Thursday, July 12, 2012

ရခိုင်ပြည်နယ်က တိုင်းရင်းသား ရခိုင်ပြည်သူတွေ အရေးကတော့ ယခုထက်တိုင် ရင်မအေးနိုင်ပါ...

ရခိုင်ပြည်နယ်က တိုင်းရင်းသား ရခိုင်ပြည်သူတွေ အရေးကတော့ ယခုထက်တိုင် ရင်မအေးနိုင်ပါ...။

သဘာဝဓာတ်ငွေ့တွေ ထွက်ရှိပေမယ့် အာဏာရှင်လက်ထက် မြန်မာပြည်ရဲ့ ဒုတိယအဆင်းရဲဆုံး ပြည်နယ် ဘဝရောက်သွားခဲ့ရတဲ့ ချင်သီးပင်အောက် ချင်သီးပျောက်ခဲ့ရသလို ရွှေဂတ်စ်ရဲ့ ...အသီးအပွင့်ကို ရခိုင်ပြည်သူတွေ မခံစားခဲ့ရပါဘူး။ မြွေပူရာ ကင်းမှောင့်သလို ဇွန်လ (၈)ရက်နေ့က မောင်တောမှာ စခဲ့တဲ့ ဘင်္ဂလီတွေရဲ့ အကြမ်းဖက် လုပ်ဆောင်မှုကြောင့် ကိုယ့်မြေ ကိုယ့်ရေမှာ တိုင်းတပါး ကျူးကျော်သူတွေ ရန်ကြောင့် အသက်အိုးအိမ်တွေ ဆုံးရှုံးခဲ့ရပြီး ယခုထက်တိုင် မိမိဋ္ဌာနေကို မပြန်နိုင်ပဲ ဒုက္ခသည်စခန်းတွေမှာ နေထိုင် နေရရှာတာပါ..။ ဆင်းရဲလှတဲ့ ရခိုင်ပြည်သူတွေမှာ လက်ကိုင်ပြစရာဆိုလို့ ဗလာနတ္ထိပါ...။
ပြီးခဲ့တဲ့ ဇွန်လ(၈)ရက်နေ့က မောင်တော အရေးအခင်းနဲ့ ပတ်သက်ပြီး ထပ်မံစုံစမ်း သိရှိရတာကတော့ ဘင်္ဂလီ အကြမ်းဖက် ခေါင်းဆောင်သူ လူကြီးတွေ မူလပထမ စီစဉ်ထားတာကတော့ အဆိုပါ (၈)ရက်နေ့ညမှာ ရခိုင်ကျေးရွာတွေကို မီးရှို့ပြီး အပျောက်ရှင်းဖို့ ကြံစည်ထားတယ်လို့ ဆိုပါတယ်..။ သို့ပေမယ့် အဆိုပါနေ့က ဗလီမှ ဆင်းလာချိန်မှာ သွေးဆူနေတဲ့ ဘင်္ဂလီ လူငယ်များအား မထိန်းသိမ်းနိုင်တော့တဲ့ အတွက်ကြောင့် နေ့ခင်းကြောင်တောင်မှာပဲ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်ခဲ့ရတာပါ...။ ညဘက်လူမမြင် သူမမြင်အချိန်မှာ အကြမ်းဖက် မီးရှို့ ရွာလုံးကျွတ်ပျောက်အောင် ပြုလုပ်ဖို့ ကြံရွယ်ထားတဲ့ အစီအစဉ် တွေဟာလည်း ပျက်ပြယ်သွားခဲတာလို့ ဆိုပါတယ်...။ ဒီလို အကြမ်းဖက်မယ့် အစီအစဉ်တွေကို ညဘက်မှာ ပြုလုပ်ခဲ့ရင်တော့ အခြေအနေတွေဟာ မတွေးဝံ့စရာပါပဲ..။

