Monday, November 18, 2019

လသာမြို့နယ်တွင် လမ်းဘေးပလက်ဖောင်းကို သန်း ၈ဝ ကျော် အကုန်အကျခံ၍ ပြည်သူများ အပန်းဖြေနိုင်ရန် ပြုပြင်ဆောင်ရွက်နေ


Image may contain: 4 people, people standing and outdoor

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်တွင် အများပြည်သူအပန်းဖြေနေရာ ဖြစ်ပေါ်လာစေရေးအတွက် လူသွားစင်္ကြံ (ပလက်ဖောင်း)အား တိုးချဲ့ပြင်ဆင်ဆောင်ရွက်နေကြောင်း လသာမြို့နယ်မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က News Watch သို့ ပြောသည်။

အများပြည်သူအပန်းဖြေနေရာဖြစ်ပေါ်လာစေရေးအတွက် လသာမြို့နယ် အနော်ရထာလမ်း ရွှေတိဂုံဘုရားလမ်းနှင့် လမ်းမတော်လမ်းကြားအထိ ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလမ်းဖြစ် မြောက်ရေးအတွက် ပလက်ဖောင်းအားအနည်းငယ်တိုးချဲ့ခဲ့ပြီး အားကစားလုပ်နိုင်သည့်နေရာများအပြင် ထိုင်ခုံများမီးအလှဆင်မှုများပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်ကျစရိတ် ကျပ်သန်း ၈ဝ ကျော်ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
''အစကတော့ ရေမြောင်းဖုံးလုပ်ဖို့ပဲ စီစဉ်ထားတာနောက်တော့ ရန်ကုန်မြို့တွင်း မြို့နယ်မှာ အများပြည်သူလမ်းလျှောက်ဖို့ အပန်းဖြေဖို့ နေရာကရှားတော့ ဒီပလက် ဖောင်းကို အများပြည်သူတွေ အပန်းဖြေ နေရာ အားကစားလုပ်ဖို့အတွက် အကြံရ ပြီးတော့ စည်ပင်သာယာဌာနရယ်၊ အုပ် ချုပ်ရေးမှူး၊ နဏဃ နဲ့ ကျွန်တော်တို့ဌာနတွေ ပူးပေါင်းပြီးတော့ဆောင်ရွက်တာ။ ဒီလမ်းကို လုပ်ဆောင်ဖို့အတွက်က ဘတ်ဂျက် ၅၁ သန်းချပေးထားတယ်။ ကျန်တဲ့လိုအပ်ချက်ကိုတော့ တာဝန်ရှိသူတွေ ဌာနတွေနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမယ်။ လက်ရှိကတော့ နမူနာအနေနဲ့ပဲ လုပ်ထားတာ။ အသေးစိတ်ဒီဇိုင်းကိုရေးဆွဲပြီး စည်ပင်ကိုတင်ပြီးတော့ ဆက်လက်ဆောင်ရွက်မှာ။ ၃ လကျော်အတွင်း အပြီးဆောင်ရွက်မယ်''ဟု ဦးဇော်ဝင်းနိုင်က ပြောသည်။
