Tuesday, November 19, 2019

ပြည်နယ်ရုံးဆောက်ရန် လိုအပ်သည့်ငွေ ပြည်နယ်ဝန်ကြီးမှ ရန်ပုံငွေရှာဖွေပေးရန် အကူအညီတောင်းခံစာ လူမှုကွန်ယက်၌ ထွက်ပေါ်ပြီးနောက် ရုပ်သိမ်းလိုက်ကြောင်း ကချင်ပြည်နယ် NLD ဥက္ကဌ ပြောဆို

Image may contain: textImage may contain: text
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တည်ဆောက်မည့် NLD အဆောက်အဦးအတွက် လိုအပ်သည့် ရန်ပုံငွေကို ပြည်နယ်ဝန်ကြီးမှ ရှာဖွေပေးရန် အကူအညီတောင်းခံသည့်စာသည် နိုဝင်ဘာ(၁၆)ရက်၌ လူမှုကွန်ယက်၌ ထွက်ပေါ်လာပြီးနောက် ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း ပြည်နယ် NLD ပါတီဥက္ကဌ ဦးမြသိန်းက ပြောဆိုလိုက် သည်။

အဆိုပါ ရန်ပုံငွေရှာဖွေပေးရန် အကူအညီတောင်းခံစာနှင့်ပတ်သက်ပြီး PeopleMedia မှ ကချင်ပြည်နယ် ဝန်ကြီးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရခဲ့သော်လည်း ပြည်နယ် NLD ဥက္ကဌနှင့် အဆက်အသွယ် ရရှိခဲ့သည်။
“ရုပ်သိမ်းလိုက်ပါပြီ”ဟု ပြည်နယ် NLD ပါတီဥက္ကဌ ဦးမြသိန်းက ပြောသည်။
အဆိုပါထွက်ပေါ်လာသည့်စာ၌ NLD ပါတီ ကချင်ပြည်နယ်ရုံးကို ၂၀၁၉ ခုနှစ်အတွင်း အပြီးဆောက်လုပ်၊ ဖွင့်လှစ်နိုင်ရေး လျာထားသတ်မှတ်ပြီးဖြစ်သည်။ အဆောက်အဦးအတွက် လျာထားသတ်မှတ်ပြီး မူလ ရှာဖွေသော ရန်ပုံငွေမှာ လုံလောက်မှုမရှိပါသဖြင့် ထပ်မံရှာဖွေရန် လိုအပ်လျှက်ရှိသည်။
သို့ဖြစ်ရာအလှူငွေရှာဖွေရာတွင် ဝန်ကြီးမှ ပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရန် လေးစားစွာ တောင်းခံအပ်ကြောင်း ဖော်ပြထားသည်။ အဆိုပါ အကူအညီတောင်းခံမှုသည် နိုဝင်ဘာ(၁၆)ရက်၌ ပြု့လုပ်သည့် ပြည်နယ်အလုပ်အမှု ဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရဖြစ်ကြောင်း ဖော်ပြထားသည်။
နိုဝင်ဘာ(၁၈)ရက်၌ ကချင်ပြည်နယ် NLD ပါတီမှ မှားယွင်းထုတ်ပေးခဲ့သည့် ရုံးစာအား ပြန်လည်းရုပ်သိမ်းကြောင်း အကြောင်းကြားစာ ထပ်မံထုတ် ပြန်ခဲ့သည်။
No photo description available. 
(Unicode)

#PeopleMedia #KachinNLD

No comments:

Post a Comment

My Blog List