Monday, November 18, 2019

နိုင်ငံရေးတစ်ဖက်စွန်းရောက်စကားတွေမပြောကြဖို့ ဒီမိုကရက်တွေကို အိုဘားမား သတိပေး


Image may contain: 2 people, outdoor
(၂၀၂၀)အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် စကားစစ်ထိုးပွဲတွေေလုပ်တဲ့နေရာမှာ နိုင်ငံရေးတစ်ဖက်စွန်းရောက် တဲ့စကားတွေမပြောကြဖို့ သမ္မတဟောင်းဘားရတ်အိုဘားမားရဲ့သတိပေးချက်ကို ရွေးကောက်ပွဲဝင်အရွေးခံမယ့် ဒီမိုကရက်ကိုယ်စားလှယ်လောင်းတွေက တုံ့ပြန်ခဲ့ကြပါတယ်။
ဒီမိုကရက်ပါတီတွင်းရွေးကောက်ပွဲတွေမှာ အိုဘားမားရဲ့ရှားရှားပါးပါးစွက်ဖက်ပြောဆိုမှုဟာ အခုလ(၁၆)ရက်က လုပ်ခဲ့တဲ့မဲဆွယ်ပွဲတွေမှာ အဓိကထည့်သွင်းဆွေးနွေးစရာအချက်တစ်ခုဖြစ်ခဲ့ပါတယ်။
တချို့ဒီမိုက်ရက်တွေက စည်းလုံးညီညွတ်ကြဖို့ တောင်းဆိုနေချိန်မှာ တချို့ကလည်း သူတို့ရဲ့မူဝါဒအစီအစဉ်ကို ခုခံ ကာကွယ်ခဲ့ကြပါတယ်။
ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း(၂၀)ဦးနီးပါးရှိနေပြီး၊ နောက်နှစ် သမ္မတရွေးကောက်ပွဲမှာ သမ္မတ ထရမ့်ကို ဘယ်လိုအကောင်းဆုံးရင်ဆိုင်သွားမယ်ဆိုတာနဲ့ပတ်သက်ပြီး စကားစစ်ထိုးပွဲတွေလုပ်နေတာဖြစ်တယ်လို့ ရိုက် တာသတင်းမှာ ဖော်ပြာထားပါတယ်။

ဘာသာပြန် - စုစံစိုး

No comments:

Post a Comment

My Blog List