Friday, July 13, 2012

ချဲလ်ဆီး ကစားသမား ဂျွန်တယ်ရီနှင့် လူမျိုးရေးခွဲခြားမှု



ဂျွန် တယ်ရီ
ချဲလ်ဆီး၊ အင်္ဂလန် ဘောလုံးသမား အသက် ၃၁ နှစ်ရှိပြီဖြစ်တဲ့ ဂျွန်တယ်ရီဟာ ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့က Westminster Magistrates တရားရုံးကို စတုတ္ထနေ့မြောက် လာရောက် တရားရင်ဆိုင်ရပါတယ်။

အခုလို တရားရင်ဆိုင်နေရတဲ့ အကြောင်းက ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၃ ရက်နေ့က Queens Park Rangers နဲ့ ကစားခဲ့တဲ့ ပွဲမှာ Queens Park Rangers နောက်ခံလူ အန်တန် ဖာဒီနန်ကို တယ်ရီက လူမျိုးရေး ခွဲခြားမှုရှိခဲ့ပါသတဲ့။

အန်တန် ဖာဒီနန်

၎င်းဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး တယ်ရီကတော့ ငြင်းဆိုးထားပါတယ်။ ထွက်ဆိုတဲ့ စွပ်စွဲချက်တွေ မလုပ်ခဲ့ ဘူး လို့ ပြောခဲပြီး အန်တန်ဖာဒီနန်ရဲ့ မှားယွင်းတဲ့ စွပ်စွဲမှုသာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ တယ်ရီက Queens Park Rangers နဲ့ ကစားတဲ့ ပွဲမှာ သူ့အနေနဲ့ ဘာအမှားကိုမှ ကျူးလွန်ခဲ့ခြင်း မရှိတဲ့အတွက် ဖုံးကွယ်ထားစရာ ကိစ္စ မဟုတ်ဘူးဆိုပါတယ်။


ရုပ်မြင်သံကြား အနှေးပြကွက်ကတဆင့် သဲလွန်စကို အခြေခံကာ အခုလို စွပ်စွဲတာ ဖြစ်ပါတယ်တဲ့။ လာမယ့် ရက်တွေမှာ နောက်ထပ် ဘယ်လို သဲလွန်စတွေ ထွက်ပေါ်လာမလဲဆိုတာ စောင့်ကြည့်ရမှာလို့ သူက ထပ် ပြောခဲ့ပါသေးတယ်။

တယ်ရီ ဟာ လူမျိုးရေးခွဲခြားမှုရှိတယ်ဆိုပြီး တရားရုံးမှာ စွပ်စွဲခံခဲ့ရတာနဲ့ ပတ်သက်ပြီး ချဲလ်ဆီး ကစားဖော် အက်ရှလေကိုးလ်က သက်သေအနေနဲ့ တရားရုံးမှာ ထွက်ဆိုခဲ့ပါသတဲ့။

ကစားဖော်ဖြစ်တဲ့ အက်ရှလေကိုးလ်ကလည်း အန်တန်ဖာဒီနန်ဟာ တယ်ရီကို အထင်မှားပြီး စွပ်စွဲတာ ဖြစ်တယ် လို့ ထွက် ဆို ခဲ့တာလို့ ဆိုတယ်။



တယ်ရီက သူ့အားကစားသမား ဘ၀ တစ်လျှောက်မှာ လူမျိုးရေး ခွဲခြားတာလည်း မရှိခဲ့သလို လူမျိုးရေး ခွဲခြားတယ်ဆိုတာ သူ့ အကျင့်စရိုက် မဟုတ်ပါ ဘူးတဲ့။



Queens Park Rangers အသင်းနဲ့ ကစားနေအချိန်မှာ ကင်မရာတွေနဲ့ များပြားလှတဲ့ ပရိသတ်တွေလည်း ရှိပြီး သူတို့ဟာ အကောင်းဆုံး သက်သေ ဖြစ်ပါတယ်လို့ တယ်ရီက ပြောသွားပါတယ်။ ချဲလ်ဆီး အသင်းမှာ မာဆယ်လ်ဒယ်ဆယ်လီ ၊ ဒရော့ဘာ စတဲ့ လူမည်း ကစားသမားတွေနဲ့လည်း တွဲဖက် ကစားဖူးပြီး တစ်ခါမှ လူမျိုးရေး ခွဲခြားတဲ့ ပြဿနာ တစ်ခါမှ မဖြစ် ဖူးပါဘူးလို့ သူကဆိုပါတယ်။

တယ်ရီက ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ပြေလည်စေဖို့ မန်ယူ နောက်ခံလူ ရီယိုဖာဒီနန်ကို ဖုန်းဆက်ခဲ့ပေမဲ့ ရီယိုဖာဒီနန် ဟာ တယ်ရီရဲ့ ဖုန်းခေါ်မှုကို မတုံ့ပြန်ခဲ့ပါဘူး။




လူမျိုးရေးခွဲခြားခဲ့တယ်ဆိုတဲ့ ပြဿနာကြောင့် အင်္ဂလန် လက်ရွေးစင် အသင်း ခေါင်းဆောင် အဖြစ်ကနေ အက်ဖ်အေက ဖယ်ရှားခြင်း ခံလိုက်ရပါတယ်။ တယ်ရီက အကယ်လို့ ပြစ်ဒဏ် ချမှတ်ခြင်း ခံရပါက အများဆုံး ဒဏ်ငွေ ပေါင် ၂၅၀၀ ခန့် ပေးချေရဖွယ်ရှိပါတယ်။




No comments:

Post a Comment

My Blog List