Wednesday, November 20, 2019

တရားရုံးကို ဖိနပ်နှင့် ပစ်ပေါက်ခဲ့သည့် ရှေ့နေဦးဇော်ဝင်းကို ထောင်ဒဏ် (၂) နှစ် ကျခံရန် အမိန့်ချ


Image may contain: 6 people, tree, child and outdoor

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံး ဆိုင်းဘုတ်အား ဖိနပ်နှင့် ပစ်ပေါက်ခဲ့သည့် ရှေ့နေဦးဇော်ဝင်း ကို ထောင်ဒဏ် (၂) နှစ် ကျခံရန် ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီး က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အမိန့်ချခဲ့သည် ။

ရှေ့နေဦးဇော်ဝင်းအနေဖြင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့က တရားရုံးမထေမဲ့မြင်မှုကို ပြန်လည်ချေပခွင့်မပေးပဲ ထောင်ဒဏ် လေးလ ချမှတ်လိုက်တာကြောင့် တရားခွင်စစ်ဆေးပြီးချိန်တွင် တရားခွင်ရှေ့က ဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့ခြင်းဖြစ်သည် ။
ရှေ့နေဦးဇော်ဝင်းအား ပြည်ကြီးတံခွန်မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုး က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရုံးဦးတိုက်လျှောက်သည့်အတွက် ဖမ်းဆီးခဲ့သည် ။
``ဒီအမိန့်ကို ပြင်ဆင်ချက်အယူခံမတက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုက ဇာဇာထွန်း အမှုကို အခြေခံပြီးဖြစ်လာတာ။ မဇာဇာထွန်း မတရား တရာစွဲခံရတယ်။ မတရား အမိန့်ချခံရတယ်။ ဒါကိုကျတော့ ဘယ်သူမှ အရေးယူတာမရှိဘူး။ အမှုနဲ့ပတ်သက်ပြီး မန္တလေးခရိုင်တရားရုံးနဲ့ တိုင်းတရားရုံးက ဘာပြောလဲဆိုတော့ ဦးဇော်ဝင်းမှားပါတယ်။ တရားရုံးလုပ်တာမှန်ပါတယ်ဆိုပြီး စကားဦးသမ်းပြီး ပြောထားတော့ ဘာမှတက်လို့မရဘူး။´´ ဟု ဦးဇော်ဝင်း က ပြောသည် ။
ထို့အပြင် ယခင် ပြည်ကြီးတံခွန်မြို့နယ် တွဲဘက်တရားသူကြီးဒေါ်စုသက်ငုံ ကလည်း ဦးဇော်ဝင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၂၂၀/၅၀၆ တို့ဖြင့် တရားစွဲဆိုထားကာ အချုပ်ခန်းစောင့်ရဲများအား ညစ်ညမ်းစွာဆဲဆိုသည့်အတွက် ၂၉၄/၃၅၃ တို့ဖြင့် တရားစွဲဆိုထားသည် ။
________________________________________
(Zawgyi)
တရားရုံးကို ဖိနပ်နှင့် ပစ်ပေါက်ခဲ့သည့် ရှေ့နေဦးဇော်ဝင်းကို ထောင်ဒဏ် (၂) နှစ် ကျခံရန် အမိန့်ချ
ႏိုဝင္ဘာ - ၂၀
နိုင်လင်းဦး

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်တရားရုံး ဆိုင်းဘုတ်အား ဖိနပ်နှင့် ပစ်ပေါက်ခဲ့သည့် ရှေ့နေဦးဇော်ဝင်း ကို ထောင်ဒဏ် (၂) နှစ် ကျခံရန် ပြည်ကြီးတံခွန်မြို့နယ် တရားသူကြီး က နိုဝင်ဘာလ ၂၀ ရက်နေ့မှာ အမိန့်ချခဲ့သည် ။
ရှေ့နေဦးဇော်ဝင်းအနေဖြင့် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် ၂၀၁၈ ခုနှစ် မတ်လ ၁၅ ရက်နေ့က တရားရုံးမထေမဲ့မြင်မှုကို ပြန်လည်ချေပခွင့်မပေးပဲ ထောင်ဒဏ် လေးလ ချမှတ်လိုက်တာကြောင့် တရားခွင်စစ်ဆေးပြီးချိန်တွင် တရားခွင်ရှေ့က ဆိုင်းဘုတ်ကို ဖိနပ်နဲ့ ပစ်ပေါက်ခဲ့ခြင်းဖြစ်သည် ။
ရှေ့နေဦးဇော်ဝင်းအား ပြည်ကြီးတံခွန်မြို့နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စိုး က တရားလိုပြုလုပ်ပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားရုံးဦးတိုက်လျှောက်သည့်အတွက် ဖမ်းဆီးခဲ့သည် ။
``ဒီအမိန့်ကို ပြင်ဆင်ချက်အယူခံမတက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအမှုက ဇာဇာထွန်း အမှုကို အခြေခံပြီးဖြစ်လာတာ။ မဇာဇာထွန်း မတရား တရာစွဲခံရတယ်။ မတရား အမိန့်ချခံရတယ်။ ဒါကိုကျတော့ ဘယ်သူမှ အရေးယူတာမရှိဘူး။ အမှုနဲ့ပတ်သက်ပြီး မန္တလေးခရိုင်တရားရုံးနဲ့ တိုင်းတရားရုံးက ဘာပြောလဲဆိုတော့ ဦးဇော်ဝင်းမှားပါတယ်။ တရားရုံးလုပ်တာမှန်ပါတယ်ဆိုပြီး စကားဦးသမ်းပြီး ပြောထားတော့ ဘာမှတက်လို့မရဘူး။´´ ဟု ဦးဇော်ဝင်း က ပြောသည် ။
ထို့အပြင် ယခင် ပြည်ကြီးတံခွန်မြို့နယ် တွဲဘက်တရားသူကြီးဒေါ်စုသက်ငုံ ကလည်း ဦးဇော်ဝင်းအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၉၄/၃၅၃/၂၂၀/၅၀၆ တို့ဖြင့် တရားစွဲဆိုထားကာ အချုပ်ခန်းစောင့်ရဲများအား ညစ်ညမ်းစွာဆဲဆိုသည့်အတွက် ၂၉၄/၃၅၃ တို့ဖြင့် တရားစွဲဆိုထားသည် ။

No comments:

Post a Comment

My Blog List