နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ကျောက်တလုံးကြီး မြို့ရှိ မဟာဝံသ ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော် ဌာပနာ ပိတ်ပွဲကို ယနေ့ နံနက်ပိုင်းက တက်ရောက်သည်။
ကျောက်တလုံးကြီးမြို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် - PNO/PNA နာယက ဦးအောင်ခမ်းထီ၏ ဇာတိဖြစ်ပြီး၊ ပအိုဝ်းခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏ နေအိမ်တွင် နေ့လည်စာဖြင့် တည်ခင်းသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၉ ရက်နေ့က တောင်ကြီးမြို့ရှိ မိခင်နှင့် ကလေးဆေးရုံ ၄ ထပ်ကျောင်းဆောင် အား ဖွင့်လှစ်ပြီးနောက် တောင်ကြီးမြို့၊ မြို့တော်ခန်းမရှိ လူထုတွေ့ဆုံပွဲကို တက်ရောက် ခဲ့သလို ယနေ့ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းခေါင်းဆောင်၏ ဇာတိတွင် ပြုလုပ်သည့် အလှူပွဲ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်
ဧရာဝတီ၊ နိုဝင်ဘာ ၂၀ ရက်၊ ၂၀၁၉ ခုနှစ်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင် ကျောက်တလုံးကြီး မြို့ရှိ မဟာဝံသ ဗုဒ္ဓဂါယာ မဟာဗောဓိ စေတီတော် ဌာပနာ ပိတ်ပွဲကို ယနေ့ နံနက်ပိုင်းက တက်ရောက်သည်။
ကျောက်တလုံးကြီးမြို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် - PNO/PNA နာယက ဦးအောင်ခမ်းထီ၏ ဇာတိဖြစ်ပြီး၊ ပအိုဝ်းခေါင်းဆောင်က ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏ နေအိမ်တွင် နေ့လည်စာဖြင့် တည်ခင်းသည်။
ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၉ ရက်နေ့က တောင်ကြီးမြို့ရှိ မိခင်နှင့် ကလေးဆေးရုံ ၄ ထပ်ကျောင်းဆောင်အား ဖွင့်လှစ်ပြီးနောက် တောင်ကြီးမြို့၊ မြို့တော်ခန်းမရှိ လူထုတွေ့ဆုံပွဲကို တက်ရောက် ခဲ့သလို ယနေ့ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
သတင်းနှင့် ဓာတ်ပုံ - မျိုးမင်းစိုး/ဧရာဝတီ
No comments:
Post a Comment