Friday, July 13, 2012

မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဝင်များနှင့်ရွှေနံ့သာလယ်သမားများငြိမ်းချမ်းစွာတန်းစီဆန္ဒပြမည်



ဇူလိုင်လ(၁၄)ရက်နေ့ကစတင်ပြီး(၁၈)ရက်နေ့အထိမတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီဝင်တွေနဲ့ရွှေနံ့သာလယ်သမားတို့ဟာမင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့်တိုးချဲ့ရပ်ကွက်မှာရှိတဲ့မတူကွဲပြားခြင်းနှင့်ငြိမ်းချမ်းရေးပါတီရုံးရှေ့ကနေမင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့ထိငြိမ်းချမ်းစွာစီတန်းဆန္ဒပြသွားဖို့စီစဉ်ထားတယ်လို့ဦးနေမျိုးဝေကရန်ကုန်မြို့မှာရှိတဲ့မီဒီယာများကိုပြောကြားခဲ့ပါတယ်..
အခုလိုဆန္ဒပြတောင်းဆိုရတဲ့အချက်ကတော့လယ်ယာမြေဥပဒေနဲ့အညီအရေးယူဆောင်ရွက်ပေးဖို့၊အငြင်းပွားနေတဲ့ဇေကမ္ဘာကုမ္ပဏီနဲ့လယ်သမားများအကြားမပြေလည်မှုများကိုစေ့စပ်ညှိနှိုင်းပေးဖို့စတဲ့အချက်၂ချက်ကိုတောင်းဆိုသွားမှာပါ…တောင်းဆိုချက်၂ချက်ထဲက ၁ချက်ကိုတာဝန်ရှိသူများအနေနဲ့ဆောင်ရွက်ပေးမယ်ဆိုလို့ရှိရင်ဆန္ဒပြမှုကိုရပ်နားသွားမှာပါ..၂ချက်စလုံးကိုဆောင်ရွက်ပေးခြင်းမရှိဘူးဆိုရင်တော့ဆက်လက်ဆန္ဒပြမှုကိုတိုးမြှင့်လုပ်ဆောင်သွားမယ်လို့လဲပြောပါတယ်..တန်းစီဆန္ဒပြမှုအားမင်္ဂလာဒုံမြို့နယ်၊ရဲတပ်ဖွဲ့မှူးရုံးသို့တရားဝင်လျှောက်ထားခဲ့ပြီးပြည်ထဲရေးဝန်ကြီးဌာနရဲ့အတည်ပြုချက်ထုတ်ပြန်ထားတဲ့ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေအတိုင်းစတင်လှုပ်ရှားဆောင်ရွက်သွားမယ်လို့ဦးနေမျိုးဝေကပြောဆိုခဲ့ပါတယ်…

No comments:

Post a Comment

My Blog List