Monday, December 31, 2012

မော်ဒယ်အသစ်တင်သွင်းခွင့်ကြောင့် တစ်စီးလျှင် ကျပ်သိန်း(၄၀) အထိ ကားဈေးကျဆင်းနေ

Photo: မော်ဒယ်အသစ်တင်သွင်းခွင့်ကြောင့် တစ်စီးလျှင် ကျပ်သိန်း(၄၀)
အထိ ကားဈေးကျဆင်းနေ
Monday, December 31, 2012

ရန်ကုန်ကားဈေးကွက်အတွင်း မော်ဒယ်မြင့်ကားများမှာ Car Show Room များ၌ တစ်စီးလျှင် ပျမ်းမျှ ကျပ် ၁၀ သိန်းမှ သိန်း ၃၀ အတွင်း ဈေးနှုန်းများ ကျဆင်းလျှက်ရှိပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများ၌အတွင်း ကားဈေးများမှာ
ကျပ် သိန်း၂၀ သိန်းမှ ၃၀ အတွင်း ဈေးကျဆင်းနေကြောင်း သိရှိရသည်။

ထိုကဲ့သို့ ကျဆင်းလာရခြင်းမှာ ၂၀၁၃ ခုနှစ်တွင်ထပ်မံရောက်ရှိလာတော့မည့်
၉၇ ခုနှစ်မှ ၂၀၀၇ အထိ မော်ဒယ်မြင့်ကားများ ရောက်ရှိလာတော့မည်
ဖြစ်သည့်အပြင်ယခင်ကတည်းက တရိပ်ရိပ်ကျဆင်းလာသောကားဈေးကွက်
အခြေအနေ များကြောင့်ဖြစ်သည်ဟု ကားဈေးကွက်အတွင်းမှ တာဝန်ရှိသူ
များက ဆိုသည်။

ယခင်က 97/ 98/ 99 ခုနှစ်ထုတ် Surf ကားများသည်မူ ယခင်က ၄၀၀ သိန်း စွန်းစွန်းပင် ရှိသော် လည်း ယခုနောက်ပိုင်း ကားဈေးများကျလာ
သည်နှင့်အလျောက် ဈေးများမှာ ၂၅၀ သိန်း ၀န်းကျင်သာရှိတော့ကြောင်း သိရှိရသည်။

`` အခုနောက်ပိုင်း ကားဈေးတွေ ကျတာ တစ်စီးကို အနိမ့်ဆုံး သိန်း ၁၀ သိန်းလောက်ကနေပြီးတော့ ၄၀ လောက်အထိကို ကျလာတာပါ၊ 1300 CC အောက်တွေရော 1300 CC အထက်တွေရော ကျတာပါ၊ အရင်တုန်းက သိန်း ၂၆၀ ကနေပြီးတော့ ၃၀၀ အတွင်းရှိတဲ့ HILUX SURF (4 WD)
တွေဆိုရင်အခု သိန်း ၁၅၀ ၀န်းကျင်ပဲရှိတော့တယ်၊ Harrier(4 WD) 2000 CC ထုတ်ကားတွေဆိုရင် အရင်တုန်းက သိန်း ၂၅၀ ၀န်းကျင်ကနေ အခုနောက်ပိုင်း သိန်း ၁၄၀ အတွင်းလောက်ပဲ ရှိတော့တယ်၊ ဈေးကျရတဲ့ အကြောင်းတွေထဲမှာ မော်ဒယ်အသစ်တွေ တင်သွင်းခွင့်ရတော့မှာနဲ့လည်း သက်ဆိုင်တယ်´´ ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်မှ
ပြောသည်။

ထို့အပြင် Car Show Room များတွင်လည်း အရောင်းအေးလျက်ရှိပြီး
လျှော့ဈေးများဖြင့် ရောင်းချလာကြသည့် Show Room များလည်း ရှိလာကြောင်း တွေ့ရသည်။

မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ တဖြည်းဖြည်း
လျှော့ချပေးလာခြင်းသည် ကားဝယ်စီးနိုင်သည့် အခွင့်အရေးများ ရရှိ
လာသော်လည်း ကားရောင်းဝယ်လုပ်ကိုင်သူများ အခက်အခဲရှိလာကြောင်း သိရှိရသည်။

