Wednesday, July 11, 2012

ဝန်ကြီး ဦးအောင်မင်းနဲ့ ၈၈ အဖွဲ့ တွေ့ဆုံ

ဓာတ်ပုံ- ၈၈

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုမြအေး ဦးဆောင်တဲ့ အဖွဲ့ဟာ ကချင်ပြည်နယ်ကို သွားရောက်ပြီး လိုင်ဇာမှာ ကချင်ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး ကိစ္စ တွေ့ဆုံပြီး အပြန် ယမန်နေ့ ဇူလိုင်လ၊(၁၀)ရက် ညနေ ၃း၀၀ နာရီမှာ နေပြည်တော်မှာစစ်ပွဲများရပ်စဲပြီး ငြိမ်းချမ်းမှုဖော်ဆောင်နိုင်ရေး အတွက် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
၈၈ အဖွဲ့နဲ့ ကချင်ခေါင်းဆောင်တွေရဲ့ ငြိမ်းချမ်းရေး ဖြစ်ပေါ်စေရေးတွေ့ဆုံမှုနဲ့ အမှတ်တရ ဓာတ်ပုံရိုက်ကြတာပါ။ ကချင်ပြည်နယ်က ဒုက္စသည်စခန်းတွေကိုလည်း သွားရောက်ခဲ့ကြပါတယ်။ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ကလည်း ကချင် ပြည်သူတွေကို Skype ကနေ တဆင့် နုတ်ဆက်စကားပြောခဲ့ကြပါသေးတယ်။


ကချင်ခေါင်းဆောင်တွေဟာ အပစ်အခတ်ရပ်စဲရေးလိုလားပြီး ငြိမ်းချမ်းရေးကို အလွန်လိုလားနေတယ်ဆိုတာ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

No comments:

Post a Comment

My Blog List