အဆိုပါ ပလက်ဖောင်းအောက်ရှိ ရေမြောင်းသည် ၅ ပေအနက်ရှိကာ နှစ်စဉ် နှစ်တိုင်းရေမြောင်းပိတ်ခြင်းကြောင့် ဆယ် ယူခြင်းများ မကြာခဏပြုလုပ်နေခဲ့ရပြီး အမှိုက်များပိတ်ဆို့မှုမရှိစေရေးအတွက် အမှိုက်စစ်၊ သဲစစ်စနစ် များထည့်သွင်းဆောင်ရွက်ခြင်းအပြင် အကောင်းဆုံးလမ်းဖြစ်စေရေးနှင့် မသန်စွမ်းများအသုံးပြုနိုင် ရေးအတွက်ပါလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့မြို့နယ်မှာက အပန်းဖြေဖို့ လမ်းလျှောက်ဖို့ အားကစားလုပ်ဖို့ နေရာကရှားတယ်။ အဲဒီအတွက် ဌာနဆိုင်ရာတွေ ရပ်မိရပ်ဖတွေနဲ့ ညှိနှိုင်းတော့ အများပြည်သူတွေ ရန်ကုန်ဆေးရုံကြီးက ပြည်သူတွေ စိတ်အပန်းဖြေလမ်းလျှောက် အားကစားပြုလုပ်နိုင်ဖို့ ဒီနေရာလေးကို ရွေးလိုက်တာ။ အဆင့်မြှင့်ခြင်း လုပ်ငန်းတွေပြုလုပ်ပြီးသွားရင် ရပ်မိရပ်ဖတွေနဲ့ညှိနှိုင်းပြီးတော့ တခြားလိုအပ်တာလေးတွေ ထပ်ဖြည့်သွားမယ်''ဟု လသာမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက ပြောသည်။
ဌာနဆိုင်ရာများပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး လျှပ်စစ်ဌာနမှ မြေအောက်ကြိုးအတွက်ပါ ပါဝင်ဆောင်ရွက်နိုင်ခြင်းကြောင့် ယခင်ကဲသို့ မြေအောက်ကြိုးများပြင်ဆင်ရာတွင် လမ်းဖျက်ရခြင်း များရှိမည်မဟုတ်ကြောင်းနှင့် မြောင်းအတွင် အမှိုက်ဆယ် ယူရေးလုပ်ငန်းသက်သာခြင်းအပြင် မိုး တွင်းရေကြီးရေလျှံမှုများကိုပါ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့မြို့နယ်မှာ ဒီလိုနေရာလေး ပေါ်ပေါက်အောင်ဆောင်ရွက်ပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်တယ်။ ဒီလိုလုပ်ပြီးသွားရင် ကလေးနဲ့သက်ကြီးရွယ်အိုတွေအတွက် ဘေးကင်းဖို့ ဘေးက အကာလေးပြုလုပ်ပေးစေချင်တယ်။ အကာမပါဘူးဆိုရင် ကလေးငယ်တွေနဲ့ အမြင်ဝါးတဲ့ သက်ကြီးရွယ်အို တွေအတွက် ကားလမ်းမကအန္တရာယ်တခုလို ဖြစ်နေတယ်''ဟု လသာမြို့နယ်မှ မြို့မိမြို့ဖတဦးဖြစ်သော ဦးနိုင်ကိုကိုက ပြောသည်။
Image may contain: plant and outdoor 
Image may contain: 4 people, people smiling, people standing and outdoor 
ကျော်ကျော်
(Zawgyi)
လသာမြို့နယ်တွင် လမ်းဘေးပလက်ဖောင်းကို သန်း ၈ဝ ကျော် အကုန်အကျခံ၍ ပြည်သူများ အပန်းဖြေနိုင်ရန် ပြုပြင်ဆောင်ရွက်နေ
------ ------ ------ ----- -----