``ကျနော်တို့ဆီမှာ အခုနောက်ပိုင်း ကားဝယ်တဲ့သူ နေနေသာသာ တစ်နေကုန်လို့ ကားလာ ကြည့်တဲ့သူတောင် မရှိသလောက်ပဲ၊ ကားတွေက
ရောင်းရရင်လည်း 1300 CC အောက်ကားတွေနဲ့ အရစ်ကျ TAXI ကားတွေလောက်ပဲ ရောင်းရတော့တာ၊ ပြီးတော့ မော်ဒယ်သစ်တွေ တင်သွင်းဖို့ နီးလာပြန်တဲ့ အချိန်ကပ်လာပြီဆိုတော့ ဒါတွေက Date Out လာတော့မဲ့ သဘောဖြစ်လာပြီလေ၊ ဒီတော့ ဈေးတွေ ချရောင်းရတော့
တာပေါ့´´ ဟု သင်္ကန်းကျွန်း မြို့နယ် Car Show Room တစ်ခုမှ မန်နေဂျာဖြစ်သူ ကိုမင်းထက်ကိုမှ ပြောသည်။

မော်တော်ယာဉ် တင်သွင်းသော လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၁ ခုနှစ်တွင် အနိမ့်ဆုံး ၉၅ မှ အမြင့်ဆုံး ၂၀၀၅ အထိ မော်ဒယ်များအား တင်သွင်းခဲ့ပြု
ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်း အနိမ့်ဆုံး ၉၆ မှ အမြင့်ဆုံး ၂၀၀၆ ခုနှစ်အထိ တင်သွင်းခွင့်ပြုခဲ့ပြီး ယခုလာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် အနိမ့်ဆုံး ၉၇ မှ အမြင့်ဆုံး ၂၀၀၇ ခုနှစ် မော်ဒယ်များ တင်သွင်းခွင့်ပြုရန် သတ်မှတ်
ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရှိရသည်။

ကားဈေးကွက်အတွင်း ယခုနောက်ပိုင်း မော်ဒယ်မြင့်ကားများထက် 1300 CC ကားများ Car Show Room များတွင် အရောင်းအ၀ယ်ဖြစ်လျက်ရှိပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်မူ မော်ဒယ်မြင့် ကားများ အနည်းငယ်
အရောင်းအ၀ယ်ဖြစ်လျက် ရှိသည်။

1300 CC ကားများတွင် လူငယ်ကြိုက်ဖြစ်သော Mazda(1300 CC) အမျိုးအစား ပြိုင်ကားသည် အခြားကားများထက် စိတ်ဝင်စားမှု များပြားကြောင်း သင်္ကန်းကျွန်း မြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုမှ ပြောသည်။ အဆိုပါကားတန်ဖိုးမှာ ၂၁၀ သိန်း ၀န်းကျင် ရှိသည်။

အဆိုပါ ကားသည် ဂျပန်နိုင်ငံထုတ် အမျိုးအစား ဖြစ်သည်။ ကား၏ စိတ်ဝင်စားကြသည့်အချက်မှာ ပြိုင်ကားဟုဆိုသည်နှင့် တံခါးနှစ်ပေါက်
အမျိုးအစားသာ သိသော်လည်း Mazda သည် တံခါးလေးပေါက်ပါ
ရှိခြင်းဖြစ်ပြီး နောက်တံခါးနှစ်ပေါက်ကို အတွင်းမှ ဖွင့်နိုင်ခြင်း၊ ထို့အပြင်
1.3 L(Rotary) အင်ဂျင်(လေယာဉ်)များတွင်သာ အသုံးပြုသော အင်ဂျင်အမျိုးအစား အသုံးပြုထားခြင်း ကြောင့် ဖြစ်သည်။

`` အခုနောက်ပိုင်း ဂျပန်က ကားတွေကို ၀ယ်သူတွေ တော်တော်များများ စိတ်ဝင်စားလာတာ တွေ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အပိုပစ္စည်း စုံလင်တာရယ်၊ လိုအပ်တဲ့ ပစ္စည်းဆိုရင်တောင်မှ ဈေးသက်သက်သာသာနဲ့ အချိန်သိပ်ပေးစရာ မလိုတာ ရယ်ကြောင့်ပါ၊ ရောင်းအားကတော့ ထုံးစံအတိုင်းမကောင်းပါဘူး၊ ဒါပေမဲ့ ရောင်းအားက အခုရက်ပိုင်းတော့ အရင်ကထက် စာရင် ရောင်းအားနည်းနည်း ပြန်တက်လာတယ်၊ ဆိုင်လည်ပတ်လို့ ရရုံလောက်ပေါ့´´ ဟု သင်္ကန်းကျွန်း မြို့နယ်မှ ကိုမင်းထက်ကိုမှ ပြောသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်မူ Surf ကားများနှင့် Prado ကဲ့သို့သော ကားများ ရောင်းရပြီး Land Rover ကဲ့သို့သော ကားများ ရောင်းရကြောင်း သိရှိရသည်။

