Thursday, July 12, 2012

အလုပ်သမားသမဂ္ဂဖွဲ့ဖို့ ပန်းချီကားရောင်းပြီး ရန်ပုံငွေရှာ



ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်အတွင်း ပြီးခဲ့သည့် တနင်္ဂနွေနေ့က စတင်ပြုလုပ်ရန် စီစဉ်ထားသော ရံပုံငွေ ရှာဖွေရေး ပန်းချီပြပွဲတခုကို အာဏာပိုင်များက ခွင့်ပြုချက် မပေးသေးကြောင်း၊ ခွင့်ပြုချက် ထပ်မံ တောင်းခံထားသဖြင့် လာမည့် တနင်္ဂနွေတွင် ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း သတင်းရရှိသည်။

ပြပွဲကို အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ကော်မတီ ရံပုံငွေ ရရှိရေးအတွက် ဒေါ်အိရွှေစင်ညွန့်နှင့် ကိုရန်နိုင်ဦးတို့က တာဝန်ခံ စီစဉ်ခဲ့သည်ဟု သိရသည်။

´အလွန်စိတ်ပျက်မိပါတယ်။ အားလုံးစီစဉ်ထားပြီးမှ ဒီလိုဖြစ်သွားတာဆိုတော့ အားလုံး ကသိကအောက်ဖြစ်တာပေါ့။ ကျမနဲ့ အတူတူ တွဲအလုပ်လုပ်တဲ့ ကိုရန်နိုင်ဦးကို အာဏာပိုင်တွေက ဒီရက်မှာ ခွင့်ပြုချက် မပေးနိုင်ဘူး။ ပါမစ် ပြန်တင်ရမယ်။ တပတ်အတွင်း ရမယ်ဆိုတဲ့အတွက် ကျမအနေနဲ့ ဒီ ၁၅ ရက်နေ့မှာ ပြပွဲ ပြန်လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်´ ဟု လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ကော်မတီမှ ဒေါ်အိရွှေစင်ညွန့်က ဧရာဝတီသို့ ပြောသည်။

NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင် အပါအ၀င် စိတ်ဝင်စားသူများ လာရောက် ကြည့်ရှုအားပေးရန် စီစဉ်နေစဉ် တားမြစ်ခံလိုက်ရခြင်း ဖြစ်ကြောင်း သူမက ဆက်လက်ပြောဆိုသည်။

´ပြပွဲလုပ်မဲ့နေ့ကျမှ တားမြစ်ခံရတာဆိုတော့ ကျမတို့လည်း ILO ရုံးကို အကြောင်းကြားဖို့ အချိန်မရလိုက်တော့ဘူး။ ဒါကြောင့် ILO ရဲ့ လွတ်လပ်စွာ သင်းပင်း
ဖွဲ့စည်းရေးဆိုင်ရာ (FOA) မှ တာဝန်ရှိသူ Mr. Ross တို့ လာရောက် လေ့လာသွားကြပါတယ်´ ဟု ဆိုသည်။

ပြပွဲကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အထက် ပုဇွန်တောင်လမ်း အမှတ် (၃၁) ရှိ Culture Bridge Gallery တွင် စီစဉ်ထားကြောင်း သိရသည်။

ထင်ရှားသော ပန်းချီဆရာ ၃၆ ဦး၏ လက်ရာများကို ပြသ ရောင်းချမည် ဖြစ်ပြီး ရရှိသော အမြတ်အစွန်း၏ တ၀က်ကို အလုပ်သမား သမဂ္ဂများ ပေါ်ပေါက်ရေး ကော်မတီ ရန်ပုံငွေအဖြစ် လှူဒါန်းကြမည်ဟု ဆိုသည်။

ပန်းချီဆရာ ၃၆ ဦး အမည်ကို ဖော်ပြပေးလိုက်သည်။

၁။ ခင်မောင်ရင်
၂။ ဦးကံညွန့်

၃။ ဦးလူတင်
၎။ မောင်ဒီ

၅။ ခင်မောင်စန်း
၆။ ညိုသိန်း

၇။ မုတ်သုန်
၈။ မူမူ

၉။ စိုးနိုင်
၁၀။ ဧကစာချို

၁၁။ ဘဌေးကြည်
၁၂။ ဇော်မောင်

၁၃။ အောင်နိုင်မော်
၁၄။ ၀လုံး

၁၅။ ရန်နိုင်ဦး
၁၆။ ကောင်းထက်

၁၇။ လင်းဝဏ္ဏ
၁၈။ အောင်ခိုင်

၁၉။ မျိုးညွန့်ခင်
၂၀။ ဇာနည်ရမြင့်

၂၁။ ဟန်မင်းဦး (ဓါတ်ပုံ)
၂၂။ ရဲဝင်းအောင်

၂၃။ ၀င်းတင့်
၂၄။ အမ် စိုးလွင်

၂၅။ မင်းသိုက်
၂၆။ မင်းမင်း

၂၇။ သိန်းသိန်း
၂၈။ ညမင်းကျော်

၂၉။ စီအဲ (န်) ကေ
၃၀။ နေဆန်း

၃၁။ စိုးအောင်
၃၂။ စိုးဝင်းအောင်

၃၃။ မြင့်ဦး
၃၄။ ကေမိုးကို

၃၅။ တင်မောင်ဦး
၃၆။ တင်မောင်ဦး (မန္တလေး)

ဧရာဝတီ(Blog)

No comments:

Post a Comment

My Blog List