Thursday, July 12, 2012

အကျင့်ဆိုး ၊ စရိုက်ဆိုးနဲ့ အုပ်ချုပ်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို အရေးယူပေးစေလို

ပဲံခူးတိုင်းအနောက်ပိုင်း ၊ သာယာဝတီခရိုင် ၊ ကြို့ပင်ကောက်မြို့နယ် ၊ တူးကံကျေးရွာအုပ်စုမှာ ကျေးရွာအုပ်ချုပ်ရေးမှူးအဖြစ်တာဝန်ထမ်းဆောင်
လျက်ရှိတဲ့ သန်းလွင် ဟာ ရယကဥက္တဌ အဖြစ်ကနေ မြို့နယ်က တာဝန်ရှိသူတွေကို ငွေကျပ်(၁)သိန်းပေးပြီး ကျေးရွာအုပ်ချုပ်ရေးမှူး
အဖြစ်ဆက်လက်တာဝန် ထမ်းဆောင်နေသူဖြစ်ပါသည်။

ရပ်ရွာအကြောင်းများတွင် အရာရာကို ငွေကြေးတောင်းခံရယူနေသူဖြစ် ပါသည်။ ကျေးရွာတွင် သေးငယ်သောအမှုအခင်းများဖြစ်ပွားပါကရဲများခေါ်
လာပြီးဒဏ်ငွေ(၅၀၀၀၀)ကျပ် ဒဏ်ရိုက်ပြီး ရဲနှင့်ဝေစားမျှစားပြုနေပါသည်။လင်မယားစကားများရန်ဖြစ်လျှင်(၇၀၀၀၀)ကျပ်ဒဏ်ငွေ သတ်မှတ်ပြီး မကြာသေးမီရက်ပိုင်းက
 လင်မယားရန်ဖြစ်ခြင်းကို ဒဏ်ငွေ(၇၀၀၀၀)ရိုက်သည့်အပြင် ရဲနှင့်ပေါင်းပြီး ရဲအချုပ်မှာ(၇)ရက်
အချုပ်ခံရသည့်ဖြစ်စဉ်လဲဖြစ်ခဲ့ပါသည်။

၎င်းအနေဖြင့်ဖြေရှင်းပေးသည့် အကြောင်းများရှိလျှင် ၄င်းကိုယ်တိုင်ဆုံးဖြတ်ခြင်းမပြုဘဲ ၄င်း၏
ဇနီးနှင့်သမီးတို့၏အစီအမံပြောဆိုမှုဖြင့် စီရင်ဆုံးဖြတ်ခြင်းများလည်းလုပ်ကိုင်နေပါသည်။

ကျေးရွာအုပ်ချုပ်ရေးမှူး သန်းလွင်ဟာ ကျေးရွာသူ ကျေးရွာသားများ၏ ခိုက်ရန်ဖြစ်ပွားမှုများကို
ရဲနှင့်ပေါင်းစားနေသည့်အပြင် ကုမ္ပဏီများမှ အကြွေး စနစ်ဖြင့်ရောင်းချပေးသော ဓါတ်မြေသြဇာ
များကို ကိုယ်ကျိုးအတွက်သုံးခြင်း ၊ လယ်သမားများမှ ပေးဆပ်သောငွေကြေးများကို ကုမ္ပဏီသို့
မပေးဆပ်ဘဲ ၄င်းကိုယ်ကျိုးအလွဲသုံးစားပြုထားသဖြင့် လယ်သမားများအား ထပ်မံအတောင်းခံ
ရခြင်းများဖြစ်ပေါ်နေပါသည်။

အဆိုးရွားဆုံးမှာ ရပ်ကျိုးရွာကျိုး ဖြစ်သော နိုင်ငံတော်၏စေတနာဖြင့်ချမှတ်ပေးသော ကျေးရွာ
လျှပ်စစ်မီးရရှိရေးကို ဦးစီးဦးဆောင်မပြု ပေးသဖြင့် ကျေးရွာနေပြည်သူများမှ ကိုယ်ထူကိုယ်ထ
ကော်မတီဖွဲ့လုပ်ဆောင်နေရပါသည်။

 ဒီထက် ဆိုးရွားသည်မှာ ကျေးရွာနေ တောင်သူလယ်သမားများအမည်ကို အလွဲသုံးစားပြုပြီး
စိုက်ပျိုးစရိတ် ချေးယူကာ နိုင်ငံတော်သို့ပြန်မပေးဆပ်သဖြင့် စိုက်ပျိုးရေးဘဏ်မှ ယခုနှစ်
ချေးငွေထုတ်ပေးခြင်း မရှိသဖြင့် လယ်သမားများချေးငွေမရသည့်ဖြစ်စဉ်မှာ နိုင်ငံတော်၏ဆင်းရဲ
နွမ်းပါးမှုလျော့ချရေး  လုပ်ငန်းစဉ်ကို ပီပီပြင်ပြင်ဆန့်ကျင်နေပါသဖြင့် ထိရောက်စွာဖော်ထုတ်
အရေးယူဆောင်ရွက်ပေးနိုင် ရေးအတွက် နိုင်ငံတော်သမတကြီးနဲ့တကွ  ဆိုင်ရာဆိုင်ရာဝန်ကြီး
ဌာနများ ၊ အစိုးရအဖွဲ့များ သိရှိဆောင်ရွက် ပေးစေရန် တင်ပြလိုက်ရပါသည်။

ရွှေကြို့သား (သဲသဲ)
 
သစ်ထူးလွင်

No comments:

Post a Comment

My Blog List