Hilux Surf (3000CC) ကားများသည် သိန်း ၂၄၀ မှ ၂၆၀ အတွင်း ရှိကြောင်း သိရှိရသည်။ Prado (96) ထုတ်၊ အင်ဂျင်(2.7 L) အနေဖြင့် သိန်း ၃၂၀ မှ ၃၅၀ အတွင်း ပြန်လည်မြင့်တက်လာကြောင်း သိရှိရသည်။

`` အခုနောက်ပိုင်း ၀င်းထဲမှာ ကားအမြင့်တွေတော့ နည်းနည်းအရောင်း
အ၀ယ်ဖြစ်တယ်တော့ ကြားတယ်၊ အကိုတို့ ဘက်မှာတော့ ငြိမ်နေတယ်၊ Prado တွေကတော့ ဈေးနည်းနည်းတက်လာတယ်၊ ဘာလို့လဲဆိုတော့ ဒီကားတွေဘက် စိတ်ဝင်စားတာ နည်းနည်းများလာတော့ ဈေးတင်
လာတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ အ၀ယ်က အဲလောက်လည်း မများပါဘူး၊ အရောင်းကတော့ အစကထက်တောင် ပိုများလာသေးတယ်´´ ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်မှ ပြောသည်။

ကားဈေးကွက်အတွင်း ကားဈေးများသည် အတက်အကျ တည်ငြိမ်မှု မရှိသော်လည်း အရောင်းအ၀ယ် အနည်းငယ် ရှိကြောင်း၊ ထို့အပြင် လူငယ်ကြိုက် ပြိုင်ကားများသည် သာမန်ကားများထက် စိတ်ဝင်စားမှု
များပြားပြီး အရောင်းအ၀ယ်ဖြစ်လျှက်ရှိသည်။

Myit Makha Mediagroup

ရန်ကုန်ကားဈေးကွက်အတွင်း မော်ဒယ်မြင့်ကားများမှာ Car Show Room များ၌ တစ်စီးလျှင် ပျမ်းမျှ ကျပ် ၁၀ သိန်းမှ သိန်း ၃၀ အတွင်း ဈေးနှုန်းများ ကျဆင်းလျှက်ရှိပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများ၌အတွင်း ကားဈေးများမှာကျပ် သိန်း၂၀ သိန်းမှ ၃၀ အတွင်း ဈေးကျဆင်းနေကြောင်း သိရှိရသည်။ ထိုကဲ့သို့ ကျဆင်းလာရခြင်းမှာ ၂၀၁၃ ခုနှစ်တွင်ထပ်မံရောက်ရှိလာတော့မည့်၉၇ ခုနှစ်မှ ၂၀၀၇ အထိ မော်ဒယ်မြင့် ကားများ ရောက်ရှိလာတော့မည်ဖြစ်သည့်အပြင်ယခင်ကတည်းက တရိပ်ရိပ်ကျဆင်း လာသောကားဈေး ကွက်အခြေအနေ များကြောင့်ဖြစ်သည်ဟု ကားဈေးကွက်အတွင်းမှ တာဝန်ရှိသူများက ဆိုသည်။
ယခင်က 97/ 98/ 99 ခုနှစ်ထုတ် Surf ကားများသည်မူ ယခင်က ၄၀၀ သိန်း စွန်းစွန်းပင် ရှိသော် လည်း ယခုနောက်ပိုင်း ကားဈေးများကျလာသည်နှင့်အလျောက် ဈေးများမှာ ၂၅၀ သိန်း ၀န်းကျင်သာ ရှိတော့ကြောင်း သိရှိရသည်။

