Friday, July 13, 2012

စစ်သုံ့ပန်းများကို လက်ခံပေးရန် KIA ပန်ကြားနေ


KIA_010912နေရပ်ပြန်ပို့ရန် ငြင်းဆန်နေသည့် အစိုးရ စစ်သုံ့ပန်း များကို သီးခြား လွတ်လပ်သော အဖွဲ့အစည်း များမှ တာဝန် ယူပေးရန် လိုအပ်နေပြီး ဖြစ်ကြောင်း ကချင်ပြည် လွတ်မြေက်ရေး အဖွဲ့ (KIO) မှ ပြောရေး ဆိုခွင့်ရှိသူ ဦးလာနန်းက ပြောပါသည်။
“ ကျနော်တို့မှာ အခု ဖမ်းဆီး ရမိတဲ့ အစိုးရ စစ်သုံ့ပန်းက (၃၄) ဦး ရှိနေတယ်။ သူတို့ကို ကျနော်တို့က ပြန်ပို့ ချင်ပေမဲ့ သူတို့ရဲ့ ဆန္ဒက မပြန်ရဲကြဘူး ဖြစ်နေတယ်။ တကယ်လို့ ပြန်သွားခဲ့ရင် စစ်တပ်က သူတို့ကို ဖမ်းပြီး ပုဒ်မ တခုခုနဲ့ တပ်ပြီး အရေးယူ တော့မှာ သေချာလို့ သူတို့က ပြောပါတယ်။ ဒါကြောင့် သူတို့ရဲ့ ဘ၀လုံခြုံမှု မရှိတဲ့အတွက် မပြန်ချင်ကြတာပါ။ အဲဒီတော့ ကျနော်တို့ကလည်း လူမှု အဖွဲ့အစည်း တခုခုက လက်ခံမယ် ဆိုရင် ကျနော်တို့က လွှဲပေးချင်ပါတယ်”ဟု ဆိုပါသည်။ KIA သည် ထိုသုံ့ပန်းများ အရေးကို (၈၈) ကျောင်းသား အဖွဲ့အပါဝင် လူမှုရေး အသင်းများကို အသိပေးပြီး တွေ့ဆုံခွင့် ပေးနေသလို ဤကိစ္စကိုလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ လုပ်ငန်း ကော်မီတီ ဒုဥက္ကဌ ဦးအောင်မင်းနှင့်လည်း ပြီးခဲ့သည့် ဇွန်လ (၂၀) ရက်နေ့၌ ကျင်းပသော တတိယ အကြိမ် အလွတ်သဘော တွေ့ဆုံပွဲတွင် ပြောပြခဲ့ပါသည်။ သို့သော် ဦးအောင်မင်းက တစုံတရာ တုန့်ပြန်ပြောဆိုခြင်း မရှိခဲ့ဟု ဆိုပါသည်။
Kachin-soldiers-621x304 ဖမ်းမိသော KIA တပ်သားများကို ဤကဲ့သို့ နှိပ်စက်သတ်ဖြတ်ပြီး KIA ထံပြန်ပို့
အစိုးရဖက်မှ KIA စစ်သုံ့ပန်းများ မည်မျှ ဖမ်းဆီး ထားသည်ကိုမူ မသိရဟု ဦးလာနန်းက ဆိုပါသည်။ ပြီးခဲ့သည့် (၂၀၁၁) ခုနှစ် ဇွန်လက စတင်ခဲ့သော တိုက်ခိုက်မှုများတွင် အစိုးရဖက်မှ တပ်ရင်းပေါင်း (၁၁၀) ကျော် ပါဝင်နေပြီး၊ တိုက်ပွဲပေါင်း (၁၆၀၀) ခန့် ဖြစ်ပွား ခဲ့သဖြင့် ဤတိုက်ပွဲ များကြောင့် နှစ်ဖက်စလုံး ထိခိုက် ကျဆုံးမှု များစွာ ရှိပြီး၊ သုံ့ပန်းများလည်း ရှိမည်ဖြစ်ပါသည်။
 “ဟုတ်ပါတယ်။ တိုက်ပွဲမှာ တချို့က သေတယ်၊ တချို့က ပျောက်တယ်လေ။ အဲဒါသေသလားပျောက်သလား၊ သုံ့ပန်းဖြစ် သလား ဆိုတာ အသေအချာ မသိရတာရှိတယ်။ ဒါကြောင့် ကျနော်တို့ လူတွေ သုံ့ပန်း ဘယ်လောက်ဖြစ်သွားသလဲ ဆိုတာ မသိနိုင်တာပါ။ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ လူတွေကို ဖမ်းမိလျှင် သတ်မပစ်ပါနဲ့ ကျနော်တို့လို ကောင်းကောင်း မွန်မွန် ထားပြီး ပြန်လွှတ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လူတွေကိုမိတိုင်း သတ်ပြစ်တယ်။ ပြီးတော့ တချို့ဆိုရင် ပုဒ်မတခုခု တပ်ပြီး အရေးယူ ပစ်တာကများလို့ သိနေရလို့ပါ” ဟု ဦးလာနန်းက ဆိုပါသည်။
အစိုးရ တပ်ဖွဲ့မှ ဖမ်းဆီး ရမိသော စစ်သုံ့ပန်း မှန်သမျှ ပြန်လွတ်လာခြင်း မရှိဟု KIA ဖက်က ဆိုပါသည်။ မည်သို့ပင် ဆိုစေ KIA  သည်၊ ဖမ်းမိသော သုံ့ပန်းများကို အစိုးရထံ လွှဲစေချင်သော်လည်း အစိုးရဖက်က တုန့်ပြန်မှု မရှိသည့် အတွက် UN နှင့် NGO အဖွဲ့အစည်းများ၏ အကူအညီကို လိုလားလျှက် ရှိနေပါသည်။

No comments:

Post a Comment

My Blog List