Wednesday, July 11, 2012

ဥပဒေဘောင် အတွင်းမှ လူကုန်ကူးမှုများ ရန်ကုန် မြို့လယ်၌ပင် တွေ့နေရ

Human_trafikingsex_worker အရွယ်ကောင်း ရုပ်ချော မိန်း ကလေးငယ်များကို သွေးဆောင် ဖြားယောင်းပြီး လိင်မှုကိစ္စ အလို့ငှာ မြူဆွယ်နေသော လူပွဲစား များသည် ရန်ကုန် ကဲ့သို့သော မြို့ကြီးများတွင်ပင် ပြောင်ပြောင် တင်းတင်း လှုပ်ရှား သွားလာလျက် အသိတရား ကိုယ်ခံ အားနည်းပါးသော မိန်းကလေးငယ် များကို မက်လုံးပေး ဆွဲဆောင် နေကြောင်း သိရသည်။
မကြာသေးမီက ကျင်းပ ပြီးစီး သွားခဲ့သော သင်္ကြန် ပွဲတော်အတွက် တစ်ခုသော သင်္ကြန်မဏ္ဍပ်၌ ဖျော်ဖြေရန် မိန်းကလေး အဆိုရှင်များကို ယှဉ်ပြိုင် စေပြီး လူရွေးပွဲ ပြုလုပ်ခဲ့သည်။ အရွေးချယ် ခံရသူ မိန်းကလေး အဆိုရှင် များသည် တစ်ဦးလျှင် အနုပညာ ကြေးကျပ် ၂,၅၀,၀၀၀ ရရှိ မည် ဖြစ်ပြီး သင်္ကြန်တွင်း လေးရက်စာအတွင်း အစားအသောက်ပါ အခမဲ့စီစဉ် ပေး သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ အဆိုရှင် ရွေးပွဲကျင်းပ ပြီးနောက် အရွေးချယ်ခံရသော မိန်းကလေးတစ် ယောက် ကို ထိုပွဲအတွက် ကန်ထရိုက် ယူကာ တာဝန်ခံ စီစဉ်ပေးသော အမျိုးသမီးကြီး တစ်ဦးက ချဉ်းကပ်ကာ မိန်းက လေးကသာ ဆန္ဒရှိလျှင် သက်ကြီးပိုင်း အမျိုးသားကြီး တစ်ဦးက လိုအပ်သော အထောက် အပံ့ပေးလျက် တရားမ၀င်ပေါင်းသင်းရန် အစီအစဉ် ရှိကြောင်း ပြောကြားခဲ့သည် ဟုသိရသည်။