`` အခုနောက်ပိုင်း ကားဈေးတွေ ကျတာ တစ်စီးကို အနိမ့်ဆုံး သိန်း ၁၀ သိန်းလောက်ကနေပြီးတော့ ၄၀ လောက်အထိကို ကျလာတာပါ၊ 1300 CC အောက်တွေရော 1300 CC အထက်တွေရော ကျတာပါ၊ အရင်တုန်းက သိန်း ၂၆၀ ကနေပြီးတော့ ၃၀၀ အတွင်းရှိတဲ့ HILUX SURF (4 WD)တွေဆိုရင်အခု သိန်း ၁၅၀ ၀န်းကျင်ပဲရှိတော့တယ်၊ Harrier(4 WD) 2000 CC ထုတ်ကားတွေဆိုရင် အရင်တုန်းက သိန်း ၂၅၀ ၀န်းကျင်ကနေ အခုနောက်ပိုင်း သိန်း ၁၄၀ အတွင်းလောက်ပဲ ရှိတော့တယ်၊ ဈေးကျရတဲ့ အကြောင်းတွေထဲမှာ မော်ဒယ်အသစ်တွေ တင်သွင်းခွင့်ရတော့မှာနဲ့လည်း သက်ဆိုင်တယ်´´ ဟု ဟံသာဝတီယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်မှပြောသည်။

ထို့အပြင် Car Show Room များတွင်လည်း အရောင်းအေးလျက်ရှိပြီးလျှော့ဈေး များဖြင့် ရောင်းချ လာကြသည့် Show Room များလည်း ရှိလာကြောင်း တွေ့ရသည်။ မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်၍ သက်ဆိုင်ရာမှ တဖြည်းဖြည်းလျှော့ချပေးလာခြင်းသည် ကားဝယ်စီးနိုင်သည့် အခွင့်အရေးများ ရရှိလာသော်လည်း ကားရောင်းဝယ်လုပ်ကိုင်သူများ အခက်အခဲရှိလာကြောင်း သိရှိရသည်။

``ကျနော်တို့ဆီမှာ အခုနောက်ပိုင်း ကားဝယ်တဲ့သူ နေနေသာသာ တစ်နေကုန်လို့ ကားလာ ကြည့်တဲ့သူတောင် မရှိသလောက်ပဲ၊ ကားတွေကရောင်းရရင်လည်း 1300 CC အောက်ကားတွေနဲ့ အရစ်ကျ TAXI ကားတွေလောက်ပဲ ရောင်းရတော့တာ၊ ပြီးတော့ မော်ဒယ်သစ်တွေ တင်သွင်းဖို့ နီးလာပြန်တဲ့ အချိန်ကပ်လာပြီဆိုတော့ ဒါတွေက Date Out လာတော့မဲ့ သဘောဖြစ်လာပြီလေ၊ ဒီတော့ ဈေးတွေ ချရောင်းရတော့တာပေါ့´´ ဟု သင်္ကန်းကျွန်း မြို့နယ် Car Show Room တစ်ခုမှ မန်နေဂျာဖြစ်သူ ကိုမင်းထက်ကိုမှ ပြောသည်။

မော်တော်ယာဉ် တင်သွင်းသော လုပ်ငန်းရှင်များအနေဖြင့် ၂၀၁၁ ခုနှစ်တွင် အနိမ့်ဆုံး ၉၅ မှ အမြင့်ဆုံး ၂၀၀၅ အထိ မော်ဒယ်များအား တင်သွင်းခဲ့ပြုခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်း အနိမ့်ဆုံး ၉၆ မှ အမြင့်ဆုံး ၂၀၀၆ ခုနှစ်အထိ တင်သွင်းခွင့်ပြုခဲ့ပြီး ယခုလာမည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် အနိမ့်ဆုံး ၉၇ မှ အမြင့်ဆုံး ၂၀၀၇ ခုနှစ် မော်ဒယ်များ တင်သွင်းခွင့်ပြုရန် သတ်မှတ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာနမှ သိရှိရသည်။

ကားဈေးကွက်အတွင်း ယခုနောက်ပိုင်း မော်ဒယ်မြင့်ကားများထက် 1300 CC ကားများ Car Show Room များတွင် အရောင်းအ၀ယ်ဖြစ်လျက်ရှိပြီး ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်မူ မော်ဒယ်မြင့် ကားများ အနည်းငယ်အရောင်းအ၀ယ်ဖြစ်လျက် ရှိသည်။ 1300 CC ကားများတွင် လူငယ်ကြိုက်ဖြစ်သော Mazda(1300 CC) အမျိုးအစား ပြိုင်ကားသည် အခြားကားများထက် စိတ်ဝင်စားမှု များပြားကြောင်း သင်္ကန်းကျွန်း မြို့နယ်၊ Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုမှ ပြောသည်။ အဆိုပါကားတန်ဖိုးမှာ ၂၁၀ သိန်း ၀န်းကျင် ရှိသည်။

