Tuesday, November 19, 2019

မြောက်ပိုင်းလေးဖွဲ့ဘက်က အချက်နှစ်ချက် သေချာရှင်းလင်းစွာသိမှ တရားဝင်ဆွေးနွေးပွဲတွေ ဆက် သွားမည်


ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး   မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ဘက်မှ     အချက်နှစ်ချက်ကို      သေချာရှင်း လင်းစွာသိမှသာ    တရားဝင်ဆွေးနွေးပွဲတွေ ဆက်သွားမယ်လို့     နိုင်ငံတော်သမ္မတရုံး   ပြောရေးဆိုခွင့်ရှိသူ    ဦးဇော်ဌေးက     ပြောပါတယ်။

ဦးဇော်ဌေးက“ ဒီလေးဖွဲ့အနေနဲ့   ငြိမ်း ချမ်းရေးကို     တကယ်လိုချင်လား၊    ငြိမ်း ချမ်းရေးလမ်းကြောင်းကို     သေချာလျှောက် ချင်လား    သေချာဖို့လိုတယ်၊      Bilateral   Ceasefire   Agreement  ထိုးပြီးရင်   နောက် တစ် ဆင့်    ဘယ်ကိုသွားချင်တာလဲဆိုတာ     ရှင်းရှင်းလင်းလင်းရှိဖို့လိုတယ်၊    အဲ့ဒီ      နှစ် ချက်     သေချာမှ    ကျွန်တော်တို့တရားဝင်   ဆွေးနွေးပွဲတွေကို       သွားမှာဖြစ်တယ်”လို့    ပြောပါတယ်။
နိုဝင်ဘာလ    ၁၅ရက်နေ့    နေပြည်တော်ရှိ      သမ္မတအိမ်တော်မှာ    ပြုလုပ်တဲ့       သတင်းစာရှင်းလင်း ပွဲမှာ      အခုလိုပြောတာဖြစ်ပါတယ်။ 
လက်ရှိမှာ      အစိုးရနဲ့       မြောက်ပိုင်းလေး ဖွဲ့   (KIA၊  TNLA၊  AA၊   MNDAA)  တို့    ကျိုင်းတုံမှာ      ဆွေးနွေးပွဲပြုလုပ်ထားပြီး    သည်ဆွေးနွေးပွဲမှာလည်း     သူ့ဘက်ကိုယ့် ဘက်        လက်မခံနိုင်တဲ့အချက်တွေကို   ပွင့် ပွင့်လင်းလင်း       ပြောထားကြပြီး ဖြစ်တယ် လို့  သိရပါတယ်။     ဒါ့အပြင်     Bilateral   Cease fire   Agreement    ပြီးရင်   နောက် တစ်ဆင့် နောက်လမ်းကြောင်းက     ဘယ် သွားမှာလဲဆိုတာ     သေချာဖို့လိုပြီး    ဒါကို လည်း       သေချာအောင်လည်း   မေးထားတယ်လို့   ဦးဇော်ဌေးက        ပြောပါတယ်။
ဦးဇော်ဌေးက“   Bilateral   Cease fire   Agreement  အခုထိုး    အခုညှိလို့ရတယ်၊  ညှိပြီးရင်   ထိုးလို့ရတယ်၊    သို့သော်   ဒါထိုးပြီး ရင်     နောက်တစ်ဆင့်ဘာသွားမှာလဲ၊    pro cess   ကို    သူ့ဘက်ကိုယ့်ဘက်     ရှင်းရှင်း လင်းလင်းဖြစ်ဖို့လိုတယ်၊   ရှင်းလင်းမှလဲ    ဒါထိုးပြီး     နောက်တစ်ဆင့်    ထပ်သွားလို့ရ မယ်၊   ဆက်မသွားဘဲ    ရပ်နေလို့တော့မရ ဘူး၊  အဲဒါကို   သေချာအောင်လုပ်နေတယ်” လို့  ပြောပါတယ်။ 
အစိုးရနဲ့   မြောက်ပိုင်းလေးဖွဲ့တို့ဟာ   စက်တင်ဘာလ   ၁ရရက်နေ့က   ကျင်းပခဲ့တဲ့     ကျိင်းတုံဆွေးနွေးပွဲပြီးနောက်ပိုင်း    အောက် တိုဘာလအတွင်း  ထပ်မံတွေ့ဆုံဖို့      သဘောတူခဲ့ကြပေမဲ့        လက်ရှိအချိန်အထိ    ထပ်မံတွေ့ဆုံနိုင်ခြင်းမရှိသေးပါဘူး။       ဒါ ပေမဲ့   အစိုးရအနေနဲ့ကတော့     ဆွေးနွေးပွဲပြီး  နောက်ပိုင်း      သူတို့ရဲ့ဆောင်ရွက်ချက်တွေ ၊ လှုပ်ရှားမှုတွေ၊  သဘောထားတွေ    သုံးသပ် နေသလို     နောက်ဆုံး      လွှတ်တော်ကိုယ်စားလှယ်  ဦးဝှေ့တင်းအဖမ်းခံရတဲ့ကိစ္စအထိ စဉ်းစားသုံးသပ်တယ်လို့         သိရပါတယ်။ 
ဦးဇော်ဌေးက   “နောက်ဆုံး  လွှတ်တော် ကိုယ်စားလှယ်ကို    ဖမ်းတဲ့ကိစ္စအထိ       သုံးသပ်တယ်၊   နောက်ဆုံး      ဒီ        question    နှစ်ခု ပေါ်လာတယ်၊    သေချာပြီဆိုရင်တော့      ဒီအ ဖွဲ့တွေနဲ့   ငြိမ်းချမ်းရေးဆွေးနွေးမှု      ဆက် သွားရမှာဖြစ်တယ်”လို့        ပြောပါတယ်။
လက်ရှိမှာတော့    ရခိုင်ပြည်နယ်မှာ   တိုက်ပွဲတွေ       ဖြစ်ပွားနေဆဲဖြစ်သလို      ရှမ်းမြောက်ဒေသ မှာလည်း       စစ်ရေးတင်းမာ နေဆဲပဲဖြစ်ပါတယ်။        


