Saturday, July 14, 2012

အသက်မပြည့်သေးသည့် ကလေးစစ်သားတဦး တပ်မှထွက်ခွင့်ရရန် ကြိုးပမ်းနေ

ပဲခူးတိုင်း၊ ပြည်မြို့မှ ကလေးစစ်သားတဦးဖြစ်သူ မောင်စန်းဝင်းထွဋ် (တပ်ထဲအမည် – မောင်ဆန်းဝင်းထွဋ်) အား တပ်ထဲမှ နှုတ်ထွက်ခွင့်ရရှိရန် ကြိုးပမ်းနေကြကြောင်း သိရသည်။


တပ်မှ ထွက်ခွင့်ရရန် ကြိုးပမ်းနေသည့် ကလေးစစ်သား မောင်စန်းဝင်းထွဋ်
တပ်မှ ထွက်ခွင့်ရရန် ကြိုးပမ်းနေသည့် ကလေးစစ်သား မောင်စန်းဝင်းထွဋ်

ပြည်မြို့၊ ရွာဘဲရပ်ကွက်၊ စည်ကြီးဆွဲ၊ အောင်သစ္စာလမ်းတွင် နေထိုင်သူ မောင်းစန်းဝင်းထွဋ်၏ မိဘများက သူတို့၏သားသည် အသက်မပြည့်သေးသဖြင့် တပ်မှထွက်ခွင့်ရရန် အကူအညီတောင်းခံခဲ့သဖြင့် လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP) နှင့် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) တို့မှ လိုက်လံဆောင်ရွက်ပေးနေခြင်းဖြစ်သည်။
မောင်စန်းဝင်းထွဋ်၏ မွေးသက္ကရာဇ်မှာ သူ၏ ကျောင်းဝင်မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများအရ (၁၀-၇-၁၉၉၅) ဖြစ်သောကြောင့် အသက် ၁၇ နှစ်သာ ရှိသေးသည့် ကလေးငယ်တဦးဖြစ်သည်။
သူ့အား သထုံလေ့ကျင့်ရေး (၉) မှ ဒုတပ်ကြပ် စန်းဦးဆိုသူက (၂၁-၇-၂၀၁၀) ရက်နေ့တွင် “တပ်ထဲဝင်လျင် ဆိုင်ကယ်စီးရမယ်၊ ကားမောင်းရမယ်၊ ကိုယ်ဝါသနာပါတဲ့အလုပ် လုပ်ရမယ်” ဟု မက်လုံးပေးပြောဆိုကာ တပ်ထဲသို့ ခေါ်ဆောင်သွားခဲ့ကြောင်း မောင်စန်းဝင်းထွဋ်က ပြန်လည်ပြောပြသည်။
ထို့နောက် လှည်းကူးမြို့နယ်၊ မင်းကုန်းရှိ လေ့ကျင့်ရေး (၁) သင်တန်းကျောင်းတွင်
စစ်အခြေခံလေ့ကျင့်ရေးသင်တန်း တက်ခဲ့ရပြီး (၁၀-၁၂-၂၀၁၀) ရက်နေ့တွင် သင်တန်းဆင်းကာ  ကိုယ်ပိုင်နံပါတ် (တ/၄၄၀၃၇၈) ဖြင့် သထုံလေ့ကျင့်ရေး (၉) တွင်ပင် တာဝန်ထမ်းဆောင်ခဲ့ရကြောင်း သူက ဆက်ပြောသည်။
ထိုသို့တာဝန်ထမ်းဆောင်စဉ် အထက်အရာရှိများ၏ နိုင်ထက်စီးနင်းလုပ်မှုများနှင့် နှိပ်စက်မှုများကို ခံခဲ့ရကြောင်းလည်း သူ၏ ပြောပြချက်အရ သိရသည်။
သထုံလေ့ကျင့်ရေး (၉) တွင် တာဝန်ထမ်းဆောင်နေစဉ် (၃၊ ၃၊ ၂၀၁၂) ရက်နေ့တွင် မိဘများထံ ပြန်လည်ရောက်ရှိလာသဖြင့် မိဘများက သူ့တို့၏သား တပ်မှထွက်ခွင့်ရရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

No comments:

Post a Comment

My Blog List