Thursday, January 03, 2013

စစ်ပြေးဒုက္ခသည်များကို ကူညီရန် SSA (701) တပ်ဖွဲ့ စီစဉ်

Photo: စစ်ပြေးဒုက္ခသည်များကို ကူညီရန် SSA (701) တပ်ဖွဲ့ စီစဉ်

Wednesday, January 02, 2013
စစ်ပြေးဒုက္ခသည်များကို ကူညီရန် SSA (701) တပ်ဖွဲ့ စီစဉ်
ကချင်နှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်း KIA နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြားမှ ထွက်ပြေးတိမ်း ရှောင် လာမည့် ဒေသခံများကို ကူညီနိုင်ရန် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် နောင်မရွာ အခြေစိုက် သျှမ်းပြည် ပြန်လည် ထူ ထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် အမှတ် 701 တပ်ဖွဲ့မှ ကြိုတင်ပြင်ဆင်နေကြောင်း သိရသည် ။
သျှမ်းပြည်တော်လှန်ရေးနေ့အထိမ်းအမှတ်ကျင်းပစဉ်က 701 စစ်ဒေသမှူးများ
စစ်ပြေးဒုက္ခသည်များအရေး ကူညီရန် ပြင်ဆင်မှုများနှင့် ပတ်သက်၍ အဆိုပါ အမှတ် 701 တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံ တော် ဆင့် အားဤကဲ့သို့ ပြောသည် ။

“တကယ်လို့ ဒုက္ခသည်တွေရောက်လာရင် အကူအညီပေးဖို့ ပြောထားတာတော့ရှိတယ်။ စားနပ်ရိက္ခာက အစပေါ့နော်။ လောလော ဆယ် ဒုက္ခသည်တွေ ရောက်လာတာ မရှိသေးပါဘူး။ နေရာချထားရေးနဲ့ ပတ်သက်လို့တော့ ကချင်နဲ့ သျှမ်းပြည် နယ်စပ်ဘက်မှာ လို့တော့ သိရတယ် ။” ဟု ဆိုသည် ။

လွန်ခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ ကချင်ပြည်နယ် အတွင်း KIO ဋ္ဌဌာနချုပ် လိုင်ဇာမြို့အနီးတွင် KIA နှင့် မြန်မာ အစိုး ရတပ်တို့ အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေပြီး သျှမ်းပြည် (မြောက်ပိုင်း) အတွင်း၌လည်း အစိုးရတပ် လှုပ်ရှားမှု များ ပိုမိုများပြားလာရာ စစ်ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည် ။

KIAနှင့် အစိုးရတပ်တို့ တိုက်ပွဲများအတွင်း ဒုက္ခသည်များ တရုတ်နယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်သူများရှိနေပြီး ကချင် နှင့် သျှမ်း ဒေသခံ စစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်မလာစေရန် တရုတ်နယ်စပ် လုံခြုံရေး တင်းကြပ် ထားကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်
စစ်ပြေးဒုက္ခသည်များကို ကူညီရန် SSA (701) တပ်ဖွဲ့ စီစဉ် ကချင်နှင့် သျှမ်းပြည် (မြောက်ပိုင်း) အတွင်း KIA နှင့် အစိုးရတပ်တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြားမှ ထွက်ပြေးတိမ်း ရှောင် လာမည့် ဒေသခံများကို ကူညီနိုင်ရန် သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် နောင်မရွာ အခြေစိုက် သျှမ်းပြည် ပြန်လည် ထူ ထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် အမှတ် 701 တပ်ဖွဲ့မှ ကြိုတင်ပြင်ဆင်နေကြောင်း သိရသည် ။
သျှမ်းပြည်တော်လှန်ရေးနေ့အထိမ်းအမှတ်ကျင်းပစဉ်က 701 စစ်ဒေသမှူးများစစ်ပြေးဒုက္ခသည်များအရေး ကူညီရန် ပြင်ဆင်မှုများနှင့် ပတ်သက်၍ အဆိုပါ အမှတ် 701 တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက သျှမ်းသံ တော် ဆင့် အားဤကဲ့သို့ ပြောသည် ။

“တကယ်လို့ ဒုက္ခသည်တွေရောက်လာရင် အကူအညီပေးဖို့ ပြောထားတာတော့ရှိတယ်။ စားနပ်ရိက္ခာက အစပေါ့နော်။ လောလော ဆယ် ဒုက္ခသည်တွေ ရောက်လာတာ မရှိသေးပါဘူး။ နေရာချထားရေးနဲ့ ပတ်သက်လို့တော့ ကချင်နဲ့ သျှမ်းပြည် နယ်စပ်ဘက်မှာ လို့တော့ သိရတယ် ။” ဟု ဆိုသည် ။

လွန်ခဲ့သည့် ဒီဇင်ဘာလလယ်ပိုင်းမှစ၍ ကချင်ပြည်နယ် အတွင်း KIO ဋ္ဌဌာနချုပ် လိုင်ဇာမြို့အနီးတွင် KIA နှင့် မြန်မာ အစိုး ရတပ်တို့ အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေပြီး သျှမ်းပြည် (မြောက်ပိုင်း) အတွင်း၌လည်း အစိုးရတပ် လှုပ်ရှားမှု များ ပိုမိုများပြားလာရာ စစ်ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်နေကြောင်း သိရသည် ။

KIAနှင့် အစိုးရတပ်တို့ တိုက်ပွဲများအတွင်း ဒုက္ခသည်များ တရုတ်နယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင် သူများရှိနေပြီး ကချင် နှင့် သျှမ်း ဒေသခံ စစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံအတွင်းသို့ ဝင်ရောက်မလာစေ ရန် တရုတ်နယ်စပ် လုံခြုံရေး တင်းကြပ် ထားကြောင်း သိရသည် ။

သျှမ်းသံတော်ဆင့်

No comments:

Post a Comment

My Blog List