Friday, July 13, 2012

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဟာ စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို မနေ့ က သွားရောက်




ရခိုင်ပြည်နယ်ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ
ဟာ စစ်တွေမြို့က ဒုက္ခသည် စခန်းတွေကို မနေ့ က သွားရောက်ပြီး အလှူငွေနဲ့ အသုံးအဆောင် ပစ္စည်းတွေ ပေးအပ်ခဲ့ကြပါတယ်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုဂျင်မီတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက်
ကျောင်းသားတွေဟာ ဒီကနေ့ နေ့လည်က စစ်တွေ မြို့မ ပရိယတ္တိ စာသင်တိုက် နဲ့ မင်းဝံ ဒုက္ခသည်စခန်း အပါအဝင် စခန်း ၆ ခုကို သွားရောက်ပြီး အလှူငွေ ၅ သိန်းစီ ပေးအပ် လှူဒါန်းခဲ့သလို ဒုက္ခသည် စခန်းတွေက မွေးကင်းစ ကလေးငယ် တွေရဲ့ မိခင်တွေကိုလည်း ကျပ် ၁ သောင်းစီ ပေးအပ်ခဲ့ပါတယ်။
ကိုမင်းကိုနိုင်နဲ့ အဖွဲ့ဟာ ညနေပိုင်းမှာ စစ်တွေမြို့က “ဝံလက်” လူမှု
ကယ်ဆယ်ရေး နဲ့ ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း ရုံးခန်းမှာ မြို့မိမြို့ဖတွေ၊ လူမှုရေး အသင်းအဖွဲ့ တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

ဆုံနေကြ

No comments:

Post a Comment

My Blog List