မာရီခိုင်
Kumudra 
ေျမာက္ပိုင္းေလးဖြဲ႕ဘက္က   အခ်က္ႏွစ္ခ်က္   ေသခ်ာရွင္းလင္းစြာသိမွ   တရားဝင္ေဆြးေႏြးပြဲေတြ  ဆက္သြားမည္

ၿငိမ္းခ်မ္းေရးနဲ႔   ပတ္သက္ၿပီး   ေျမာက္ပိုင္းလက္နက္ကိုင္ေလးဖြဲ႕ဘက္မွ     အခ်က္ႏွစ္ခ်က္ကို      ေသခ်ာရွင္းလင္းစြာသိမွသာ    တရားဝင္ေဆြးေႏြးပြဲေတြ ဆက္သြားမယ္လို႔     နိုင္ငံေတာ္သမၼတ႐ုံး   ေျပာေရးဆိုခြင့္ရွိသူ    ဦးေဇာ္ေဌးက     ေျပာပါတယ္။

ဦးေဇာ္ေဌးက“ ဒီေလးဖြဲ႕အေနနဲ႔   ၿငိမ္း ခ်မ္းေရးကို     တကယ္လိုခ်င္လား၊    ၿငိမ္း ခ်မ္းေရးလမ္းေၾကာင္းကို     ေသခ်ာေလၽွာက္ ခ်င္လား    ေသခ်ာဖို႔လိုတယ္၊      Bilateral   Ceasefire   Agreement  ထိုးၿပီးရင္   ေနာက္ တစ္ ဆင့္    ဘယ္ကိုသြားခ်င္တာလဲဆိုတာ     ရွင္းရွင္းလင္းလင္းရွိဖို႔လိုတယ္၊    အဲ့ဒီ      ႏွစ္ ခ်က္     ေသခ်ာမွ    ကၽြန္ေတာ္တို႔တရားဝင္   ေဆြးေႏြးပြဲေတြကို       သြားမွာျဖစ္တယ္”လို႔    ေျပာပါတယ္။
နိုဝင္ဘာလ    ၁၅ရက္ေန႔    ေနျပည္ေတာ္ ရွိ      သမၼတအိမ္ေတာ္မွာ    ျပဳလုပ္တဲ့       သတင္းစာရွင္းလင္းပြဲမွာ      အခုလိုေျပာတာျဖစ္ပါတယ္။ 
လက္ရွိမွာ      အစိုးရနဲ႔       ေျမာက္ပိုင္းေလး ဖြဲ႕   (KIA၊  TNLA၊  AA၊   MNDAA)   တို႔    က်ိဳင္းတုံမွာ      ေဆြးေႏြးပြဲျပဳလုပ္ထားၿပီး    သည္ေဆြးေႏြးပြဲမွာလည္း     သူ႔ဘက္ကိုယ့္ ဘက္        လက္မခံနိုင္တဲ့အခ်က္ေတြကို   ပြင့္ ပြင့္လင္းလင္း       ေျပာထားၾကၿပီး ျဖစ္တယ္ လို႔  သိရပါတယ္။     ဒါ့အျပင္     Bilateral   Cease fire   Agreement    ၿပီးရင္   ေနာက္ တစ္ဆင့္ ေနာက္လမ္းေၾကာင္းက     ဘယ္ သြားမွာလဲဆိုတာ     ေသခ်ာဖို႔လိုၿပီး    ဒါကို လည္း       ေသခ်ာ ေအာင္လည္း   ေမးထား တယ္လို႔   ဦးေဇာ္ေဌးက        ေျပာပါတယ္။
