Thursday, July 12, 2012

ထိပ်တိုက်တွေ့မယ့် လယ်ထွန်မင်္ဂလာပွဲ

၁၁.၇.၂၀၁၂ရက်နေ.တွင် စစ်တပ်များနှင့် စက်ရုံများက သိမ်းပိုက်ထားသောလယ်မြေများကို ပြန်လည် ထွန်ယက်ခြင်းများ မစတင်မီ ....တောင်သူလယ်သမားများသည်... .ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် အမိမြေကြီးကို သစ္စာရှိကြောင်းနှင့် မြတ်နိုး တန်းဖိုးထားကြောင်းကို ယခုလိုပြသခဲ့ကြသည်



ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်မှာ လေကြောင်းရန် ကာကွယ်ရေးတပ်က သိမ်းယူထားတဲ့ လယ်မြေ ဧက (၃၀၀) ၀န်းကျင်ရှိလယ်မြေ မူလပိုင်ရှင် လယ်သမားတွေဟာ လယ်လုပ်ခွင့် ပြန်ရဖို့၊ သီးစားချထားပေးဖို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးအဆင့် ကနေ နိုင်ငံတော် သမ္မတအထိ အဆင့်ဆင့် မေတ္တာရပ်ခံစာတွေ အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့် မည်သည့် တုံ့ပြန်မှုမျှ မရခဲ့ဘူးလို့ ဆိုပါတယ်။
ကိုယ်လယ်ကို ပြန်ထွန်ယက်နေကြတဲ့ လယ်သမားတွေ

ဒါကြောင့် ၀မ်းရေးအခက် ရင်ဆိုင် ကြုံတွေ့လာရတော့ ကိုယ့်လယ်မြေ ကိုယ်ပြန်ထွန်ယက် စိုက်ပျိုးမှုတွေကို ဇွန်လ ၂၃ ရက်က စတင်ပြီး လုပ်ခဲ့ကြပါတယ်။
အသိမ်းခံခဲ့ရတဲ့ လယ်မြေတွေနဲ့ လယ်ပိုင်ရှင် လယ်သမားတွေ
အခုတော့ ကိုယ့်လယ်ကို ပြန်ထွန်ယက်နေကြတဲ့ လယ်သမားတွေကို ယူနီဖောင်းအမျိုးမျိုးဝတ် အာဏာပိုင်အဖွဲ့အစည်း အသီးသီးက ခြိမ်းခြောက်လာပါတယ်။ မနက်ဖြန် ဇူလိုင်လ ၁၂ ရက်နေ့မှာ အခုလို လယ်ထွန်ယက်နေတာတွေ ဆက်လုပ်မယ်ဆိုရင်တော့ ဖမ်းဆီးထောင်ချမယ်လို့လည်း အတိအလင်း ခြိမ်းခြောက် ပြောဆိုလာနေတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေက လယ်သမားတွေကို လာခြိမ်းခြောက်နေကြစဉ်
လယ်သမားတွေကလည်း လုပ်ကိုင်စားသောက်စရာ လယ်အလုပ်မှ တပါး လုပ်စရာလည်း မရှိတဲ့ အတွက် ဆက်လက်ပြီး ဒီလယ်မြေတွေပေါ် လယ်ထွန်ယက်တာတွေကို နောက်ဆုတ်ပေးဖို့ မရှိဘူးလို့ ပြောဆိုထားကြ ပါတယ်။

"ကျနော်တို့ လယ်သမားတွေကလည်း ၀မ်းရေးအတွက် အခြားရွေးချယ်စရာ နည်းလမ်းမရှိတော့လို့ ဆက်လက် ထွန်ယက်စိုက်ပျိုးဖို့ ဆုံးဖြတ်ထားပါတယ်" လို့ လယ်သမားတဦးက ပြောပါတယ်။

