရှစ်စင်းဖြင့် ခရီးစဉ်များ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List