Tuesday, July 10, 2012

ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ရဲ့ ဒုက္ခသည်အကူအညီ စစ်တွေ ရွှေစေတီဆရာတော် လက်မခံ



ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်တွေကို စားနပ်ရိက္ခာ အကူအညီတွေ ပေးနေတဲ့ WFPရဲ့ အကူအညီ ကို စစ်တွေမြို့က နာမည်ကျော် ရွှေစေတီကျောင်းတိုက် ဒုက္ခသည်စခန်း ကျောင်းထိုင်ဆရာတော်က မနေ့က ငြင်းပယ်လိုက်တယ်လို့ သိရပါတယ်။ ငြင်းပယ်ရတဲ့အကြောင်းကတော့ WFP ရဲ့ ဘက်လိုက်မှုတွေကြောင့် ဖြစ်ပါတယ်။ WFP က အဓိကထောက်ပံ့နေတာက ဘင်္ဂါလီများကိုသာ ဖြစ်ပါ တယ်။ ဘင်္ဂါလီတွေပဲ ထောက်ပံ့နေရင် အများပြောစရာဖြစ်မှာစိုးတဲ့အတွက် ရခိုင်တိုင်းရင်းသားများကို မကောင်းတတ်လို့ ဟန်ပြထောက်ပံ့နေတာပါ။ ဒီအကြောင်းကို သေသေချာချာ သိနေလို့ ဆရာတော်က ထောက်ပံ့မှုတွေကို လက်မခံခဲ့တာပါ။ အရင်တုန်းကတည်းကလည်း ရခိုင်ပြည်နယ်မှာ ရှိတဲ့ NGO အဖွဲ့များဟာ ရခိုင်တိုင်းရင်းသားကို နည်းနည်း၊ ဘင်္ဂါလီမွတ်ဆလင်းကိုများများ ကူညီမှုတွေပေးနေတာပါ။ NGO အမည်ခံ ဘင်္ဂါလီရိက္ခာထောက်ပံ့ရေးအဖွဲ့လို့တောင် ပြောလို့ရပါတယ်။ သူတို့ NGO ရုံးတွေ မှာကြည့်ရင်လည်း ဘင်္ဂါလီမွတ်ဆလင်တွေကများပါတယ်။ အဲဒီတော့ ထောက်ပံ့ရင် ဘင်္ဂါလီကိုပဲ အများဆုံးထောက်ပံ့တော့မှာပေါ့ဗျာ။ စစ်တွေမြို့ ရွှေစေတီဘုန်းတော်ကြီးကျောင်း ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ပေါင်း (၄၀၀)ကျော်ရှိပါတယ်။
အကူအညီတွေကတော့အမှန်တကယ်လိုအပ်နေတာပါ။ နိုင်ငံ တကာက အလှူရှင်တွေရဲ့လှူဒါန်းမှုတွေက “ဘင်္ဂါလီများအတွက်သာ”လို့ စာတမ်းထိုးထားရင်တော့ ရခိုင်တိုင်းရင်းသားများကို မလှူပါနဲ့တော့၊ လက်ခံပါတယ်။ အလှူရှင်တွေက နှောင်ကြိုးမဲ့ အကြွင်းမဲ့ လှူဒါန်းထားတွေကို ဒုက္ခသည်မှန်ရင် မျှမျှတတလေးတော့ ပေးကမ်းထောက်ပံ့သင့်တာပေါ့။ ရိုဟင်ဂျာ ဘင်္ဂါလီတွေ ဖျက်ဆီးလို့ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး ဒုက္ခသည်စခန်းရောက်နေတဲ့ ရခိုင်တိုင်းရင်းသားတွေကို တော့ ဟန်ပြလောက်ထောက်ပံ့ပြီး ဘင်္ဂါလီတွေတော့ ပြည့်ပြည့်စုံစုံထောက်ပံ့ပေးနေတာတော့ သူတို့ NGO အဖွဲ့တွေ ကိုယ့်အကြောင်းကိုယ်သိပါတယ်။ ရခိုင်တိုင်းရင်းသားတွေ အခုရောက်နေတဲ့ ဒုက္ခသည်စခန်းဆိုတာတွေဟာ ထိုင်းမှာရှိတဲ့ တတိယနိုင်ငံကိုပို့ပို့ပေးနေတဲ့ ဒုက္ခသည်စခန်းလည်း မဟုတ်ပါဘူး၊ ရခိုင်တိုင်းရင်းသားတွေက တတိယနိုင်ငံကိုသွားချင်လို့ ဟန်ပြလာနေတာလည်းမဟုတ် ပါဘူး။ အမှန်တကယ် နေစရာအိမ်မရှိလို့ ဘင်္ဂါလီရန်ကိုကြောက်လို့ ဒုက္ခသည်စခန်းမှာလာနေနေရတာ ပါ။ အဲဒါကြောင့် NGO တွေအနေနဲ့ သဘောထားမှန်တယ်ဆိုရင်တော့ မှန်မှန်ကန်ကန်ထောက်ပံ့သင် ပါတယ်။ ဒါမှမဟုတ် NGO တွေ သဘောထားမမှန်ကန်ဘူးဆိုရင်တော့ ရခိုင်ပြည်နယ်ထဲမှာတောင် ခြေချခွင့်မပေးသင့်တော့ပါဘူး။ နို့မို့ဆို စစ်ကားတွေထဲမှာ ပြောပြောနေတဲ့ ရန်သူ့ထောက်ပံ့ရေး လမ်းကြောင်းကြီးကို သိသိကြီးနဲ့ ဖွင့်ပေးနေသလိုဖြစ်နေပါပြီ။ ရခိုင်တိုင်းရင်းသားတွေကို သတ်ဖြတ် ဖျက်ဆီးဖို့ ဘင်္ဂါလီမွတ်ဆလင်တွေကို အသားကျွေးအားမွေးခိုင်းနေတယ်ဆိုတာလည်း တဖြည်းဖြည်း သိလာပါပြီ။
NGO တွေရဲ့ မမှန်ကန်တဲ့လုပ်တွေကြောင့် ဒုက္ခသည်အကူအညီတွေကို လက်မခံတဲ့ ဆရာတော်တွေ ရှိပါသေးတယ်။ ဒါကြောင့် NGO တွေ မေးလိုက်ချင်တာကတော့ မှန်မှန်ကန်ကန်ထောက်ပံ့မလား၊ ရခိုင်ပြည်နယ်ထဲနေ ထွက်သွားပေးမလားဆိုတာ ရခိုင်ပြည်နယ်ကိုယ်စား  မေးလိုက်ချင်ပါတော့တယ်။

No comments:

Post a Comment

My Blog List