Tuesday, January 01, 2013

KIA တပ်ဖွဲ့ဝင်များ အစုလိုက် အပြုံလိုက် အလင်းဝင်ရောက်

အစိုးရတပ်များ စတင်တိုက်စစ်ဆင်ချိန်မှ နောက်ပိုင်းတွင် KIAအဖွဲ့ဝင်များ အလင်းဝင်မှုများ ပိုမိုများပြားလာခဲ့ပါသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ရက်နေ့တွင်လည်း KIA အဖွဲ့ဝင် ဦးသည် လက်နက်များကိုယ်စီဖြင့် အစိုးရတပ်ထံ အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ အလင်းဝင်ရောက်လာသူများမှာ ဒိလိနွေ၊ အမိဆာ၊ အောင်တင်နှင့် နေမျိုးထွန်းတို့ ဖြစ်ပြီး၊ ဂေါ်ရခါးလူမျိုး ဦးနှင့် မြန်မာလူမျိုး ဦးတို့ ဖြစ်ကြပါသည်။

အလင်းဝင်ရောက်လာသူများသည် KIA မှ အတင်းအဓမ္မဖမ်းဆီး လူသစ်စုဆောင်းခံရသူများ ဖြစ်ကြောင်း၊ အခြေခံစစ်ပညာသင်တန်းအား ပတ်ခန့်သာ တက်ရောက်ဖူးပြီး၊ ၄င်းတို့အား သေနတ်တစ်လက်နှင့် ကျည်ဆန် ၅၀ ခန့်သာထုတ်ပေးထားကြောင်းလည်းသိရပါသည်။ ၄င်းတို့သည် လဂျားယန်ရှိ စခန်းများမှ ဖြစ်ပြီး တိုက်ပွဲအတွင်း ခေါင်းဆောင်ကျဆုံးသွားပြီး အလင်းဝင်လာရောက်လာခြင်း ဖြစ်ကြောင်း၊ ယခင်က ၄င်းတို့အား ထွက်ပြေးပါက သေဒဏ်ပေးမည်ပြောထားသဖြင့် ထွက်ပြေး၍မရကြောင်း ယခု ခေါင်းဆောင်မှာ အစိုးရလက်နက်ကြီးပစ်ခတ်မှုကြောင့် ကျဆုံးသွားသဖြင့် ထွက်ပြေးအလင်းဝင် လာခြင်း ဖြစ်ကြောင်းနှင့် KIA အဖွဲ့အတွင်း အဓမ္မလူသစ်စုဆောင်းခြင်းခံရသော တပ်သားသစ်များစွာ ရှိကြောင်း၊ အလင်းဝင်ကြလိုသော်လည်း KIA အဖွဲ့မှ သေဒဏ်ပေးမည်ကို ကြောက်၍ နေရခြင်း သာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ၄င်းအပြင် KIA အဖွဲ့အတွင်း လူမျိုးရေးခွဲခြားမှုများရှိကြောင်း ကချင်လူမျိုးအချင်းချင်းသာ အခွင့်အရေးပေးထားပြီး အခြားလူမျိုးများအား မတရားဖိနှိပ်ခိုင်းစေကြောင်း လည်း သိရပါသည်။

No comments:

Post a Comment

My Blog List