Thursday, January 03, 2013

သတိပေးဆေးရေးပန်းချီများ လမ်းမများထက်တွင်ရေးဆွဲလာ

Photo: သတိပေးဆေးရေးပန်းချီများ လမ်းမများထက်တွင်ရေးဆွဲလာ

Thursday, January 03, 2013
မန္တလေးမြို့၏အဓိကလမ်းမကြီး တချို့၌ မော်တော်ဆိုင်ကယ်များ လမ်းလယ်တွင်မစီးရန် ဆေးရေး ပန်းချီပုံများဖြင့်လမ်းမပေါ်၌ သတိပေးကြေညာ ရေးဆွဲထားသည်ကို တွေ့ရသည်။ “ဆိုင်ကယ်တွေ အလယ်ယာဉ်ကြော (ဘယ်ဘက်ကြော)ကို ၀င်မစီးရဘူး၊အခု လမ်းလယ်ကျွန်းကပ်လျက်မှာ နမူနာ ဆေးရေးပန်းချီတေ လိုက်ဆွဲနေတယ်၊ လိုအပ်တဲ့ အမှတ်အသားတွေကို ဇန်န၀ါရီလအကုန်မှာ အပြီးလုပ်ဆောင်မယ်”ဟု “မန်းစည်ပင်လမ်းတံတား” ဌာနမှူးဒေါ်ခင်မေဌေးက ပြောသည်။ မိန်းလမ်းမကြီး၏ လမ်းအလယ်တွင် ဆိုင်ကယ်မစီးရ သရုပ်ဖော် ဆေးရေးပန်းချီများကို ၃၅ လမ်း၊ ၇၈ လမ်း၊ ၆၂ လမ်း၊ ရန်ကုန်-မန်းလမ်းမကြီးနှင့် ကျုံးပတ်လည်တွင်ထပ်မံ ရေးဆွဲခြင်းများပြုလုပ်မည်ဟု သိရသည်။ “လမ်းမပေါ် ဆေးပန်းချီ ရေးဆွဲလို့အားလုံးပြီးသွားရင် ဆိုင်ကယ် မစီးရနေရာမှာ စီးတာတွေ့ရင်တော့မိုဘိုင်းနဲ့ ဖမ်းကြမှာ၊ယာဉ်ထိန်းရဲ၊ အခွန်၊ ကညန တို့ပူးပေါင်းပြီး ဖမ်းကြလိမ့်မယ်”ဟု ဒေါ်ခင်မေဌေးကပြောသည်။ မန္တလေးမြို့ရှိမိန်းလမ်းမတွင် ယာဉ်ကြော ရှုပ်ထွေးမှုများ ရှိသောကြောင့် ဘယ်ဘက်လမ်းကြောမ တစ်ဆင့်ကျော်တက်ရခြင်းများ ရှိသည်။ လမ်းအလယ်မောင်ြး ခင်းကို ဖမ်းဆီးခြင်းထက် လမ်းများချဲ့ပေးခြင်း၊ ယာဉ်ကြောမရှုပ်စေရန် ရှင်းလင်းပေးခြင်းတို့ကို လုပ်ပေးစေချင်ကြောင်း မန္တလေးဒေသခံအချို့က သုံးသပ်ပြောဆိုသည်။

AutoMobile ဂျာနယ်
မန္တလေးမြို့၏အဓိကလမ်းမကြီး တချို့၌ မော်တော်ဆိုင်ကယ်များ လမ်းလယ်တွင်မစီးရန် ဆေးရေး ပန်းချီပုံ များဖြင့်လမ်းမပေါ်၌ သတိပေးကြေညာ ရေးဆွဲထားသည်ကို တွေ့ရသည်။ “ဆိုင်ကယ်တွေ အလယ် ယာဉ်ကြော (ဘယ်ဘက်ကြော)ကို ၀င်မစီးရဘူး၊အခု လမ်းလယ်ကျွန်းကပ်လျက်မှာ နမူနာ ဆေးရေး ပန်းချီတေ လိုက်ဆွဲနေတယ်၊ လိုအပ်တဲ့ အမှတ်အသားတွေကို ဇန်န၀ါရီလအကုန်မှာ အပြီးလုပ်ဆောင် မယ်”ဟု “မန်းစည်ပင်လမ်းတံတား” ဌာနမှူးဒေါ်ခင်မေဌေးက ပြောသည်။ 
 မိန်းလမ်းမကြီး၏ လမ်းအလယ် တွင် ဆိုင်ကယ်မစီးရ သရုပ်ဖော် ဆေးရေးပန်းချီများကို ၃၅ လမ်း၊ ၇၈ လမ်း၊ ၆၂ လမ်း၊ ရန်ကုန်-မန်းလမ်း မကြီးနှင့် ကျုံးပတ်လည်တွင်ထပ်မံ ရေးဆွဲခြင်းများပြုလုပ်မည်ဟု သိရသည်။ “လမ်းမပေါ် ဆေးပန်း ချီ ရေးဆွဲလို့အားလုံးပြီးသွားရင် ဆိုင်ကယ် မစီးရနေရာမှာ စီးတာတွေ့ရင်တော့မိုဘိုင်းနဲ့ ဖမ်းကြမှာ၊ ယာဉ်ထိန်းရဲ၊ အခွန်၊ ကညန တို့ပူးပေါင်းပြီး ဖမ်းကြလိမ့်မယ်”ဟု ဒေါ်ခင်မေဌေးကပြောသည်။ မန္တလေးမြို့ရှိ မိန်းလမ်းမတွင် ယာဉ်ကြော ရှုပ်ထွေးမှုများ ရှိသောကြောင့် ဘယ်ဘက်လမ်းကြောမ တစ်ဆင့်ကျော်တက် ရခြင်းများ ရှိသည်။ လမ်းအလယ်မောင်ြး ခင်းကို ဖမ်းဆီးခြင်းထက် လမ်းများချဲ့ပေးခြင်း၊ ယာဉ်ကြော မရှုပ်စေရန် ရှင်းလင်းပေးခြင်းတို့ကို လုပ်ပေးစေချင်ကြောင်း မန္တလေးဒေသခံအချို့က သုံးသပ်ပြောဆို သည်။

AutoMobile ဂျာနယ်

No comments:

Post a Comment

My Blog List