ထိုမိန်းကလေးက ခါးခါးသီးသီး ငြင်းဆန်သော အခါ အမျိုးသမီးကြီးက လေသံ ပြောင်းကာ နောက်ဆုတ် သွားပြီး နောက် သုံးရက် နေသော နေ့တွင် ဖုန်းဖြင့် ဆက်သွယ်ကာ ထိုရေ ကစား မဏ္ဍပ်၌ ဖျော်ဖြေမည့် အစီအစဉ် တွင် နာမည်ကြီး မင်း သားမင်းသမီး အဆိုတော်များကို ဖိတ်ကြားမည်ဖြစ် သဖြင့် နာမည် မရသေး သူများကို သုံးမည် မဟုတ်ကြောင်း အ ကြောင်းပြန်ကြား ခဲ့သည်ဆို၏။
“သမီးက သူပြောတဲ့ အစီအစဉ်ကို မလိုက်နာ နိုင်ကြောင်း ပြတ်ပြတ် သားသားပြောခဲ့ တာပဲရှိတယ်။ ဘာမှ မိုက်မိုက် ရိုင်းရိုင်း နစ်နစ်နာနာ ပြောခဲ့တာ မရှိပါဘူး။ အဲဒါဖုန်းလာလို့ ကိုယ်မပါဘူး ဆိုတာသိရတော့ စိတ်ထဲမှာ တော်တော်ခံပြင်း မိတယ်။ သူတို့က သမီးကို လူရွေးပွဲမှာ အောင်တော့ စရန် ငါးသောင်း ပေးပြီးသား။ အဲဒါကို ပြန်ပေးမယ်ဆို တော့ နေပါ စေ တဲ့။ အဆုံးထား လိုက်ပါတယ်တဲ့။ သမီးက သူတို့ဆီ သွားပြီး စရန်ကိုတောင် ပြန်ပေးပစ်ချင်တာ။ လုံးဝ ယူမထားချင်ဘူး။ ဒါပေမဲ့ သူတို့နဲ့ ထပ်မတွေ့ ချင်လို့ သူတို့နဲ့ မျက်နှာချင်း ထပ်မဆိုင် ချင်လို့ မသွားဘဲ နေလိုက်တာ။ ရှက်လည်း ရှက်တယ်၊ ဒေါသလည်း ထွက်တယ်၊ ၀မ်းလည်း နည်းတယ်” ဟု အမည် မဖော်လိုသော ဖြားယောင်းခံ မိန်းကလေး ငယ်က မြန်မာ ပို့စ်သို့ ပြောသည်။
ထိုသို့ ငွေကြေး ဓန အင်အား ဖြင့် မြူဆွယ် ဖြားယောင်းကာ အရွယ် ကောင်းသော မိန်းကလေး ငယ်များ၏ ဘ၀ကို နွံအိုင် အတွင်း တွန်းပို့ရန်ကြိုး ပမ်း နေသော ဖြစ်ရပ် များမှာ မြို့ကြီး များတွင် ကျယ်ပြန့် လာနေပြီ ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် ရုပ်ရည် ချောမော လှပသော မိန်းကလေးငယ် များသည် လှချင်ပချင် ၀င့်ကြွားချင် စိတ်တို့ကို ရှေ့တန်းတင် လျက် အသွေးအသားကို ဈေးကစားမိကြသလို ရေလိုက် လွဲမှား မှုများ ရှိနေကြောင်းလည်း သတိပြုမိသူတို့က ဆိုသည်။
အထက် ဖော်ပြပါ သင်္ကြန် မဏ္ဍပ် ဖြစ်ရပ်တွင် ဖြားယောင်း ခံရသော မိန်းကလေးမှာ မိဘ များက ငွေကြေး ဓနတောင့် တင်းသူများဖြစ် ခြင်း၊ သူမသည် အနုပညာ သက်သက်ကိုသာ ရူးသွပ်ကာ အခြား ပလွှားမှုများကို အာရုံ မရောက်ခြင်း စသည် တို့ကြောင့် ဖြားယောင်း မှုကို တွန်းလှန်နိုင် ခဲ့ခြင်းဖြစ်သည်။ အကယ်၍ လူပွဲစားများ ဖြားယောင်းသည့် အတိုင်း စပွန်ဆာ (ထောက်ပံ့မှု) ပေးမည့်သူထံမှ တိုက်ခန်း၊ ကား၊ ဖုန်း၊ အသုံးအဆောင်၊ ငွေကြေး စသည် တို့ကို မက် မောကာ ခေါင်းညိတ် လိုက်ပါက ထိုမိန်းကလေး ၏ဘ၀သည် လူမသိ သူမသိနွမ်းရိ သွားမည့် အကြွေပန်း ဘ၀ ရောက်သွား နိုင် မည်ဖြစ်ကြောင်း ခန့်မှန်းသိရှိနိုင်သည်။
ထို့ကြောင့် တော်ရုံတန်ရုံအသိဖြင့် မရှောင်လွှဲနိုင်သာသော မက်လုံး အမျိုးမျိုး ပြကာ မြူဆွယ် ဖြားယောင်းပြီး အရွယ် ကောင်း မိန်းကလေး ချောချောများ၏ ဘ၀ကို နင်းခြေ ဖျက်ဆီးလိုသည့် လူပွဲစားများကို အမျိုးသားရေး တာဝန် တစ်ရပ် အဖြစ် ဖော်ထုတ် တားဆီး သင့်ကြောင်း အသိပေး တင်ပြ လိုက်ရပေသည်။

 ရွှေဟင်္သာ

No comments:

Post a Comment

My Blog List