Thursday, January 03, 2013

သျှမ်းပြည်နယ်ရှိ သျှမ်းပါတီနှစ်ခုပေါင်းရန် ကျားဖြူပါတီဝင်များ လိုလား

Photo: သျှမ်းပြည်နယ်ရှိ သျှမ်းပါတီနှစ်ခုပေါင်းရန် ကျားဖြူပါတီဝင်များ လိုလား

Wednesday, January 02, 2013
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ ကျင်းပနေသော ကျားဖြူပါတီ၏ ဒုတိယအကြိမ်မြောက် ပါတီညီလာခံ တွင် သျှမ်းပါတီများပူးပေါင်း ရန် ပါတီဝင်လိုလားနေကြကြောင်း ညီလာခံတက်ရောက်သူများက ပြောကြား ပါသည်။

“ကျနော်တို့ ဒီကနေ့ အစည်းအဝေးစတယ်။ လူအင်အား ၆၀၀ ကျော်မယ်။ ဒီနေ့တော့ အဖွင့်အစီအ စဉ် ရယ် ပြီးတော့ မနေ့က လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲအကြောင်း ပြန်လည်ဆွေးနွေးမယ်။ ပါတီပူးပေါင်းဖို့လဲပါတယ်။ ပေါင်းဖို့လဲ အားလုံး က လိုလားနေကြတယ်လေ” - ဟု ပြည်နယ် လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ပြောပါ သည်။

ဂျန္နဝါရီ ၂ ရက် နေ့မှ ၄ ရက်နေ့အထိ သျှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ ၏ ဒုတိယ အကြိမ်မြောက် ညီလာခံ အား တာချီလိတ်မြို့ ပါလျှံတရုတ်ဘုံကျောင်း မင်္ဂလာခန်းမ၌ ကျင်းပလျက်ရှိ ကြောင်း၊ အဆိုပါညီလာခံအတွက် ယမန်နေ့က အလုပ်ရုံဆွေးနွေးပွဲ လုပ်ခဲ့ကြောင်း၊ ပါတီ ပေါ်လစီပြုပြင်ဖို့၊ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရဖို့ - အဖွဲ့ပေါင်းနှစ်ဆယ်ခန့်ခွဲပြီး ဆွေးနွေးခဲ့ကြောင်း၊ အ ဆိုပါခေါင်းစဉ် ကြီး နှစ်ခုအောက်တွင် ကျားဖြူ နှင့် ကျားခေါင်းပူးပေါင်းဖို့ရန်လည်း ပါဝင်ကြောင်း - ထိုအလုပ်ရုံမှာ ရလာသည့်အချက်အ လက်များအား ၃ ရက်ကြာညီလာခံ၌ ဆွေးနွေးဆုံးဖြတ်ဖွယ်ရှိကြောင်း ပြောပါသည်။

“တဝိုင်းတဝိုင်းက လူဆယ်ယောက်ကျော်တယ်။ ဝိုင်းပေါင်း ၂၀ လောက်ရှိမယ်။ ၂၀၁၅ အောင်နိုင် ရေးအတွက် ပါတီပူးပေါင်းရမယ်၊ ပါတီပူး ပေါင်းဖို့ နှစ်ဘက်စလုံးက ခေါင်းဆောင်ကြီးတွေမာန်မာန လျော့ရမယ် - အဲဒီ အချက်က အဖွဲ့တွေအားလုံးနီးပါးပဲ ထည့်ရေးကြတယ်။ ဒါပေ မယ့် -- ပူးပေါင်းဖို့မလွယ်သေးဘူးလို့ လူကြီး တွေကပြောတယ်။ ကျမ တို့လူငယ်အမြင်က တော့ ပေါင်းရင်အလွယ်လေး။ မပေါင်းချင်သေးလို့ ခက်နေ တာ” - ဟု ကျားဖြူပါတီဝင် နန်းဖေါင်က ပြောပါသည်။

တာချီလိတ်မြို့၌ သုံးရက်ကြာကျင်းပနေည့် ကျားဖြူပါတီ ဒုတိယ အကြိမ်မြောက်ညီလာခံတွင် ပြည်ထောင်စု တဝှမ်းလုံးရှိ ကျားဖြူပါတီ ဝင် အင် အား ၆၀၀ ကျော်က တက်ရောက်ဆွေးနွေးခဲ့ကြသည်။

စိုင်းအိုက်ပေါင်း ဦးဆောင်သည့် သျှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတို့မှ လွှတ်တော် သုံးရပ်လုံးအတွက် အမတ်မင်း ၅၈ ဦး နေရာရရှိထားသည်။

