Monday, November 18, 2019

မြေတစ်ကွက်ကို သိန်း၁၀၀ ဈေးလျှော့ရောင်းပေးမည်ဟုနေပြည်တော်စည်ပင်ကြေညာ လျှောက်လွှာ ဝယ်ယူစရာမလိုဘဲ online မှတဆင့်လျှောက်နိုင်


No photo description available.

နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဒက္ခိဏသီရိ မြို့နယ် အတွင်းရှိ မြေကွက်ပေါင်း ၁၉၇ ကွက်ကို ယခင်ပေါက်ဈေးများထပ် သိန်းတစ်ရာလျော့ရောင်းပေးမည်ဟု ကြေညာသည်။

ရောင်းချပေးမည့် မြေကွက်များမှာ ပေ ၈၀ ပတ်လည် ရှိပြီး၊ဈေးချရောင်းချပေးမှုကို ပထမဦးဆုံးအကြိမ်ပြုလုပ်ခြင်းဖြစ်ကာ ယခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့မှ ၃၀ရက်နေ့အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ မြေကွက်များမှာ ယခင်က ကျပ်သိန်း ၃၅၀ နှင့် ရောင်းချလျက်ရှိသည့် မြေကွက်များဖြစ်ပြီး ယခုအခါတွင် ကျပ်သိန်း ၂၅၀ ဖြင့်သာရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။
မြေကွက်တည်နေရာများနှင့် မြေကွက်များဝယ်ယူနိုင်မည့် လျှောက်လွှာများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ ၏ တရားဝင် Website ဖြစ်သည့်တွင် ဖော်ပြပေးထားသည်ကိုတွေ့ရသည်။
မြန်မာနိုင်ငံသားများကိုသာ ရောင်းချပေးမည်ဖြစ်သည့်အကြောင်းနှင့် တစ်ဦးလျှင် တစ်ကွက် သာရရှိမည်ဖြစ်ကာ နေအိမ်ဆောက်လုပ်ပြီးစီးချိန်တွင် နှစ် ၃၀ ဂရမ်ချပေးမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်က ပြောသည်။
မြေကွက်များရောင်းချပေးမှုကို မဲစနစ် ဖြင့်ရောင်းချပေးသွားမည်ဟုသိရကာ မဲနှိုက်မည့်ရက်အား နေပြည်တော်စည်ပင်သာယာရေး ကော်မတီ Website တွင် တစ်ပတ်ကြိုတင်၍ ကြေငြာပေးသွားမည်ဖြစ်ကြောင်းသိရသည်။
Myanmar Harp

No comments:

Post a Comment

My Blog List