Thursday, July 12, 2012

ဝန်ထမ်းများ၏အလွဲသုံးစားမှုမှ တောင်သူလယ်သမားများ၏အခက်အခဲ

ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ကြို့ ပင်ကောက်မြို့ နယ်မှာရှိကြသော တောင်သူလယ်သမား များအနေဖြင့် လယ်ယာမြေများစိုက်ပျိုးချိန်ပြီးဆုံးသည်အထိ နိုင်ငံတော်၏စိုက်ပျိုးစရိတ်ထုတ်ချေးငွေ မရရှိသဖြင့် အတိုးနှုန်းထားများဖြင့်ချေးယူစိုက်ပျိုးနေရသဖြင့် အခက်အခဲများစွာဖြင့်ကြုံတွေ့ နေရ ပါသည်။

တောင်သူလယ်သမားများအနေဖြင့် ခေတ်အစဉ်ဆက်ကပင် နိုင်ငံတော်၏ အစီအစဉ်ဖြင့် ချေးပေးသော မိုးကြို  ၊ ဆောင်ကြိုချေးငွေများကို အားကိုးအားထားပြုပြီးစိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင် ကြရပါသည်။ ယခုနှစ် ၂၀၁၂ ခုနှစ်တွင် နိုင်ငံတော်ထုတ်သတင်းစာများတွင် မိုးကြိုစိုက်ပျိုး စရိတ်ထုတ်ချေးမှုများပြုနေကြောင်းကြားသိရပြီးနောက် ချေးငွေများဘယ်နေ့ရမလဲစောင့်နေရတာ စိုက်ပျိုးပြီးချိန်ထိချေးငွေများမရရှိခဲ့ကြရပါ။ စိုက်ပျိုးစရိတ်မှာ လယ်(၁)ဧကလျှင် (၁၂၀၀၀)ကျပ်ဖြစ် နေသဖြင့်ချေးငွေစောင့်မျှော်နေရခြင်းဖြစ်ပါသည်။

အချို့သောကျေးရွာအုပ်စုများရှိတောင်သူလယ်သမားများအနေဖြင့်ချေးငွေရရှိသော်လည်း
အချို့သောကျေးရွာအုပ်စုများရှိတောင်သူလယ်သမားများအနေဖြင့် ချေးငွေမရရှိကြပါ။
မည့်သည့်အတွက်ကြောင့်ချေးငွေမရကြောင်းကိုသိရှိလိုသဖြင့် စိုက်ပျိုးရေးဘဏ်သို့ သွားရောက်စုံစမ်းရာယခင်နှစ်ကကြွေးကျန်ငွေများမဆပ်သေးသောကြောင့်ဖြစ်ကြောင်း
 တောင်သူလယ် သမား များအနေဖြင့် ရိုးသားသောသဘောအပြည့်ရှိကြသဖြင့် ချေးငွေကို မဖြစ် ဖြစ်တဲ့နည်းဖြင့်ပေးဆပ် သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးများ ၊စာရေးများမှအမည်ပေါက်မရှိသောတောင်သူလယ်သမားများ အမည်ဖြင့် ချေးငွေများကိုအလွဲသုံးစားပြုချေးယူထားပြီး ၄င်းတို့အခက်အခဲများကြောင့်
မပေးဆပ်နိုင်မှု များအပေါ်   ဆင်းရဲရိုးသားစွာလုပ်ကိုင်စားသောက်နေသောတောင်သူ
လယ်သမားများအခက်အခဲကြုံ တွေ့ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

ဖြစ်ပေါ်နေသောကျေးရွာအုပ်စုများမှာဂုမ်းမာကွင်းကျေးရွာအုပ်စု၊ ရှားပင်တကျေးရွာအုပ်စု ၊ အုန်းတောကျေးရွာအုပ်စု ၊ တူးကံကျေးရွာအုပ်စု ၊ ကံကြီးကျေးရွာအုပ်စု ၊ ကျွန်းကုန်းကျေးရွာအုပ်စု ၊ ကျွန်းနက်ကုန်းကျေးရွာအုပ်စု ၊ ငှက်ကြီးသိုက်ကျေးရွာအုပ်စု ၊ လှေတုန်း ကျေးရွာအုပ်စု ၊ ကျောက်ဝကျေးရွာအုပ်စုများတို့ အခက်ကြုံနေရပါသည်။

မသမာသော ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများအလွဲသုံးစားမှုများကို
 နိုင်ငံတော်သမတကြီးနဲ့တကွ  ဆိုင်ရာဆိုင်ရာဝန်ကြီးဌာနများ ၊ အစိုးရအဖွဲ့များ
သိရှိဆောင်ရွက် ပေးစေရန် တင်ပြလိုက်ရပါသည်။

ရွှေကြို့သား (သဲသဲ)

သစ်ထူးလွင်

No comments:

Post a Comment

My Blog List