ရန်ကုန်တိုင်းဒေသကြီး လသာမြို့နယ်တွင် အများပြည်သူအပန်းဖြေနေရာ ဖြစ်ပေါ်လာစေရေးအတွက် လူသွားစင်္ကြံ (ပလက်ဖောင်း)အား တိုးချဲ့ပြင်ဆင်ဆောင်ရွက်နေကြောင်း လသာမြို့နယ်မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က News Watch သို့ ပြောသည်။
အများပြည်သူအပန်းဖြေနေရာဖြစ်ပေါ်လာစေရေးအတွက် လသာမြို့နယ် အနော်ရထာလမ်း ရွှေတိဂုံဘုရားလမ်းနှင့် လမ်းမတော်လမ်းကြားအထိ ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါလမ်းဖြစ် မြောက်ရေးအတွက် ပလက်ဖောင်းအားအနည်းငယ်တိုးချဲ့ခဲ့ပြီး အားကစားလုပ်နိုင်သည့်နေရာများအပြင် ထိုင်ခုံများမီးအလှဆင်မှုများပါ ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်ကျစရိတ် ကျပ်သန်း ၈ဝ ကျော်ကုန်ကျနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

''အစကတော့ ရေမြောင်းဖုံးလုပ်ဖို့ပဲ စီစဉ်ထားတာနောက်တော့ ရန်ကုန်မြို့တွင်း မြို့နယ်မှာ အများပြည်သူလမ်းလျှောက်ဖို့ အပန်းဖြေဖို့ နေရာကရှားတော့ ဒီပလက် ဖောင်းကို အများပြည်သူတွေ အပန်းဖြေ နေရာ အားကစားလုပ်ဖို့အတွက် အကြံရ ပြီးတော့ စည်ပင်သာယာဌာနရယ်၊ အုပ် ချုပ်ရေးမှူး၊ နဏဃ နဲ့ ကျွန်တော်တို့ဌာနတွေ ပူးပေါင်းပြီးတော့ဆောင်ရွက်တာ။ ဒီလမ်းကို လုပ်ဆောင်ဖို့အတွက်က ဘတ်ဂျက် ၅၁ သန်းချပေးထားတယ်။ ကျန်တဲ့လိုအပ်ချက်ကိုတော့ တာဝန်ရှိသူတွေ ဌာနတွေနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမယ်။ လက်ရှိကတော့ နမူနာအနေနဲ့ပဲ လုပ်ထားတာ။ အသေးစိတ် ဒီဇိုင်းကိုရေးဆွဲပြီး စည်ပင်ကိုတင်ပြီးတော့ ဆက်လက်ဆောင်ရွက်မှာ။ ၃ လကျော်အတွင်း အပြီးဆောင်ရွက်မယ်''ဟု ဦးဇော်ဝင်းနိုင်က ပြောသည်။
အဆိုပါ ပလက်ဖောင်းအောက်ရှိ ရေမြောင်းသည် ၅ ပေအနက်ရှိကာ နှစ်စဉ် နှစ်တိုင်းရေမြောင်းပိတ်ခြင်းကြောင့် ဆယ် ယူခြင်းများ မကြာခဏပြုလုပ်နေခဲ့ရပြီး အမှိုက်များပိတ်ဆို့မှုမရှိစေရေးအတွက် အမှိုက်စစ်၊ သဲစစ်စနစ် များထည့်သွင်းဆောင်ရွက်ခြင်းအပြင် အကောင်းဆုံးလမ်းဖြစ်စေရေးနှင့် မသန်စွမ်းများအသုံးပြုနိုင် ရေးအတွက်ပါလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့မြို့နယ်မှာက အပန်းဖြေဖို့ လမ်းလျှောက်ဖို့ အားကစားလုပ်ဖို့ နေရာကရှားတယ်။ အဲဒီအတွက် ဌာနဆိုင်ရာတွေ ရပ်မိရပ်ဖတွေနဲ့ ညှိနှိုင်းတော့ အများပြည်သူတွေ ရန်ကုန်ဆေးရုံကြီးက ပြည်သူတွေ စိတ်အပန်းဖြေလမ်းလျှောက် အားကစားပြုလုပ်နိုင်ဖို့ ဒီနေရာလေးကို ရွေးလိုက်တာ။ အဆင့်မြှင့်ခြင်း လုပ်ငန်းတွေပြုလုပ်ပြီးသွားရင် ရပ်မိရပ်ဖတွေနဲ့ညှိနှိုင်းပြီးတော့ တခြားလိုအပ်တာလေးတွေ ထပ်ဖြည့်သွားမယ်''ဟု လသာမြို့နယ်အုပ်ချုပ်ရေးမှူးဦးမြင့်ထွန်းက ပြောသည်။
ဌာနဆိုင်ရာများပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်ပြီး လျှပ်စစ်ဌာနမှ မြေအောက်ကြိုးအတွက်ပါ ပါဝင်ဆောင်ရွက်နိုင်ခြင်းကြောင့် ယခင်ကဲသို့ မြေအောက်ကြိုးများပြင်ဆင်ရာတွင် လမ်းဖျက်ရခြင်း များရှိမည်မဟုတ်ကြောင်းနှင့် မြောင်းအတွင် အမှိုက်ဆယ် ယူရေးလုပ်ငန်းသက်သာခြင်းအပြင် မိုး တွင်းရေကြီးရေလျှံမှုများကိုပါ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့မြို့နယ်မှာ ဒီလိုနေရာလေး ပေါ်ပေါက်အောင်ဆောင်ရွက်ပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်တယ်။ ဒီလိုလုပ်ပြီးသွားရင် ကလေးနဲ့သက်ကြီးရွယ်အိုတွေအတွက် ဘေးကင်းဖို့ ဘေးက အကာလေးပြုလုပ်ပေးစေချင်တယ်။ အကာမပါဘူးဆိုရင် ကလေးငယ်တွေနဲ့ အမြင်ဝါးတဲ့ သက်ကြီးရွယ်အို တွေအတွက် ကားလမ်းမကအန္တရာယ်တခုလို ဖြစ်နေတယ်''ဟု လသာမြို့နယ်မှ မြို့မိမြို့ဖတဦးဖြစ်သော ဦးနိုင်ကိုကိုက ပြောသည်။
ကျော်ကျော်

No comments:

Post a Comment

My Blog List