Friday, November 22, 2019

NLDပါတီ၏ ထိပ်တန်းအကြီးအကဲ တစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာရောဂါခံစားနေရကြောင်း ပါတီပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ထုတ်ဖော်ပြောဆို လက်ရှိတွင်ဆေးသွင်းထားရ၍ အနားယူနေပြီး မကြာမီတာဝန်များပြန်ထမ်းဆောင်ရန် မျှော်လင့်


NLDပါတီ၏ ထိပ်တန်းအကြီးအကဲ တစ်ဦးဖြစ်သူ ဒေါက်တာဇော်မြင့်မောင် သွေးကင်ဆာရောဂါခံစားနေရကြောင်း ပါတီ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဒေါက်တာမျိုးညွှန့်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဆေးသွင်းထားရ၍ အနားယူနေပြီး စိုးရိမ်စရာမရှိကြောင်းနှင့် မကြာမီတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် မျှော်လင့်နေကြောင်း ဒေါက်တာမျိုးညွှန့်က ဆက်ပြောသည်။
“ခေတ်သစ်ဆေးပညာအရ သွေးကင်ဆာက ကုသလို့ရပါတယ်။အသက်ကြီးမှ ပေါ်လာတဲ့ဖြစ်တဲ့အတွက် ထိန်းထားလို့ရပါတယ်“ဟု ဒေါက်တာမျိုးညွှန့်က ပြောသည်။
လက်ရှိတွင် ဒေါက်တာဇော်မြင့်မောင်သည် ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှုခံယူလျှက်ရှိနေသည်။
မောင်မောင်/Myanmar Harp

No comments:

Post a Comment

My Blog List