Wednesday, July 11, 2012

G20 စည်းဝေး သြစီမှာ ပထမဆုံး အကြိမ် ကျင်းပမယ်

G_20၂၀၁၄ ​ခုနှစ် ​စက်မှုဖွံ့ဖြိုးတဲ့ နိုင်ငံ ​၂၀ ​(G-20) ​အစည်း အဝေးကို ​သြစတြေးလျ နိုင်ငံ ​ကွင်းစလန်း ပြည်နယ် ​Brisbane ​မြို့ မှာ ​ကျင်းပ မယ်လို့ ​အစိုးရက ​ကြေငြာ ပြီးနောက် ​New ​South ​Wales ​ပြည်နယ် အစိုးရက ​မကျေမနပ် ဖြစ်နေပါတယ်။
အစည်း အဝေးအတွက် ​အိမ်ရှင် အဖြစ် ​ရွေးချယ် ခံရရင် ​ကုန်ကျ စရိတ်များလွန်းတဲ့အတွက် ​သြစတြေးလျ ပြည်ထောင်စု အစိုးရက ​ကုန်ကျစရိတ် ခံသင့်တယ်လို့ ​ကွင်းစလန်းပြည်နယ် အစိုးရရဲ့ ​ပြောခွင့်ရ ပုဂ္ဂိုလ်က ​ပြောလိုက် ပါတယ်။
New ​South ​Wales ​အစိုးရ ကတော့ ​ဒီငွေကြေးတွေကို ​ဘယ်သူက ​ကုန်ကျခံမလဲဆိုတာ ​သိလိုစိတ် ​ပြင်းပျနေသလို ​New ​South ​Wales ​ပြည်နယ်ရဲ့ ​မြို့တော် ​Sydney ​မြို့ကသာ ​အိမ်ရှင်ဖြစ်သင့် တယ်လို့ ​ပြောလိုက် ပါတယ်။
သြစတြေးလျ အစိုးရ အနေနဲ့ ​ကွင်းစလန်းပြည်နယ်က ​Brisbane ​မြို့ကို ​အိမ်ရှင်မြို့အဖြစ် ​ရွေးချယ် လိုက်တာဟာ ​ကွင်းစလန်း ပြည်သူတွေရဲ့ ​မဲရအောင် ​လုပ်ဆောင်နေတာလို့လဲ ​New ​South ​Wales ​အစိုးရက ​စွပ်စွဲ လိုက်ပါတယ်။

သြစတြေးလျနိုင်ငံ ​ဘဏ္ဍာရေး ဝန်ကြီး ​Wayne ​Swan ​က ​တော့ ​ကုန်ကျ စရိတ်ကို ​ကွင်းစလန်း ပြည်နယ် အစိုးရက ​ကျခံရမှာ ဖြစ်ပြီး ​ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ​ဒေါ်လာ ​သန်း ​၄၀၀ ​နီးပါး ​ပေးထားပြီလို့ ​ပြောလိုက်ပါတယ်။
သြစတြေးလျနိုင်ငံ ​စီးပွားရေးနဲ့ ​စက်မှု ဆိုင်ရာ အကြီးအကဲကတော့ ​ဒီလို ​အရေးကြီးတဲ့ ​အစည်းအဝေးမှာ ​အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးတဲ့ ​မြို့အတွက် ​စီးပွားရေး အကျိုးအမြတ် အများကြီး ရှိတယ်လို့ ​ပြောပါတယ်။
G-20 ​အစည်းအဝေးမှာ ​ထိပ်သီး ခေါင်းဆောင်တွေ၊ ​အဖွဲ့အစည်း အသီးသီးက ​ကိုယ်စားလှယ်တွေနဲ့ ​သတင်း မီဒီယာသမား ​စုစုပေါင်း ​အယောက် ​၇၀၀၀ ​ထောင်လောက် ​တက်ရောက်မယ် လို့လည်း ​မျော်လင့်နေကြပါတယ်။
သြစတြေးလျ နိုင်ငံအနေနဲ့ ​G-20 ​အစည်းအဝေးကို ​ပထမဆုံး အကြိမ် ​အိမ်ရှင်နိုင်ငံအဖြစ် ​လက်ခံကျင်းပမှာ ဖြစ်ပါတယ်။

ရွှေဟင်္သာ

No comments:

Post a Comment

My Blog List