Monday, November 18, 2019

အောင်ကြီးရှေ့နေအား တရားစွဲထားသည့်အမှု လာမည့် ရုံးချိန်းတွင် ဒေါ်ဥမ္မာလှိုင်၏ သား ၂ ဦး ကို စစ်ဆေးမေးမြန်းမည်

Image may contain: 5 people

နေပြည်တော်တွင် ဖြစ်ပွားခဲ့သည့် ဗစ်တိုးရီးယားလေး အမှုနှင့် ပတ်သက်ပြီး သံသယ တရားခံဟု ယူဆထားသည့် တရားခံ အောင်ကြီးဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်ကို Wisdom Hill ကျောင်းမှ ကျောင်းကြီးကြပ်ရေးမှူးဖြစ်သူ ဒေါ်ဥမ္မာလှိုင်မှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၁ ဖြင့် ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်သည်။

ထိုသို့ တရားစွဲဆိုရခြင်းသည် ဗစ်တိုးရီးယားလေး၏ ဒုတိယအကြိမ်မြောက်ရုံးချိန်း အပြီးတွင် ဒေါ်စုဒါလီအောင်မှ BBC သတင်းဌာန အား အင်တာဗျူးဖြေဆိုရာတွင် ကိုကိုညီညီ ဟု သုံးနှုန်းခဲ့သည့် အတွက် တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအမှု နှင့် ပတ်သက်ပြီး ယနေ့ တွင် ကျောင်းမှ ဆရာမ နှစ်ဦး ကို စစ်ဆေးမေးမြန်းမှု များလုပ်ဆောင်ခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောသည်။
ထိုကဲ့သို့ စစ်ဆေးမေးမြန်းရာတွင် ထွက်ဆိုချက် ၂ ရပ်သည် ကွဲလွှဲမှုများရှိနေကြောင်း ဦးခင်မောင်ဇော်က ပြောသည်။
“cross မှာကျတော့ ဖုန်းဆက်တာ မဟုတ်ဘူး။ အကူအညီတောင်းလို့ လာထွက်တာဆိုတော့ အဲ့ဒါ ကွဲလွှဲချက်ကို ရှင်းခိုင်းတဲ့ အခါမှာ သူ ဖုန်းမဆက်ဘူး။ မနက်ကျမှ ကျောင်းမှာတွေ့တာပြောတယ်။ ဒါက ထွက်ဆိုချက် ၂ ရပ်ကွဲလွှဲနေတာပေါ့”ဟု ၎င်း ကပြောသည်။
၎င်း အမှုနှင့် ပတ်သက်ပြီး လာမည့် ရုံးချိန်းကိုတော့ ဒေါ်ဥမ္မာလှိုင်၏ သား ၂ ဦးကို စစ်ဆေးမေးမြန်းမှုများလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးခင်မောင်ဇော် ကပြောသည်။
“ရှေ့အချိန်းကျရင်တော့ လူငယ်လေး ၂ ယောက်ကို စစ်ပါမယ်။ ဘယ်သူလဲဆိုတာ ခင်ဗျားတို့ သိပြိးသားပါ။ အဲ့နေ့ အတွက်တော့ သေချာပြင်ဆင်ထားပါတယ်”ဟု ၎င်း ကပြောသည်။
လာမည့် ရုံးချိန်းကိုတော့ ဒီဇင်ဘာလ ၂ နေ့ တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(Zawgyi)
အောင်ကြီးရှေ့နေအား တရားစွဲထားသည့်အမှု လာမည့် ရုံးချိန်းတွင် ဒေါ်ဥမ္မာလှိုင်၏ သား ၂ ဦး ကို စစ်ဆေးမေးမြန်းမည်
နို၀င္ဘာ ၁၈
ယဉ်ကေနွယ်

No comments:

Post a Comment

My Blog List