သျှမ်းသံတော်ဆင့်
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ ကျင်းပနေသော ကျားဖြူပါတီ၏ ဒုတိယအကြိမ်မြောက် ပါတီညီလာခံ တွင် သျှမ်းပါတီများပူးပေါင်း ရန် ပါတီဝင်လိုလားနေကြကြောင်း ညီလာခံတက်ရောက်သူ များက ပြောကြား ပါသည်။

“ကျနော်တို့ ဒီကနေ့ အစည်းအဝေးစတယ်။ လူအင်အား ၆၀၀ ကျော်မယ်။ ဒီနေ့တော့ အဖွင့်အစီအ စဉ် ရယ် ပြီးတော့ မနေ့က လုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲအကြောင်း ပြန်လည်ဆွေးနွေးမယ်။ ပါတီပူးပေါင်း ဖို့လဲပါတယ်။ ပေါင်းဖို့လဲ အားလုံး က လိုလားနေကြတယ်လေ” - ဟု ပြည်နယ် လွှတ်တော်အမတ် စိုင်းဝင်းမြတ်ဦးက ပြောပါ သည်။
ဂျန္နဝါရီ ၂ ရက် နေ့မှ ၄ ရက်နေ့အထိ သျှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ ၏ ဒုတိယ အကြိမ်မြောက် ညီလာခံ အား တာချီလိတ်မြို့ ပါလျှံတရုတ်ဘုံကျောင်း မင်္ဂလာခန်းမ၌ ကျင်းပလျက်ရှိ ကြောင်း၊ အဆိုပါညီလာခံအတွက် ယမန်နေ့က အလုပ်ရုံဆွေးနွေးပွဲ လုပ်ခဲ့ကြောင်း၊ ပါတီ ပေါ်လစီပြုပြင်ဖို့၊ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရဖို့ - အဖွဲ့ပေါင်းနှစ်ဆယ်ခန့်ခွဲပြီး ဆွေးနွေးခဲ့ကြောင်း၊ အ ဆိုပါခေါင်းစဉ် ကြီး နှစ်ခုအောက်တွင် ကျားဖြူ နှင့် ကျားခေါင်းပူးပေါင်းဖို့ရန်လည်း ပါဝင်ကြောင်း - ထိုအလုပ်ရုံမှာ ရလာသည့်အချက်အ လက်များအား ၃ ရက်ကြာညီလာခံ ၌ ဆွေးနွေးဆုံးဖြတ်ဖွယ် ရှိကြောင်း ပြောပါသည်။

“တဝိုင်းတဝိုင်းက လူဆယ်ယောက်ကျော်တယ်။ ဝိုင်းပေါင်း ၂၀ လောက်ရှိမယ်။ ၂၀၁၅ အောင်နိုင် ရေး အတွက် ပါတီပူးပေါင်းရမယ်၊ ပါတီပူး ပေါင်းဖို့ နှစ်ဘက် စလုံး က ခေါင်းဆောင်ကြီးတွေ မာန်မာန လျော့ ရမယ် - အဲဒီ အချက်က အဖွဲ့တွေအားလုံးနီးပါးပဲ ထည့်ရေးကြတယ်။ ဒါပေ မယ့် -- ပူးပေါင်းဖို့မလွယ်သေး ဘူးလို့ လူကြီး တွေကပြောတယ်။ ကျမ တို့လူငယ်အမြင်က တော့ ပေါင်းရင်အလွယ်လေး။ မပေါင်းချင်သေး လို့ ခက်နေ တာ” - ဟု ကျားဖြူပါတီဝင် နန်းဖေါင်က ပြောပါသည်။

တာချီလိတ်မြို့၌ သုံးရက်ကြာကျင်းပနေည့် ကျားဖြူပါတီ ဒုတိယအကြိမ်မြောက် ညီလာခံ တွင် ပြည်ထောင်စု တဝှမ်းလုံးရှိ ကျားဖြူပါတီ ဝင် အင် အား ၆၀၀ ကျော်က တက်ရောက်ဆွေးနွေး ခဲ့ကြသည်။

စိုင်းအိုက်ပေါင်း ဦးဆောင်သည့် သျှမ်းတိုင်း ရင်းသားများဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ နှင့် ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတို့မှ လွှတ်တော် သုံးရပ်လုံးအတွက် အမတ်မင်း ၅၈ ဦး နေရာရရှိထားသည်။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment

My Blog List