Wednesday, November 20, 2019

ရန်ကုန်တိုင်းအတွင်းရှိ သိမ်းဆည်းမြေများနှင့်ပတ်သက်၍ စီမံကိန်းကော်မတီက ကွင်းဆင်းစစ်ဆေးပြီး အဆင့်ဆင့်တင်ပြသော်လည်း တောင်သူများအတွက်ဘာမှထူးမလာဟုဆို



ရန်ကုန်တိုင်းအတွင်းရှိ သိမ်းဆည်းမြေများနှင့်ပတ်သက်၍ ဘဏ္ဍာရေး ၊စီမံကိန်းနှင့်စီးပွားရေးကော်မတီက ကွင်းဆင်းစစ်ဆေးပြီး အဆင့်ဆင့်တင်ပြသော်လည်း တောင်သူများအတွက်ဘာမှထူးမလာကြောင်း ကော်မတီဥက္ကဌဖြစ်သူဒေါ်စန္ဒာမင်းက ၎င်း၏လူမှုကွန်ယက်စာမျက်နှာတွင်ရေးသားလိုက်သည်။

ပြည်သူ့လွှတ်အစည်းဝေးတွင် မင်းကင်းအမတ် ဦးမောင်မြင့် မေးမြန်းသည့် မြေယာများကိုမူလပိုင်ရှင်များထံ တိုက်ရိုက်အပ်နံခြင်းမပြုဘဲ နိုင်ငံတော်စီမံကိန်းအကျိုးပြုလုပ်ငန်းများ အသုံးပြုရန်တင်ပြဆောင်ရွက်ခဲ့ခြင်းနှင့်ပတ်သက်၍ ဒုတိယဝန်ကြီးဦးတင်မြင့်၏ဖြေကြားချက်မှာ မှားယွင်းနေကြောင်းလည်း ရေးသားထားခဲ့သည်။
ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ဒုတိယ ဝန်ကြီးဦးတင်မြင့်ရဲ့ဖြေဆိုချက်ဟာ မှားနေပါတယ်။
တောင်သူများ သဘောတူညီမှု့မရှိရင် ဆောင်ရွက်ချက်မရှိပဲ ထားရှိပြီး သိမ်းဆည်းမြေများ၏ ၈၀ရာခိုင်နှုန်းကိုနိုင်ငံတော်စီမံကိန်းများ အကျိုးပြုလုပ်ငန်းများအတွက်အသုံးပြုရန် သတ်မှတ်ဆောင်ရွက်ခဲ့ခြင်း မရှိဘူးဆိုတာ ပါ။ရန်ကုန်တိုင်းအစိုးရဟာ ငွေပင်လယ် dry port စီမံကိန်းလုပ်ဆောင်ဖို့ တောင်သူတွေရဲ့မြေ ဧက ၂၄၃. ၆၂ ကို သိမ်းဖို့ လုပ်ပါတယ်။ ၂၀ :၈၀ အချိုးပေါ့ ၊ဒါကိုတောင်သူတွေက သဘောမတူပါဘူး အဲ့ဒိတော့ ဘာလုပ်သလည်း ပုံစံ ၇ ထွက်ပြီးသား
မြေဧက ၂၀၁ ကို သိမ်းတော့ ပိုင်ရှင်ကသဘောမတူတော့ဒီပုံစံ ၇ ဟာ ပြီးခဲ့တဲ့အစိုးရ လက်ထက်မှာ နည်းမှန်လမ်းမှန်နဲ့ ရခဲ့တဲ့ ပုံစံ ၇ ဟုတ်ရဲ့လားဆိုပြီး သူ့ရဲ့ မြေစစ်ကော်မတီတွေကို အဆင့်ဆင့်စစ်ခိုင်းပြန်ပါတယ်။
မြေစစ်ကလည်း စစ်ပြီးတော့ နည်းလမ်းမှန်ပါတယ်ဆိုတော့ သူဒုက္ခရောက်နေကော
နောက်ထပ် တဆက်စပ်ထဲ သိမ်းမဲ့ မြေတွေကိုလည်း ပိုင်ရှင်တွေက သဘောမတူတော့ သူတို့လုပ်ငန်းတွေအတွက်တနှစ်တခါ သက်တမ်း
တိုးရတဲ့ စည်ပင်မှာ သက်တမ်းတိုးခွင့်ပိတ်ပြီး လုပ်ကိုင်စားလို့မရအောင် ညစ်ထားပါလေကော ။
ပုံစံ ၇ ကို ဖျက်သိမ်းဖို့ ထွေအုပ်ကို ထပ်ခိုင်းပါကော
ထွေအုပ်က မြေပိုင်ရှင်တွေကို ခေါ်ပြီး ဖျက်သိမ်းဖို့ လုပ်ပါတယ် ။ ပိုင်ရှင်တွေက ဘယ်လက်ခံမလည်း။
စစ်ဆေးပြီးသား ပုံစံ ၇ ကို သိမ်းယူဖို့ လုပ်တာ သဘာဝကျပါသလား။ဒါက ၂၀:၈၀ ကို သဘောမတူရင် ဘောင်ထဲကနေ ညစ်တဲ့ အကွက်များပေါ့ ဒါက ကျမ ဥပမာ ၁ခုပဲပြရပါသေးတယ်။"ဟုဒေါ်စန္ဒာမင်းကရေးသားထားသည်။

The Ladies News

No comments:

Post a Comment

My Blog List