Monday, November 18, 2019

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲနှင့် အကြမ်းဖက်နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း တို့ကို တက်ရောက်ရန် ထွက်ခွာ


Image may contain: 6 people, people smiling, people standing and suit
ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အာဆီယံနိုင်ငံများ၏ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာပြပွဲ (Defense & Security 2019)နဲ့ တရုတ်နိုင်ငံမှာ ကျင်းပမယ့် အကြမ်းဖက် နှိမ်နင်းရေး လက်တွေ့လေ့ကျင့်ခန်း ADMM-Plus (VIP Program)တွေကိုတက်ရောက်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ နိုဝင်ဘာ(၁၇)ရက် မနက်ပိုင်းက ရန်ကုန်မြို့ကနေ ထွက်ခွာခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ကို ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)က တပ်မတော် အရာရှိကြီးတွေ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံနဲ့ တပ်မတော် အရာရှိကြီးတွေ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး Mrs. Suphatra Srimaitreephithak ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ၊ ထိုင်းဘုရင့် တပ်မတော် ရေတပ်စစ်သံမှူး၊ တရုတ်နိုင်ငံစစ်သံမှူးနဲ့ တာဝန်ရှိသူတွေက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပို့ဆောင်နှုတ်ဆက်ကြပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့မှာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)က တပ်မတော်အရာရှိကြီးတွေ အဖွဲ့ဝင်အဖြစ် လိုက်ပါသွားကြပါတယ်။ အဲဒီနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့အဖွဲ့ဝင်တွေဟာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ သုဝဏ္ဏဘူမိ လေဆိပ်ကိုရောက်ရှိကြရာ ထိုင်းဘုရင့် တပ်မတော်က Lt. Gen. Ekachai Harnpoonvittaya နဲ့ ထိုင်းဘုရင့် တပ်မတော်အရာရှိကြီးတွေ၊ GML Exhibition Co.Ltd က Group Managing Director ဖြစ်သူ Mr. M. Gandhi ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးမျိုးမြင့်သန်း၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ်ခင်ဇော်နဲ့ တာဝန်ရှိသူတွေက လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။


---------------------------------------------------

No comments:

Post a Comment

My Blog List