ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ဂီတ အနုပညာရှင် ကိုရဲလွင် ဦးဆောင်တဲ့
“လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း” လူမှုကွန်ရက် အဖွဲ့က ကျပ်ငွေ သိန်း ၁၉ဝ
လှူဒါန်းပွဲကို ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူရဲ့ နာရေးကူညီမှု
အသင်းတိုက်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
ကွန်ရက်အဖွဲ့က ကောက်ခံ ရှိထားတဲ့ အလှူငွေတွေကို နာရေးကူညီမှု အသင်းက တဆင့် လှူဒါန်းတာ ဖြစ်ပါတယ်။
ကိုကျော်သူရဲ့ လုပ်ဆောင်ချက် တွေကို ယုံကြည် စိတ်ချတဲ့အတွက် နာရေးကူညီမှု
အသင်းက တဆင့် အခုလို လှူဒါန်းတာ ဖြစ်တယ်လို့ နာရေးကူညီမှု အသင်းရဲ့ ရာသက်ပန်
အသင်းဝင် ဖြစ်တဲ့ ကိုရဲလွင်က ပြောပါတယ်။
နာရေးကူညီမှု အသင်း ဥက္ကဋ္ဌ ကိုကျော်သူကလည်း “လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း
လူမှုကွန်ရက်” က ရှာဖွေခဲ့တဲ့ အလှူငွေတွေကို ရခိုင်ပြည်နယ်က
ဒုက္ခသည်တွေဆီကို ရောက်အောင် စနစ်တကျ ပို့ပေးမှာ ဖြစ်တယ်လို့
ပြောပါတယ်။
ဂီတ ပညာရှင် ကိုရဲလွင်နဲ့ ကိုသားထွေးတို့ ဦးဆောင်တဲ့ “လွတ်လပ်ငြိမ်းချမ်း
ပန်းရဲ့လမ်း လူမှုကွန်ရက်”အဖွဲ့ဟာ ဂီတ ဖျော်ဖြေပွဲတွေ ကနေ ကောက်ခံ
ရရှိတဲ့ အလှူငွေတွေကို ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် တွေကိုလည်း လှူဒါန်းခဲ့ပါတယ်။
ဆုံနေကြ(Blog)
No comments:
Post a Comment