Wednesday, July 11, 2012

ယနေ့ အချိန်ထိ ပြည်သူများကို အမိန့်အာဏာဖြင့် ခြိမ်းခြောက် နေလျက် ရှိနေ

၁၉၇၅ ခုနှစ်၊ သြဂုတ်လ (၁) ရက်နေ့ ကနေ ၁၉၇၇ ခုနှစ်၊ ဇွန်လ (၃၀) ရကနေ့ ထိ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီး ဖြစ်ခဲ့တဲ့ ဗိုလ်မှူးကြီး ခင်မောင်တင့် (ငြိမ်း) က ဦးရွှေမန်းရဲ့  ဆရာဆိုပြီး အာဏာပါဝါပြနေဆဲ။

မြန်မာပြည်သူပြည်သားများဖြစ်ကြတဲ့ ဦးကျော်သိန်း ဒေါ်တင်နွယ်တို့ မိသားစုဟာ ရန်ကင်းမြို့နယ် အမှတ် (၈) ရပ်ကွက်တွင် ၁၉၆၅ ခုနှစ်မှ ယနေ့အထိ နေထိုင်လာခဲ့ကြပါတယ်၊ ၁၉၉၃ ခုနှစ်မှာ တိုင်းစစ်ဒေသနှင့် ဟိန္ဒူဘုရားကျောင်း ဂေါပက အဖွဲ့တို့က ၄င်းတို့ ဘိုးဘွားပိုင်မြေအား ဟိန္ဒူဘုရားကျောင်းပိုင်မြေဟု ဆိုကာ အတင်းမောင်းထုတ် ဆွဲချခဲ့ပါတယ်။ ၄င်းတို့  မိသားစုမှာ နေစရာ မရှိတော့သဖြင့် အသနားခံစာ တင်ခဲ့တာကြောင့် ၁၉၉၄ ခုနှစ်တွင် ယခု လက်ရှိနေထိုင်လျှက်ရှိသော အမှတ်(၈၆) သဇင်ဖြူလမ်းသွယ် (၄) အမှတ် (၈) ရပ်ကွက် ရန်ကင်းမြို့နယ်တွင် ပြန်လည်အစားထိုးပေးခြင်းခံခဲ့ပါတယ်။

ယင်းမြေကွက်အား စတင်နေထိုင်စဉ်က ရွံ့နွံအိုင်ကြီးမျှသာဖြစ်ပါတာကြောင့် ကိုယ်ထူကိုယ်ထ ခက်ခက်ခဲခဲ ပြုပြင် နေထိုင်လာခဲ့ရပါသည်။ အိမ်ထောင်ဦးစီး ဖြစ်သူ ဦးကျာ်သိန်းမှာ အမှတ်(၂) စက်မှုဝန်ကြီးဌာနမှ သာမန် ရိုးသားသော အစိုးရ၀န်ထမ်းတစ်ဦးဖြစ်ပြီး ၀န်ထမ်းကောင်းလက်မှတ် များ ကိုင်ဆောင်ထားသော အငြိမ်းစား အစိုးရ၀န်ထမ်းဟောင်းတစ်ယောက် ဖြစ်ပါတယ်။ ၄င်းတို့  မိသားစု (၁၈) နှစ်ကျော်ကြာ နေထိုင်လာခဲ့သော ယင်းမြေကွက်အား ယခုအခါတွင် စစ်တက္ကသိုလ် ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှုးကြီး ခင်မောင်တင့် ဆိုသူက ၄င်းပိုင်ဆိုင်သည်ဟု မတရားသဖြင့် စွပ်စွဲကာ လုပ်ကြံတရားစွဲဆိုလာတာကို ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက တစ်ဖက်သက် စစ်ဆေးပြီး အမှုအား အနိုင်ပေးလိုက်ပါတယ်။ တစ်ဖက်သက် စစ်ဆေးပြီး အနိုင်ပေးလိုက်သည်ဆိုရာမှာ ရုံးချိန်းများသာ ပုံမှန်ခေါ်ယူပြီး မည်သည့် ထိရောက်သော စစ်ဆေးမှုမျိုးကိုမျှ ပြုလုပ်ခြင်းမရှိဘဲ ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့်အား အနိုင်ပေးလိုက်ခြင်းဖြစ်လို့  ဖြစ်ပါတယ်။

ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့်ဟာ သူ့ကိုယ်သူ သူရဦးရွှေမန်းရဲ့  ဆရာ ဟုဆိုကာပြောဆိုအာဏာသုံးခဲ့သည်များလည်း ရှိခဲ့ပါတယ်။ စစ်တက္ကသိုလ်မှ ထုတ်ဝေသော ချယ်ရီအလှ(၁၁) ပတ္တမြားရတု မဂ္ဂဇင်း မှာကြည့်နိုင်ပါတယ်။ အမှန်တကယ်လည်း DSA အပါတ်စဉ် (11) ဆင်း သူရဦးရွှေမန်းရဲ့  ဆရာလည်း ဖြစ်နေပါတယ်။

တစ်ဖက်မှာ လွှတ်တော်ဥက္ကဌကြီးမှ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲရန်အတွက် စေတနာ အပြည့်ဖြင့် ကြိုးစားနေချိန်မှာ ၄င်းရဲ့ ဆရာဆိုသူက ယခုလို အာဏာကို အလွဲသုံးစားပြုလုပ်ကာ အပြစ်မဲ့ မိသားစု တစ်စုအပေါ်ကို မတရား အနိုင်ကျင့်နေခြင်းကို လွှတ်တော်ဥက္ကဌ ကြီးအနေဖြင့် ယခုလို လှစ်လျှူရှုမနေပဲ သင့်တော်သလို ဆောင်ရွက်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

ဦးကျော်သိန်း ဒေါ်တင်နွယ်တို့ မိသားစုမှာ ယခုအခါ နေထိုင်ခိုကိုးစရာ မရှိပါသဖြင့် ပဉ္စနိကာယ် ကျောင်းထိုင်ဆရာတော်မှ ခေါ်ယူကယ်ဆယ်ထားရပါတယ်။

ဒီ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့်ဟာ ယခင်က လည်း အခြားသူများပိုင်ဆိုင်သော နေအိမ်ခြံဝင်းများအား အကြိမ်ကြိမ် ၀င်ရောက်ကျူးကျော်ကာခြံစည်း ရိုးခတ်သဖြင့် (၄င်းပိုင်ဆိုင်သလို အတင်းဖန်တီးကာ ခြံစည်းရိုးခတ်တာ ဖြစ်ပါတယ်) မြို့နယ်မ၀တရုံးတွင် အကြိမ်ကြိမ် ခေါ်ယူ ဖြေရှင်းခဲ့ရဖူးပါတယ်။

ဒီ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးဟောင်း ဗိုလ်မှုးကြီးဟောင်း ခင်မောင်တင့် ဟာ ပြိုင်ဘက်ရှေ့နေများအားလည်းခြိမ်းခြောက်သည့် သဘောမျိုးဖြင့် လက်ရှိသမ္မတ နှင့် လွှတ်တော်အကြီးကဲများအားလုံးသည် တစ်ချိန်က ၄င်း၏ တပည့်များဖြစ်သဖြင့် အမှုအား လုံးဝမနိုင် နိုင်ကြောင်းလည်းပြောပါတယ်။ (ပြောသည့်အတိုင်းလည်း အမှန်ပင် မနိုင်ခဲ့ပါ။)

လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်း နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးထွန်းထွန်းဦး တို့ သိစေအပ်သည်.။

ယခုလို အပြစ်မဲ့ မိသားစု တစ်စုအား မတရားသဖြင့် အနိုင်ကျင့်နေခြင်းအား လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေမန်း နှင့်ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့မှ သေချာစွာ ပြန်လည်စီစစ်ပြီး သင့်တော်သလို ကူညီဆောင်ရွက်ပေးနိုင်ပါရန် တင်ပြအပ်ပါသည်။

တင်ပြဖေါ်ပြချက်များအား ပြန်လည်စုံစမ်းနိုင်ပါတယ်။

ရန်ကင်းမြို့ နယ်မှ ကိုယ်ချင်းစာနာသူ ပြည်သူတစ်ဦး။
 
မြတ်လေးငုံ(Blog)

No comments:

Post a Comment

My Blog List