Wednesday, November 20, 2019

ကုလအထူးကိုယ်စားလှယ် ရခိုင်ခရီးစဉ်အတွင်း လွှတ်တော်၊ အစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms.Christine Schraner Burgener ဟာ ရခိုင်ပြည်နယ်ခရီးစဉ်ကို နိုဝင်ဘာ(၁၇)ရက်ကနေ (၁၉)ရက်အထိ (၃)ရက်ကြာ သွားရောက်ခဲ့ပါတယ်။ အထူးကိုယ်စားလှယ်ဟာ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံမှုတွေပြုလုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ နိုဝင်ဘာလ(၁၈)ရက်မှာတော့ အထူးကိုယ်စားလှယ်နဲ့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတို့ကို တွေ့ဆုံခဲ့ပြီး တိုက်ပွဲတွေနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ (၂၀၂၀)ရွေးကောက်ပွဲ အခြေနေတွေ စတဲ့အကြောင်းအရာတွေ ဆွေးနွေးခဲ့တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောပါတယ်။
" သူတို့မေးတာတွေကတော့ စုံတော့ စုံပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကို သဟဇတ ကြကြပြောပြတာပေါ့။ တဘက်ကလည်း စိတ်ဝင်စားပါတယ်" လို့ ဦးစံလှကျော်က ပြောပါတယ်။

ကုလအထူးကိုယ်စားလှယ်ဟာ စစ်တွေမြို့နယ်ရှိ လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီကို နိုဝင်ဘာ (၁၈)ရက်မှာ တွေ့ဆုံခဲ့ပြီး စစ်တွေဟိုတယ်မှာ ပြုလုပ်တဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပွဲမှာတော့ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေကို အဓိကမေးမြန်းခဲ့တယ်လို့ တွေ့ဆုံပွဲကိုတက်ရောက်ခဲ့တဲ့ ဝံလက်ဖောင်ဒေးရှင်းရဲ့ ဒါရိုက်တာဦးခိုင်ကောင်းစံက ပြောပါတယ်။
" ကျွန်တော်တို့နဲ့တွေ့တဲ့အချိန်မှာတော့ ရွေးကောက်ပွဲကိစ္စတွေပဲ မေးမြန်းသွားတာပါ။ နောက် ဒုက္ခသည်တွေ ရွေးကောက်ပွဲမှာ ဘယ်လိုပါဝင်မလဲ ဆိုတာတွေကိုမေးမြန်းသွားပါတယ်" လို့ ဦးခိုင်ကောင်းစံက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကို နိုဝင်ဘာ (၁၉)ရက်မှာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အတွင်း မောင်တောမြို့နယ်ကိုသွားရောက်ပြီး နှစ်ဖက် အသိုက်အဝန်းခေါင်းဆောင်တွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူတွေ၊ မောင်တောဒေသအာဏာပိုင်တွေနဲ့ သီးခြားစီတွေဆုံခဲ့သလို ပေါက်တောမြို့နယ်ရှိ(IDP Camp)ကိုလည်း သွားရောက်ခဲ့ပါတယ်။
Image may contain: 2 people, people standing 
Image may contain: 2 people, people sitting and indoor 
Image may contain: 4 people, people sitting and table 
Image may contain: 1 person 
သတင်း - ကျော်လွင်

No comments:

Post a Comment

My Blog List