(ဖော်ပြပါ သတင်းနဲ့ ပတ်သက်ပြီး မောင်တော ဒေသခံများနဲ့ သက်ဆိုင်ရာ အာဏာပိုင် များအား မေးမြန်းစုံစမ်းနိုင်ပါတယ်...။ မည်သည့်အတွက်ကြောင့် ယခင် အပ်ကျတာကအစ သိပါတယ်ဆိုတဲ့ သက်ဆိုင်ရာ အာဏာပိုင်များဟာ အဆိုပါ ကြိုတင်ကြံစည်မှုအား တရားဝင် ဖော်ထုတ်ခြင်း မရှိသေးတာ စဉ်းစားစရာ အချက်ပါပဲ)
ဇူလိုင် လဆန်းပိုင်းက စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာသူ အချို့အား စစ်တွေလေဆိပ်မှာ တွေ့ရစဉ်..
ရခိုင်ပြည်နယ်နဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ဘဝကတော့ ရင်နင့်ဘွယ်ရာပါပဲ...။ စစ်တွေမြို့မှာ ချမ်းသာကြွယ်ဝတဲ့ ရခိုင်ပြည်သူတွေ ရန်ကုန်နဲ့ နီးစပ်ရာ မြို့တွေကို ထွက်ခွါကုန် ကြပါပြီ..။ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါ...။ မြွေပူရာ ကင်းမှောင့် ဖြစ်နေရတဲ့ ဆင်းရဲတဲ့ ပြည်သူအများစုဟာ နေရပ်လည်း မပြန်နိုင်၊ ဘဝအာမခံချက်တွေလည်း ပျောက်နေရတဲ့ အခြေအနေပါ။ အများစုဟာ ရှိသမျှ အရာအားလုံးကို စွန့်ပြီး အသက်အန္တရာယ်ကြောင့် စွန့်ခွာ ထွက်ပြေးလာရတာပါ...။ အေးချမ်းနေပါပြီဆိုပြီး ဆိုပြီး လက်လွတ် စံပယ်တော့ မပြောသင့်ပါ..။ မိမိပြည်သူတွေ မျက်နှာကို ကြည့်ပြီး ရခိုင်ပြည်သူတွေ လုံခြုံစိတ်ချစွာ နေရပ်ပြန်နိုင်ရေး အတွက် လုပ်သင့်တာကို ပြတ်ပြတ်သားသား လုပ်ဆောင်ပေးဖို့ အင်မတန်မှ အရေးကြီးပါတယ်..။ ယနေ့ ဇူလိုင်လ ၁၁ရက်နေ့မှာ ရခိုင်ပြည်နယ်ကို ရောက်ရှိနေတဲ့ ဆရာတော်ဝီရသူနဲ့ ၈၈ခေါင်းဆောင်တွေရဲ့ အသံတွေကို နားထောင်ကြည့်ကြပါ..။
ရခိုင်ပြည်သူတွေရဲ့ ဘဝလုံခြုံမှုအရေးကို  ရေရှည် အာမခံချက် ပေးဖို့ လိုပါလိမ့်မယ်..
အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ဘဝလုံခြုံရေးအတွက် အာမခံချက်တွေ အပြည့်အဝ လုပ်ဆောင်ပေးနိုင် မပေးနိုင်ဆိုတာ အဓိက အရေးကြီးတဲ့ အချက်ပါ။ အစိုးရအနေနဲ့ ယခုလို အခြေအနေမှာ ပြတ်ပြတ်သားသား ဖြေရှင်းပေးဖို့ လစ်ဟင်းခဲ့မယ် ဆိုရင်တော့ အနာဂတ် မြန်မာနိုင်ငံအရေးဟာ မတွေးဝံ့စရာပါ။ နောင်သမိုင်းမှာ မြန်မာမြေပုံပေါ်က ရခိုင်ပြည်နယ်ဆိုတာ သမိုင်းစာအုပ်ပေါ်မှာပဲ မြင်တွေ့ရမယ့် အရေးကိုတော့ ကျွန်တော်တို့ လုံးဝအဖြစ်မခံနိုင်ပါ..။ ကျွန်တော်တို့ အားလုံး ရခိုင်ပြည်နယ် အရေးကို အမျိုးသားရေး၊ အချုပ်အခြာ အာဏာပိုင်ဆိုင်ရေးအမြင်နဲ့ မမေ့မလျော့ပဲ ဆက်လက် ဝိုင်းဝန်းကူညီ ကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ်..။
 
ဒီမိုဝေယံ

No comments:

Post a Comment

My Blog List