Wednesday, November 20, 2019

အာဖဂန်တွင် ရဟတ်ယာဉ်ပျက်ကျ အမေရိကန်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံး


Image may contain: outdoor
အာဖဂန်နစ္စတန်နိုင်ငံ အမေရိကန်စစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးပျက်ကျမှုကြောင့် အမေရိကန်တပ်ဖွဲ့ဝင် ၂ ဦးသေဆုံး ခဲ့တယ်လို့ နေတိုးဦးဆောင်တဲ့ Resolute Support Mission က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရဟတ်ယာဉ်မတော်တဆပျက်ကျမှုဟာ နိုဝင်ဘာ ၂၀ ရက်နေ့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်လျက်ရှိနေပါတယ်။
ရဟတ်ယာဉ်ပျက်ကျမှုဟာ ရန်သူရဲ့ ပစ်ချမှုကြောင့်တော့မဟုတ်ဘူးလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။
အသေးစိတ်အချက်အလက်ကိုတော့ နေတိုးမစ်ရှင်းက ဖော်ပြခဲ့ခြင်းမရှိခဲ့ပါဘူး။

No comments:

Post a Comment

My Blog List