ဦးေဇာ္ေဌးက“   Bilateral   Cease fire   Agreement  အခုထိုး    အခုညႇိလို႔ရတယ္၊  ညႇိၿပီးရင္   ထိုးလို႔ရတယ္၊    သို႔ေသာ္   ဒါထိုးၿပီး ရင္     ေနာက္တစ္ဆင့္ဘာသြားမွာလဲ၊    pro cess   ကို    သူ႔ဘက္ကိုယ့္ဘက္     ရွင္းရွင္း လင္းလင္းျဖစ္ဖို႔လိုတယ္၊   ရွင္းလင္းမွလဲ    ဒါထိုးၿပီး     ေနာက္တစ္ဆင့္    ထပ္သြားလို႔ရ မယ္၊   ဆက္မသြားဘဲ    ရပ္ေနလို႔ေတာ့မရ ဘူး၊  အဲဒါကို   ေသခ်ာေအာင္လုပ္ေနတယ္” လို႔  ေျပာပါတယ္။ 
အစိုးရနဲ႔   ေျမာက္ပိုင္းေလးဖြဲ႕တို႔ဟာ   စက္တင္ဘာလ   ၁ရရက္ေန႔က   က်င္းပခဲ့တဲ့     က်ိင္းတုံေဆြးေႏြးပြဲၿပီးေနာက္ပိုင္း    ေအာက္ တိုဘာလအတြင္း  ထပ္မံေတြ႕ဆုံဖို႔      သ ေဘာတူခဲ့ၾကေပမဲ့        လက္ရွိအခ်ိန္အထိ    ထပ္မံေတြ႕ဆုံနိုင္ျခင္းမရွိေသးပါဘူး။       ဒါ ေပမဲ့   အစိုးရအေနနဲ႔ကေတာ့     ေဆြးေႏြးပြဲၿပီး  ေနာက္ပိုင္း      သူတို႔ရဲ့ေဆာင္ရြက္ခ်က္ေတြ ၊ လွုပ္ရွားမွုေတြ၊  သေဘာထားေတြ    သုံးသပ္ ေနသလို     ေနာက္ဆုံး      လႊတ္ေတာ္ကိုယ္စား လွယ္  ဦးေဝွ႕တင္းအဖမ္းခံရတဲ့ကိစၥအထိ စဥ္းစားသုံးသပ္တယ္လို႔         သိရပါတယ္။ 
ဦးေဇာ္ေဌးက   “ေနာက္ဆုံး  လႊတ္ေတာ္ ကိုယ္စားလွယ္ကို    ဖမ္းတဲ့ကိစၥအထိ       သုံး သပ္တယ္၊   ေနာက္ဆုံး      ဒီ        question    ႏွစ္ခု ေပၚလာတယ္၊    ေသခ်ာၿပီဆိုရင္ေတာ့      ဒီအ ဖြဲ႕ေတြနဲ႔   ၿငိမ္းခ်မ္းေရးေဆြးေႏြးမွု      ဆက္ သြားရမွာျဖစ္တယ္”လို႔        ေျပာပါတယ္။
လက္ရွိမွာေတာ့    ရခိုင္ျပည္နယ္မွာ   တိုက္ပြဲေတြ       ျဖစ္ပြားေနဆဲ     ျဖစ္သလို      ရွမ္း ေျမာက္ေဒသမွာလည္း       စစ္ေရးတင္းမာ ေနဆဲပဲျဖစ္ပါတယ္။        


မာရီခိုင္

No comments:

Post a Comment

My Blog List