Tuesday, November 19, 2019

ဘင်္ဂါလီပြဿနာကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ခေါင်းဆောင်ဟောင်းဖန်တီး ခဲ့ကြောင်း ဟာစီနာပြောကြား



ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဘင်္ဂါလီဒုက္ခသည်ပြဿနာကို ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဇီယာရာမန်က အဓိကဖန်တီးခဲ့တဲ့ တရားခံဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဇီယာရဲ့ BNP ပါတီနဲ့ မဟာမိတ်ပါတီတို့ဟာ ဒုက္ခသည်အရေးအပေါ်မှာ အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ လွှတ်တော်မှာ အမတ်တစ်ဦးရဲ့ မေးမြန်းချက်နဲ့ ပတ်သက်ပြီး အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဇီယာဟာ ၁၉၇၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်ရောက်ရှိနေတဲ့ ဘင်္ဂါလီခေါင်းဆောင်တွေကို ရခိုင်မြောက်ပိုင်းမှာ အစ္စလမ်မစ်နိုင်ငံတော် ဖန်တီးထူထောင်ဖို့ လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရာမှာ နောက်ကွယ်ကနေ ထောက်ပံ့ ပေးမယ်လို့ ကတိပြုခဲ့တယ်လို့ ဟာစီနာက ပြောပါတယ်။
နောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေဖြစ်လာခဲ့ပြီး မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ခဲ့တာကြောင့် ပထမဦးဆုံးအကြိမ် ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက်ဝင်ရောက်မှု ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောပါတယ်။
ဒါဟာ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်ဖန်တီးပြီး ရွေးကောက်ပွဲမှာ အားသာချက်တစ်ခုဖြစ်စေဖို့ ကွယ်လွန် သွားပြီဖြစ်တဲ့ ဇီယာက ဖန်တီးခဲ့တဲ့ ဇာတ်လမ်းဖြစ်တယ်လို့ ဟာစီနာက ပြောကြားခဲ့ပါတယ်။

(Unicode)
ဘင်္ဂါလီပြဿနာကို ဘင်္ဂလားဒေ့ရှ်စစ်တပ်ခေါင်းဆောင်ဟောင်းဖန်တီး ခဲ့ကြောင်း ဟာစီနာပြောကြား
…………………………………………………………………

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဘင်္ဂါလီဒုက္ခသည်ပြဿနာကို ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ဇီယာရာမန်က အဓိကဖန်တီးခဲ့တဲ့ တရားခံဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဇီယာရဲ့ BNP ပါတီနဲ့ မဟာမိတ်ပါတီတို့ဟာ ဒုက္ခသည်အရေးအပေါ်မှာ အမြတ်ထုတ်ဖို့ ကြိုးစားနေတယ်လို့ လွှတ်တော်မှာ အမတ်တစ်ဦးရဲ့ မေးမြန်းချက်နဲ့ ပတ်သက်ပြီး အခုလို ဖြေကြားခဲ့တာဖြစ်ပါတယ်။
ဇီယာဟာ ၁၉၇၇ ခုနှစ်က ဘင်္ဂလားဒေ့ရှ်ရောက်ရှိနေတဲ့ ဘင်္ဂါလီခေါင်းဆောင်တွေကို ရခိုင်မြောက်ပိုင်းမှာ အစ္စလမ်မစ်နိုင်ငံတော် ဖန်တီးထူထောင်ဖို့ လက်နက်ကိုင်တိုက်ပွဲဆင်နွှဲရာမှာ နောက်ကွယ်ကနေ ထောက်ပံ့ ပေးမယ်လို့ ကတိပြုခဲ့တယ်လို့ ဟာစီနာက ပြောပါတယ်။
နောက်ပိုင်း ဘူးသီးတောင်၊ မောင်တောမှာ လက်နက်ကိုင်လှုပ်ရှားမှုတွေဖြစ်လာခဲ့ပြီး မြန်မာစစ်တပ်က နယ်မြေ ရှင်းလင်းရေးဆောင်ရွက်ခဲ့တာကြောင့် ပထမဦးဆုံးအကြိမ် ဒုက္ခသည်တွေ အစုလိုက်အပြုံလိုက်ဝင်ရောက်မှု ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောပါတယ်။
ဒါဟာ ဒေသတွင်း မတည်မငြိမ်ဖြစ်အောင်ဖန်တီးပြီး ရွေးကောက်ပွဲမှာ အားသာချက်တစ်ခုဖြစ်စေဖို့ ကွယ်လွန် သွားပြီဖြစ်တဲ့ ဇီယာက ဖန်တီးခဲ့တဲ့ ဇာတ်လမ်းဖြစ်တယ်လို့ ဟာစီနာက ပြောကြားခဲ့ပါတယ်။

#PeopleMedia #International

No comments:

Post a Comment

My Blog List