အဆိုပါ ကားသည် ဂျပန်နိုင်ငံထုတ် အမျိုးအစား ဖြစ်သည်။ ကား၏ စိတ်ဝင်စားကြသည့် အချက်မှာ ပြိုင်ကားဟုဆိုသည်နှင့် တံခါးနှစ်ပေါက်အမျိုးအစားသာ သိသော်လည်း Mazda သည် တံခါးလေးပေါက်ပါရှိခြင်းဖြစ်ပြီး နောက်တံခါးနှစ်ပေါက်ကို အတွင်းမှ ဖွင့်နိုင်ခြင်း၊ ထို့အပြင်1.3 L(Rotary) အင်ဂျင်(လေယာဉ်)များတွင်သာ အသုံးပြုသော အင်ဂျင်အမျိုးအစား အသုံးပြုထားခြင်း ကြောင့် ဖြစ်သည်။

`` အခုနောက်ပိုင်း ဂျပန်က ကားတွေကို ၀ယ်သူတွေ တော်တော်များများ စိတ်ဝင်စားလာတာ တွေ့ရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အပိုပစ္စည်း စုံလင်တာရယ်၊ လိုအပ်တဲ့ ပစ္စည်းဆိုရင်တောင်မှ ဈေးသက်သက်သာသာနဲ့ အချိန်သိပ်ပေးစရာ မလိုတာ ရယ်ကြောင့်ပါ၊ ရောင်းအား ကတော့ ထုံးစံအတိုင်းမကောင်းပါဘူး၊ ဒါပေမဲ့ ရောင်းအားက အခုရက်ပိုင်းတော့ အရင်ကထက် စာရင် ရောင်းအားနည်းနည်း ပြန်တက်လာတယ်၊ ဆိုင်လည်ပတ်လို့ ရရုံလောက်ပေါ့´´ ဟု သင်္ကန်းကျွန်း မြို့နယ်မှ ကိုမင်းထက်ကိုမှ ပြောသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်မူ Surf ကားများနှင့် Prado ကဲ့သို့သော ကားများ ရောင်းရပြီး Land Rover ကဲ့သို့သော ကားများ ရောင်းရကြောင်း သိရှိရသည်။ Hilux Surf (3000CC) ကားများသည် သိန်း ၂၄၀ မှ ၂၆၀ အတွင်း ရှိကြောင်း သိရှိရသည်။ Prado (96) ထုတ်၊ အင်ဂျင်(2.7 L) အနေဖြင့် သိန်း ၃၂၀ မှ ၃၅၀ အတွင်း ပြန်လည်မြင့်တက်လာကြောင်း သိရှိရသည်။

`` အခုနောက်ပိုင်း ၀င်းထဲမှာ ကားအမြင့်တွေတော့ နည်းနည်းအရောင်းအ၀ယ်ဖြစ်တယ်တော့ ကြားတယ်၊ အကိုတို့ ဘက်မှာတော့ ငြိမ်နေတယ်၊ Prado တွေကတော့ ဈေးနည်းနည်းတက်လာတယ်၊ ဘာလို့လဲဆိုတော့ ဒီကားတွေဘက် စိတ်ဝင်စားတာ နည်းနည်းများလာတော့ ဈေးတင် လာတာ ဖြစ်နိုင် တယ်၊ ဒါပေမဲ့ အ၀ယ်က အဲလောက်လည်း မများပါဘူး၊ အရောင်းကတော့ အစက ထက်တောင် ပိုများလာသေးတယ်´´ ဟု ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်မှ ပြောသည်။

ကားဈေးကွက်အတွင်း ကားဈေးများသည် အတက်အကျ တည်ငြိမ်မှု မရှိသော်လည်း အရောင်းအ၀ယ် အနည်းငယ် ရှိကြောင်း၊ ထို့အပြင် လူငယ်ကြိုက် ပြိုင်ကားများသည် သာမန်ကားများထက် စိတ်ဝင်စားမှု
များပြားပြီး အရောင်းအ၀ယ်ဖြစ်လျှက်ရှိသည်။

Myit Makha Mediagroup

No comments:

Post a Comment

My Blog List