ဒါကြောင့် အခုအခြေအနေမှာ ထိပ်တိုက်တွေ့နေတဲ့ အခြေအနေဖြစ်နေပြီး လယ်သမားတွေကို အာဏာပိုင်တွေ က ဖမ်းဆီးတိုက်ခိုက်ခံရဖို့ မလွဲမသွေဖြစ်ပေါ်တော့မယ်လို့ ဆိုလာပါတယ်။
လာရောက်ဟန့်တားအင်အားပြခြိမ်းခြောက်နေကြတဲ့ လုံခြုံရေး အဖွဲ့တွေ
ယနေ့ ဇူလိုင်လ ၁၂ ရက် မနက် ၇ နာရီမှာတော့ လယ်သမားတွေက စစ်တပ်က သိမ်းပိုက်ထားတဲ့ သူတို့ရဲ့ လယ်မြေတွေမှာ လယ်ထွန်မင်္ဂလာပွဲ ဆင်နွဲဖို့လည်း ပြင်ဆင်ထားပါတယ်လို့ သိရပါတယ်။
ပန်းတောင်းမြို့နယ် တောင်သူလယ်သမားများ အရေးနှင့်ပတ်သက်၍
သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများသို့
အရေးပေါ် မေတ္တာရပ်ခံချက်
နေ့စွဲ။ ၁၁၊ ၇၊ ၂၀၁၂။
၁။ ပဲခူးတိုင်းဒေသကြီး၈ ပန်းတောင်းမြို့နယ်အတွင်းတွင် ဘိုးဘွားပိုင် လယ်ယာမြေများအား နယ်မြေခံစစ်တပ်နှင့် ဌာနဆိုင် ရာ တို့မှ ၁၉၇၀၊ ၁၉၈၀ ပြည့်လွန်နှစ်များမှစ၍ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဥပဒေ၈ နည်းဥပဒေ လုပ်ထုံး လုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ လယ်ယာမြေများအား ဧကပေါင်းမြောက်များစွာ သိမ်းဆည်းခဲ့ပါသည်
၂။ ယင်းလယ်ယာမြေများအား တောင်သူလယ်သမားများမှ သက်ဆိုင်ရာသိမ်းဆည်းသည့် အဖွဲ့အစည်းများသို့ သီးစားခ ဖြင့် နှစ်စဉ်ပေးသွင်း လုပ်ကိုင်ခဲ့ကြရပြီး တောင်သူလယ်သမားများမှာ မ်းစာမလုံလောက်မှုသင့်တင်မျှတသော ဈေးနှုန်း မရရှိမှု ထွက်နှုန်းကျဆင်းမှု စိုက်ပျိုးစရိတ်ချေးငွေများ မရရှိမှု အခက်အခဲပေါင်းစုံ ရင်ဆိုင်ခံစားနေခဲ့ကြရပါသည်
၃။ ယင်းလယ်ယာမြေများအား လွတ်လပ်စွာ လုပ်ကိုင်စားသောက်ခွင့်ပြုရန် တောင်သူလယ်သမားများမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များသို့ အစဉ်တစိုက် အသနားခံ တင်ပြခဲ့ကြပါသည်
၎။ ၅၊ ၊ ၂၀၁၂ ရက်နေ ပြည် ပန်းတောင်း သဲကုန်း ကံမလေးမြို့နယ်အတွင်းရှိ တောင်သူလယ်သမား (၇၀၀) ကျော်မှ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်၍ ၂၃-၂၄၊ ၃၊ ၂၀၁၂ ရက်နေ့များတွင် နိုင်ငံတော်သမ္မတထံ လိပ်မူ၍ အသနားခံ စာတစ်စောင် တင်ပြခဲ့ပြီး ဖြစ်ပါသည်
၅။ သို့သော် ရှင်းလင်းတိကျသော ဖြေရှင်းဆောင်ရွက်ပေးခြင်းများ မျှတကောင်းမွန်သော ဖြေရှင်း ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ပေးခြင်း မရှိသောကြောင့် တောင်သူလယ်သမားများမှာ ယခုနှစ် စိုက်ပျိုးရေးရာသီတွင် ကြီးမားလေးလံသော လူမှု စီးပွား ပဿနာများ ကြုံတွေ့ခံစားနေကြရပါသည်
၆။ ထို့ကြောင့် ၂၉၊ ၆၊ ၂၀၁၂ ရက်နေ့ ရန်ကုန်မြို့တွင် မြို့နယ်ပေါင်း (၂၆) မြို့နယ် တောင်သူလယ်သမား (၁၆၉) ဦးတို့မှ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပ၍ မိမိတို့၏ အခက်အခဲ ပြဿနာများကို တင်ပြရှင်းလင်းခဲ့ပြီး ဖြစ်ပါသည်
၇။ ၂၃၊ ၆၊ ၂၀၁၂ ရက်များမှ စတင်၍ တောင်သူ လယ်သမားများမှ သိမ်းယူခံခဲ့ရသည်လယ်ယာမြေများ စီမံကိန်းများ အကောင် အထည် မဖော်ဆောင်နိုင်သည့်လယ်ယာမြေများ ဥပဒေ နည်းဥပဒေ၈ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မျှတစွာ သိမ်းဆည်းခဲ့ခြင်း မရှိသည့် လယ်ယာမြေများပေါ်တွင် ငြိမ်းချမ်းစွာဖြင့် မိမိတို့မ်းစာအတွက် ထွန်ယက် စိုက်ပျိုးနေကြပြီ ဖြစ်ပါသည်
၈။ သို့သော် ၁၁၊ ၇၊ ၂၀၁၂ ရက်နေ့တွင် ပန်းတောင်းမြို့နယ်အတွင်း ထွန်ယက်စိုက်ပျိုးနေသော တောင်သူလယ်သမားများ အား ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်းကို မြို့နယ် အုပ်ချုပ်ရေး ရဲ သက်ဆိုင်ရာ ဌာနဆိုင်ရာတို့မှ အင်အားပြ၍ ပြောကြား လာပါသည်
၉။ သက်ဆိုင်ရာ နိုင်ငံတော် အဆင့်ဆင့်သို့ ပန်ကြားမေတ္တာရပ်ခံလိုသည်မှာ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘကို ထောက်ရှု၍ ယင်းလယ်ယာမြေများပေါ်တွင် စိုက်ပျိုးထွန်ယက်နေကြသော တောင်သူလယ်သမားများအား သက်ညှာ ခွင့်ပေးပါရန် မေတ္တာရပ်ခံလိုပါသည်
၁၀။ ယင်းဒေသရှိ တောင်သူလယ်သမားများမှာ လူမှု အကြပ်အတည်းများဖြင့် ရင်ဆိုင်နေကြရပြီး လယ်ယာလုပ်ငန်း သာ လျှင် ယင်းတို့၏ အသက်မွေးမ်းကြောင်းကို အာမခံနိုင်သောဒေသ၏ တစ်ခုတည်းသော စီးပွားရေးလုပ်ငန်း ဖြစ်နေသည့် အတွက် လယ်ယာမြေများအား လွတ်လပ်စွာ စိုက်ပျိုးခွင့်ပေးပါရန် အလေးအနက် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်
Civil and Political Rights Campaign Group
နိုင်ငံသားနှင့်နိုင်ငံရေး အခွင့်အရေး လှုပ်ရှားဆောင်ရွက်ရေးအဖွဲ့
ဆက်သွယ်ရန်
civilandpoliticalrightscg@gmail.com
www.facebook.com/Civil and Political Rights Campaign Group
Ph: 09-4300-6830, 09-4950-1030

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List