Wednesday, July 11, 2012

လွန်ဆွဲနေသော အစိုးရနှင့် KIO တွေ့ဆုံ ဆွေးနွေးပွဲ

 
KIO_U_Aung_Minကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO) ဌာနချုပ် လိုင်ဇာအနီး၌ ယမန်နေ့ အချိန်ထိ အစိုးရတပ်နှင့် KIAတို့ တိုက်ပွဲဖြစ် နေဆဲ ဖြစ်သဖြင့် အစိုးရ၏ တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကမ်းလှမ်းချက်ကို KIO က ငြင်းဆို ခဲ့ခြင်းဖြစ်သည်ဟု ပြော ရေးဆိုခွင့်ရှိသူ ဦးလာနန်းက ပြောပါသည်။
“မနေ့ကအထိ ကျနော်တို့ ဗဟိုလိုင်ဇာနားမှာ တိုက်ပွဲဖြစ်တုနုးပဲ၊ အဲဒီတိုက်ပွဲတွေဟာ အစိုးရတပ်ကနေ အင်အားတိုးချဲ့ပြီး လှုပ်ရှားလာနေလို့ တိုက်ပွဲတွေ ဖြစ်ပွားနေရတာပါ။ ဒီအခြေအနေမှာ ကျနော်တို့ ဘက်ကခံစစ် အနေအထားနဲ့ဘဲ တိုက် နေတယ်။ ဒီလိုအချိန်မျိုးမှာမှ အစိုးရက ဆွေးနွေးဖို့ ကမ်းလှမ်းတယ်ဆိုတော့ မဖြစ်နိုင်ဘူးပေါ့၊ စစ်ဆင်ရေးကိုမလျှော့ဘဲနဲ့ ကမ်းလှမ်းနေတော့ အဓိပ္ပါယ်မဲ့တယ်လေ ဒါကြောင့် ငြင်းလိုက်တာပါ” ဟု ဦးလနန်မှ ပြောပါသည်။
KIO နှင့် အစိုးရ တို့သည် ပြီးခဲ့တဲ့ ဇူလိုင်လ (၁) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကေအိုင်အိုထိမ်းချုပ်နယ်မြေ၌ တိုက်ပွဲပေါင်း (၄၀) ကျော် ဖြစ်ပွားခဲ့သည်ဟု ဆိုပါသည်။ ဤတိုက်ပွဲများကြောင့် တွေ့ဆုံဆွေးနွေးမှုကို KIO က ငြင်းပယ်နေခြင်း ဖြစ်ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းမှု ဖေါ်ဆောင်ရေးအဖွဲ့ လုပ်ငန်းကော်မီတီဒုဥက္ကဌ ဦးအောင်မင်းသည်၊ ကချင်ပြည်နယ် ဗန်းမော်မြို့၌ တွေ့ဆုံဆွေးနွေးရန် ပြီးခဲ့သည့်ဇွန်လ (၂၀)ရက်နေ့ကတည်းက ကမ်းလှမ်းခဲ့ပါသည်။ KIO သည် တွေ့ဆုံပွဲကို ဗန်းမော်ခရိုင် ရှိတရုတ်မြန်မာနယ်စပ် လွယ်ဂျယ်မြို့နယ် ပရန်ငွန်ကျေးရွာ၌ ကျင်းပရန် တောင်းဆိုထားသော်လည်း ထိုတိုက်ပွဲများ ဆက်ရှိ နေလျှင် ဆွေးနွေးပွဲကို လက်ခံနိုင်ဖွယ်မရှိပေ။
KIO_U_Aung_Min1ဦးအောင်မင်းနှင့် KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ ဇွန်လ (၂၀) ရက်နေ့ အလွတ်သဘော တွေ့ဆုံစဉ်၌
နှစ်ဖက်တပ်များ နေရာယူ ထားမှုအား မြေပုံပေါ်၌ သုံးသပ် ကြည့်ရှူ့နေစဉ်။ ဓါတ်ပုံ - KNG)
“ ဆွေးနွေးပွဲအတွက် ကချင်ကိုယ်စားလှယ်တွေကို လုံခြုံရေးတပ်ဖွဲ့နဲ့ တကွကြိုပို့ပေးမယ်လို့ အစိုးရဖက်က ပြောပေမဲ့ ကျ နော်တို့ဖက်ကတော့ တိုက်ပွဲဖြစ်နေတဲ့အခုလို အချိန်မျိုးမှာ ဗန်းမော်ကို လိုက်သွားဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးတော့ အစိုးရဟာ ကချင် လူထုကိုလည်း အနိုင်ကျင့်နှိပ်စက် နေတဲ့အချိန် ဖြစ်နေလို့ ကျနော်တို့ကလည်း အစိုးရနဲ့ဆွေးနွေးပွဲ လုပ် တော့ မယ်ဆိုရင် ပြည်သူတွေရဲ့ အမြင် ကြည်လင်ဖို့ အရေးကြီး ပါတယ်။ ဒါကြောင့် အစိုးရ တပ်တွေ ဆုတ်ပေးဖို့ ပြောနေတာ ဖြစ်တယ်”ဟု ဦးလာနန်းက ဆိုပါသည်။
KIO နှင့် အစိုးရတို့သည် ပြီးခဲ့သည့် ၂၀၁၁ခုနှစ် ဇွန်လမှစပြီး တိုက်ပွဲများ စတင်လာခဲ့ပါသည်။ ဤကဲ့သို့တိုက်ပွဲများ ဖြစ် လာခဲ့ သော်လည်း အပစ်အခတ်ရပ်စဲဖို့ (၅) ကြိမ်ထက်မနဲ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ သို့သော် KIO သည် ဆွေးနွေးပွဲ တိုင်း၌ အစိုးရတပ် များဆုတ်ပေးရန် ကနေ့ထိတောင်းဆိုနေဆဲဖြစ်သလို အစိုးရကလည်း တပ်ဆုတ်ပေးရေးကိစ္စတွင် အစိုးရ တရပ်အနေနှင့် သိက္ခာကျနိုင်ဖွယ်ဖြစ်သော ကိစ္စဖြစ်သောကြောင့် တပ်ဆုတ်ပေးရန် မဖြစ်နိုင်ဟု ဦးအောင်မင်းက အကြောင်းပြန်ကြား ခဲ့ကြောင်း ဦးလာနန်းကပြောပါသည်။
ဤသို့ကြောင့် KIO နှင့် အစိုးရတို့သည်၊ ငြိမ်းချမ်းရေး လိုလားနေသည်ဟု ဆိုသော်လည်း တဖက်နှင့်တဖက် သဘောထား တင်းမာနေကြသဖြင့် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုသည် အလားအလာ မကောင်းဟု ဆိုနိုင်ပေသည်။

ရွှေဟင်္သာ

No comments:

Post a Comment

My Blog List